
အပင် အပေါ်ပိုင်း အရွက်များမှ အလင်းဖြင့် အစာချက်ရာမှ ရရှိလာတဲ့ အစာတွေက အပင်တပင်လုံး လိုတဲ့နေရာ တနည်းအားဖြင့် အရွက်ဖျားမှ အမြစ်များဆီသို့ ဆင်းကာ အစာကြောမှတဆင့် ပို့ဆောင်ပေးပါတယ်။
အစာကြောက အပေါ်မှ အောက်သို့၊ ရေကြောက အောက်မှ အပေါ်သို့ဆိုပြီး အကြမ်းဖျဉ်းမှတ်နိုင်ပါတယ်။
အပင်ရဲ့ အခေါက်အောက်က အစာကြောအလွှာတချို့ကို ဓါးထစ်ခြင်း၊ ဒါဏ်ရာအနာတရ ဖြစ်အောင်လုပ်ပေးခြင်းဖြင့် အရွက်မှ အလင်းဖြင့် အစာချက်ထားသော အစာဓာတ် ကာဗိုဟိုက်ဒရိတ်များဟာ အပင်အောက်ပိုင်းသို့ ပို့ဆောင်ပေးမှု နဲသွားပြီး အပင်အပေါ်ပိုင်းမှာ အစာအာဟာရဓာတ်များ စုပြုံစေပါတယ်။ ဒီတော့ နှစ်ရှည်ပင်တွေမှာ အပွင့်ပွင့်ခါးနီး ထိုသို့ လုပ်ပေးခြင်းဖြင့် အစာအာဟာရဓာတ်များက အပင်အပေါ်ပိုင်းမှာ ပိုမိုစုပြုံရှိနေခြင်းကြောင့် အသီးပိုတင်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ သရက်၊ ပိန္နဲ၊ အပြင်၊ ပန်းသီး၊ လိမ္မော်သီးများကိုလဲ ထိုသို့ ပြုလုပ်နိုင်ပါတယ်။
ကိုးကား - ဦးဖရက်သိန်းဖေ
No comments:
Post a Comment