Sunday, February 11, 2018

သီးနှံဘေးထွက်ပစ္စည်းများနှင့် ဓာတ်ဆွေးမြေ ပြုလုပ်ကြရအောင် fertilizer....

သီးနှံဘေးထွက်ပစ္စည်းများ ဖြစ်သောကောက်ရိုး၊Image result for organic fertilizer နှမ်းရိုး၊ ပဲရိုး၊ နေကြာရိုး၊ ပြောင်းရိုး၊ ပဲစင်းငုံရိုးများကို အထက်မြန်မာပြည် အချို့သော တိုင်းများတွင် များပြားစွာ စုပုံပြီး အလေအလွင့် သဘောမျိုး ထားရှိကြကြောင်း တွေ့ရှိရပါသည်။ ကောက်ရိုး၊ ပဲရိုး၊ ပဲစင်းငုံရိုးများကို နွားစာအဖြစ်လည်းကောင်း၊ လောင်စာထင်းအဖြစ်လည်းကောင်း ပြန်လည် အသုံးပြုလေ့ ရှိသော်လည်း နှမ်းရိုး၊ နေကြာရိုးများကိုမူ အလေအလွင့် သဘောမျိုး စုပုံထားလေ့ ရှိပါသည်။ Image result for organic fertilizerအထူးသဖြင့် နှမ်းရိုးနှင့် နွားစာအပြင် ပိုလျှံသော သီးနှံဘေးထွက်ပစ္စည်း အကျိုးအကြေများကို သီးနှံစိုက်မြေတွင် ထည့်သွင်းပေးခြင်းအားဖြင့်မြေတွင် ပိုတက်ဆီယမ်ဓာတ် ရရှိခြင်း သစ်ဆွေးဓာတ် ကြွယ်ဝလာ၍မြေသား အခြေအနေ တိုးတက်ကောင်းမွန်ကာ အပင်အတွက် အဓိက လိုအပ်သော အာဟာရဓာတ်များ ရရှိနိုင်ကြောင်းတွေ့ရှိရပါမည်။ တောင်သူလယ်သမားတိုင်း အလွယ်တကူ လုပ်ဆောင်နိုင်ပြီး ကုန်ကျစရိတ် သက်သာပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ သီးနှံဘေးထွက်ပစ္စည်းများ ရရှိနိုင်မည့်ဒေသတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သုံးစွဲနိုင်ပါသည်။
၁။ ပြုလုပ်နည်းImage result for organic fertilizer
 သီးနှံဘေးထွက်ပစ္စည်းများဖြစ်သော နှမ်းရိုးနှင့် နွားစာအပြင် ပိုလျှံသော ပဲရိုး၊ ကောက်ရိုး၊ နေကြာရိုး စသည်များကို နွားစာစဉ်းစက်ဖြင့် ၂-၃ လက်မ အရွယ်များ ပိုင်းဖြတ်ပါ။ ကျိုးကြေစေရန် အခြားသော နည်းလမ်း (ဥပမာ - နွား၊ ကျွဲတို့ဖြင့် နင်းချေပေးခြင်း၊ လမ်းများတွင် ခင်းပေးခြင်း) များဖြင့် ပြုလုပ်နိုင်ပါသည်။ မြေပြင်ချိန်တွင် ထယ်ထိုးထွန်မွှေပြီးမြေထဲ တိုက်ရိုက်ထည့်ပေး၍ဆွေးမြည့်ကြေပျက်စေရပါမည်။
၂။ သုံးစွဲမှု
သီးထပ် မစိုက်ပါက ပဲ၊ နွေစပါး၊ နှမ်းရိုးပြတ်များကိုမြေတွင်းသို့ ထယ်ထိုးထွန်မွှေ၍ ထည့်ပေးပါ၊ နွေစပါး သီးထပ်စိုက်ပါက စပါးတန်းကြား၌ နှမ်းရိုးများ ထည့်သွင်းပေးနိုင်ပါသည်။ နှမ်းရိုးများသည်ခြောက်သွေ့ ကြွပ်ဆတ်နေသဖြင့် ထည့်သွင်းရ လွယ်ကူပါသည်။ ကောက်ရိုးနှင့် ရိုးပြတ်များကို စပါးရိတ်သိမ်းပြီးအောက်တိုဘာ၊ နိုဝင်ဘာလတွင်မြေတွင်း ၄-၅ လက်မ အနက်တွင်းသို့ ထယ်ထိုးမြေမြုပ်ပေးရပါမည်။
၃။ ရရှိမည့် အကျိုးကျေးဇူး
နှမ်းရိုးကိုမြေတွင်းသို့ ထည့်သွင်းပေးခြင်းအားဖြင့် ပိုတက်စီယမ်များ ရရှိစေနိုင်မည်။ ကောက်ရိုးများကို လယ်မြေတွင်းသို့ ထယ်ထိုးထွန်မွှေ၍ ပြန်လည်ထည့်ပေးခြင်းအားဖြင့် ယင်းမြေသည် ကောက်ရိုးရှိ ကာဗွန် ၃၅.၅၅% အထိကြေပျက်စေပြီး အပင်မှ စားသုံးနိုင်စေခြင်း။ ကောက်ရိုးတွင် ပါဝင်သော ပိုတက်စီယမ်နှင့် ဖော့စ်ဖရပ်စ်ဓာတ်များကို အပင်မှပြန်လည် အသုံးပြုနိုင်ခြင်း။ မြေတွင်း သစ်ဆွေးဓာတ်ပါဝင်မှု တိုးတက်လာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။
ကိုးကား- မြေဆီလွှာအကျိုးပြု သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာအမျိုးမျိုး ပြုလုပ်သုံးစွဲနည်း

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...