Tuesday, February 27, 2018

ပန်ကန်းပြားပျံတစင်း ပုပ္ပါးသို့ အလည်ရောက် သတိပေးစကားMR

ကျနော့်မိတ်ဆွေ ကိုပုပ္ပါး (ခ) ကိုအောင်ကျော်ဦး Azure Popa ရဲ့ ခြံထဲမှာ ၁၁. ၇. ၂၀၁၆ ရက်နေ့ နေ့လည် ၁၂နာရီမှာ ကိုပုပ္ပါးက အပင်ပေါ်က ပိန်ညှင်းငှက်ကို ဓာတ်ပုံရိုက်ရင်း အမှတ်မထင် တွေ့ရှိတာကို မှတ်တမ်းတင်ထားတာပါ။ အရင်ကလဲ အဲ့ဒေသမှာ ကိုပုပ္ပါးက တွေ့ဖူးခဲ့ပါတယ်။ ပုပ္ပါးဟာ မြန်မာပြည် အလယ်ပိုင်းရဲ့ အိုအေစစ်ပါ။ ပုပ္ပါးတောင်မကြီးကို တည်မှီပြီး မြန်မာပြည်တောင်ပိုင်း အပြင် အီကွေတာဒေသမှ ငှက်မျိုးစိတ်များလဲ အပူရှောင်လိုသည့်အခါ လာရောက်တည်းခိုးကြသည့်အပြင် မြောက်ပိုင်းအပြင် တရုတ်တောင်ပိုင်းမှ ငှက်မျိုးစိတ်များလည်း အအေးရှောင်သည့်အခါ လာရောက် စတည်းချသည့်နေရာလည်းဖြစ်သည်။ သမပိုင်းဇုံ၊ အအေးပိုင်းဇုံ၊ အပူပိုင်းဇုံ စသည့် အရေးပါသော ဇုံသုံးခု ဆုံရာ ဒေသလည်းဖြစ်သည်။ ငှက်မျိုးစိတ်တို့ များစွာ စုံလင်သည့် နည်းတူ ဇုံသုံးခုလုံးတွင် ပေါက်ရောက်ရှင်သန်ကြသော ရုက္ခမျိုးစိတ် သတ္တမျိုးစိတ်များလည်း မှီခိုကျက်စားရာ ဒေသလည်းဖြစ်သည်။ ဒါကြောင့် ပုပ္ပါးဟာ အင်မတန်မှ ဇီဝမျိုးစိတ် အစုံလင်ဆုံးနေရာလို့ ပြောရင် မလွန်နိုင်ပါ။ ပုပ္ပါးတောင်အကြောင်း စပ်မိလို့ လေ့လာမိသမျှ ရေးသားလိုက်ရပါတယ်။ ပုပ္ပါးတောင်ဟာ Stratovalcano မီးတောင်အမျိုးအစားဖြစ်ပြီး ဒေသခံတွေက နှစ်သန်း ၄၀လောက်က ပေါက်ကွဲခဲ့တယ် ဆိုပေမယ့် သိပ္ပံပညာရှင် အချို့ကတော့ ဘီစီ (ခရစ်တော်မပေါ်မီ) ၄၄၂ မှာ နောက်ဆုံး ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ (Stephenson and Marshall, 1984) အမြင့်အားဖြင့် ၁၅၁၈မီတာ (၄၉၇၉ပေ) ရှိပြီး မီးတောင်ပေါက်ကွဲစဉ်က ထွက်ခဲ့တဲ့ ချော်စာတွေက ၃ ကုဗကီလိုမီတာလောက်ရှိပြီး မီးတောင်ပတ်လည် အကျယ်အားဖြင့် ၂၇ စတုရန်း ကီလိုမီတာ အကျယ်ဝန်းအထိ ပျံ့နှံ့ခဲ့ပါတယ်။ ဒီ ချော်စာတွေကပဲ မြေဆီသြဇာ ကောင်းမွန်စေခဲ့ပြီး ရုက္ခမျိုးစိတ်တို့ များစွာဖြစ်ထွန်းခဲ့ရာမှ ပန်းပေါင်းစုံပွင့်လန်းခဲ့ပါတယ်။ ဒါကြောင့် ပန်းပေါင်းစုံပေါက်ရောက်သော တောင်လို့ ဒေသက အစွဲပြု ခေါ်ဝေါ်ခဲ့ပါတယ်။ ပါဠိလို ပန်းကို ပုပ္ဖ လို့ခေါ်ပြီး စကားရွေ့လျောရာမှ ပုပ္ဖ ... ပုပ္ပါးလို့ရယ် ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ မီးတောင်ဝက တောင်မကြီးထိပ်မှာ ရှိပြီး အချင်းတမိုင်ကျယ်ပြန့်ပါတယ်။ တောင်ကလပ်လို့ ကျနော်တို့ သိတဲ့ ပုပ္ပါတောင်ကတော့ ၆၅၇ မီတာ (၂၁၅၆ပေ) မြင့်ပါတယ်။ ပုပ္ပါးတောင်ဟာ မီးငြိမ်းတောင်မဟုတ်ပါဘူး။ မီးတောင်အရှင်လဲ မဟုတ်ပါဘူး။ အတိအကျတော့ ဘူမိပညာရှင်တွေမှပဲ သိမှာပါ။ တကယ်တော့ မြန်မာပြည်ရဲ့ တောင်ဘက်ခြမ်းဟာ Indian Tectonic Plate ရဲ့ အစိတ်အပိုင်း ဖြစ်ပြီး အထက်ပိုင်း အရှေ့ပိုင်းကတော့ Asian Tectonic Plate ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ နှစ်သန်းပေါင်းများစွာက ဒီ Tectonic Plate (ကမ္ဘာ့ကျောက်ချပ်လွှာကြီးတွေ ၀င်တိုက်မိရာက Himalayan Ranges ( ဟိမ၀န္တာ တောင်တန်းကြီးရယ်) လို့ ဖြစ်ပေါ်လာတာပါ။ ဒီ ကမ္ဘာ့ကျောက်ချပ်လွှာ နှစ်ခု အစပ်တွေဟာ မြန်မာပြည်ရဲ့ စစ်ကိုင်း၊ ပုဂံ၊ ပဲခူး စတဲ့နေရာတွေမှာဖြစ်ပြီး ငလျင်ကြောအနေနဲ့ ဆယ်စုနှစ် အနည်းငယ်ကြာတိုင်း ကြီးမားတဲ့ လှုပ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ မြန်မာပြည်ဟာ သစ်တော သယံဇာဝ ဆုံးရှုံးမှု၊ ဇီဝမျိုးကွဲစုံလင်မှုဆိုင်ရာ နည်းပါးလာမှု၊ စတဲ့ လူတွေရဲ့ မဆင်မခြင်ပြုလုပ်မှု၊ လောဘ၊ ဒေါသ၊ မောဟမီးတွေကြောင့် ရာသီဥတု ကပ်ဘေးမျာစွားနဲ့ ဒီဆယ်စုနှစ်အတွင်းမှာပဲ များစွာသင့်ခဲ့ပါပြီ။ မြန်မာပြည်ရဲ့ ပင်မ ဗဟိုလည်းဖြစ်၊ သမပိုင်းဇုံ အပူပိုင်းဇုံ အအေးပိုင်းဇုံကဲ့သို့ ရာသီဥတုဇုံများလည်းရှိရာ၊ ဇီဝမျိုးကွဲစုံလင်မှု အများဆုံးလည်းဖြစ်ရာ၊ အလယ်ပိုင်း အပူပိုင်းဇုံ၏ တခုတည်းသော အိုအေစစ်လည်းဖြစ်ရာ၊ ကျောက်ချပ်လွှာစပ်ကြား ပုဂံငလျင်ကြောနှင့် နီးကပ်နေသော မီးတောင်ဟောင်းတခုလည်း ဖြစ်ရာ၊ ဤ ဂန္တ၀င် ဒေသကိုကား ကျနော်တို့ အလေးထား တန်းဖိုးထားဖို့လိုကြောင်း ကမ္ဘာ့ပြင်ပက ကျနော်တို့ထက် သိပ္ပံနည်း အဆင့်တန်းမြင့်သော ဂြိုလ်သားများမှ သတင်းစကား ပုံရိပ်တို့ လာရောက်ပေးနေသလောဟု ထင်မြင်မိရင်း ဤဆောင်းပါးကို ရေးသားလိုက်ရပါတယ်။အမှားယွင်းများရှိက သက်ဆိုင်ရာပညာရှင်များက ဂရုဏာရှေ့ထားပြောကြားပေးစေလိုပါတယ်။ ခင်မင်တဲ့ ကိုဝေအောင် ၁၃ သြဂုတ် ၂၀၁၆Image may contain: sky, tree, plant, outdoor and natureImage may contain: plant, tree, sky, outdoor and nature

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...