Thursday, March 8, 2018

ငွေနှင်းမှိုစိုက်ပျိုးရေးနှင်. ငွေနှင်းမှိုစိုက်ထုပ်အား စီးပွားဖြစ်တွက်နည်း...

#ငွေနှင်းမှိုစိုက်ပျိုးရေးမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကတော့ လွှစာမှုန့်၊ ထုံးမှုန့်၊ ဖွဲနု၊ ဘားပလက်၊ ဆားခါး၊ ထန်းလျက် Glucose မှုန့်၊ ပဲဖတ်၊ ဒါမှမဟုတ်ရင် နှမ်းဖတ်၊ ရေ၊ မျိုးစေ့၊ လောင်စာ၊ ပလတ်စတစ် လည်ပင်းခေါင်း၊ ပလတ်စတစ်အိပ်၊ သတင်းစာအဟောင်း၊ သာရေကွင်း၊ ၀ါဂွမ်းစ၊ ပလတ်စတစ်ကြိုး၊ လုပ်အား၊ မှိုအိမ်နဲ့၊ ပန်းအိုးတို့ဘဲ လိုအပ်တာ ဖြစ်ပါတယ်။ #ငွေနှင်းမှို မှိုမျိုးထုတ် ၁၅၀ အတွက် စိုက်ပျိုး မယ်ဆိုလို့ရှိရှင်တော့ ပါဝင်တဲ့ပစ္စည်းတွေကို အခုလို စနစ်တကျ ရောစပ်ရပါမယ်။ #ပဲဖတ် ဒါမှမဟုတ်ရင် နမ်းဖတ်၊ ၂ပြည် ၃ပြည်ကို ထန်းလျက် ၃၅ ကျပ်သား၊ ဘားပလတ် ၃၅ လုံးနဲ့ ရေ ၈ နာရီကြာအောင် စိမ်ပေးရပါတယ်။ #လွှစာမှုန့်တစ်တင်းခွဲအိပ် ငါးလုံးကို အတုံးအခဲ အမှိုက်သရိုက်များ မပါအောင် သန့်စင်ပေးရမှာပါ။ ထုံး ၁ ပြည်၊ ဖွဲနု ၇ ပြည်ကို လွှစာမှုန့်နဲ့ ဖြန့်ကြဲပြီး ရောသမအောင် မွှေပေးရပါ တယ်။ #(၈) နာရီကြာ ရေစိမ်ထားတဲ့ ပဲဖတ်၊ ဘားပလက်၊ ထန်းလျက်တို့ကိုလည်း လွှစာမှုန့်ထဲ ထည့်ပြီး မွှေပေးရပါတယ်။ လွှစာမှုန့်ထဲကို Glucose ၃၀၀ ဂရမ်၊ ဆားခါး တစ်ဗူးကိုလည်း တစ်ဆင့်ပြီး တစ်ဆင့် ရောစပ်ပြီး မွှေပေးရပါတယ်။ #ရေ ၁၅ ဂါလံကိုတော့ ရောစပ်မွှေတဲ့အခါမှာ အဆင့်ဆင့် မျှတအောင် ဖြန်းပေးရပါတယ်။ အားလုံး ရောသမအောင် မွှေပြီးပြီဆိုရင်တော့ ၈ လက်မ ၁၂ လက်မ အရွယ်ရှိတဲ့ ပလတ်စတစ်အိပ်ထဲကို လက်ငါးဆုပ်ခန့် ထည့်ပြီး ဖန်ပုလင်းနဲ့ စနစ်တကျ ထုထောင်းပေးရပါတယ်။ #အခုလိုထုထောင်းပေးရတာဟာ မာကျောကျစ်လစ်အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။ အထုတ်တစ်ထုတ်ကိုတော့ ၁ ကီလိုဂရမ်ရှိရပါမယ်။ မာကျောကျစ်လစ်နေတဲ့အိပ်ကိုတော့ ပလပ်စတစ် ခေါင်းစွပ်ပြီး သရေကွင်းနဲ့ တင်းနေအောင် ချည်နှောင်ပေးရပါတယ်။ ပလပ်စတစ်ခေါင်းထဲကိုတော့ ဂွမ်းစပြည့်အောင် ထည့်ပေးထားရပါမယ်။ #အဲ့ဒီနောက် မီးမွှေးထားတဲ့ ပေါင်းအိုးကို ရေချိန် စထည့်ပြီးတော့ ထုထောင်းထားတဲ့ ပလပ်စတစ်အိပ် တစ်ထပ်ကို ၁၄ ထုပ်ခန့် အစေ့ငါးစေ့ အထုပ် ၇၀ ကို ၅ နာရီကြာအထိ အပူပေးရပါတယ်။ #အပူပေးတဲ့အချိန်မှာ အပူချိန်ကတော့ ၂၀၀ ဒီဂရီစင်တီဂရိတ်ကနေ ၃၀၀ ဒီဂရီအထိ ရှိရမှာဖြစ်ပါတယ်။ ပေါင်းပြီးသား အထုပ်တွေကိုတော့ ၆ နာရီမှ ၈ နာရီအထိ အအေးခံပေးရမှာပါ။ အအေးခံပြီးသားအထုတ်တွေထဲက ဂွမ်းစတွေကို ဖယ်ထုတ်ပေးရပါမယ်။ အဲဒီနောက်မှာတော့ ပလပ်စတစ်ခေါင်းထဲကို မှိုမျိုးအပြည့်ထည့်ပြီးတော့ သတင်းစာစက္ကူနဲ့ လုံအောင် ပိတ်ပေးရပါတယ်။ #သတင်းစာစက္ကူနဲ့လုံအောင်ပိတ်ထားတဲ့ မှိုမျိုးအထုပ်တွေကိုတော့ ၂၅ ရက်က နေ ရက် ၃၀ အထိ မျိုးခံထားပေးရမှာ ဖြစ်ပါတယ်။ မျိုးခံထားတဲ့ အခန်းကတော့ နေရောင်ခြည်နဲ့ လေကို တိုက်ရိုက်မထိတွေ့စေတဲ့အပြင် အနည်းအငယ်မှောင်နေတဲ့နေရာမှာ ထားရမှာဖြစ်ပါတယ်။ #(၂၅) ရက်ကနေ ရက် (၃၀) အကြာမှာတော့ မှိုမျိုးထုတ်တွေဟာ အဖြူရောင်အဖြစ်ပြောင်းလဲလာမှာပါ။ အဲ့ဒီအခါမှာ ပလပ်စတစ်ခေါင်းတွေကို ဖြုတ်ပြီး အလုံပြန်ချည်ထားပါ။ မှိုမျိုးထုပ်တွေကို ခွဲကြောင်း လေးကြောင်းခန့်ပေးပြီး ခွဲပြီးသား အထုပ်တွေကို ၅ ရက်ခန့် မြေကြီးပေါ်မှာ ထားပြီး မြေဓာတ်ကို ယူပေးရမှာပါ။ ပြီးရင်တော့ ကြိုးဖြင့် ချိတ်ဆွဲနိုင်ပါတယ်။ ကြိုးဖြင့်ချိတ်ဆွဲပြီး ၇ ရက်က ၁၂ ရက် ကြာတဲ့အချိန်မှာ မှိုကိုစတင် ခူးဆွပ်နိုင်မှာ ဖြစ်ပါတယ်။ #သတိထားရမယ့်အချက်တွေကတော့ မှိုမျိုးထုပ်ကို မျိုးခံတဲ့အချိန်ကစပြီးတော့ နောက်ဆုံးခူးတဲ့ အချိန်အထိ နေ့စဉ်ပုံမှန် တစ်ကြိမ်လောက် စစ်ဆေးပေးရမှာပါ။ မြွှေ၊ ချ၊ ပုရွတ်ဆိတ်၊ ကြွက်၊ လောက်ကောင်များမကျအောင် သတိထားပေးရမှာပါ။ #သတ်မှတ်အပူချိန် ၂၅ ဒီဂရီနှင့် ၃၅ ဒီဂရီ ထားရှိရမှာ ဖြစ်ပါတယ်။ မျိုးကျမကျ မျိုးတို့အတွင်းမှာ ရေ၀ပ်ခြင်း ရှိမရှိ လိုအပ်သလိုရေသွင်းခြင်း၊ ရေဖြန်းခြင်းကိုလည်း ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ငွေနှင်းမှိုကိုကြတော့ နေရာနည်းနည်းလေးမှာ အများအားဖြင့်စိုက်လို့ရပါတယ်။ တစ်ခြားမှိုတွေကျတော့ နေရာအများကြီးလိုအပ်တယ်။ ငွေနှင်းမှို ကျတော့ ၁၀ ပေပတ်လည်ရှိတာနဲ့ မှိုအမျိုးပေါင်းတစ်ထောင်လောက်စိုက်လို့ရပါတယ်။ #ဒီငွေနှင်းမှိုကျတော့ တစ်ခါ စိုက်ပြီးပြီဆိုရင် အနည်းဆုံးသုံးလလောက် အေးအေးဆေးဆေး ခူးရောင်းရုံနဲ့ရတယ်။ မှိုအိမ်စဆောက်တဲ့အချိန်မှာကျတော့ ကြည့်လိုက်ရင်တော့ သာမာန်ရိုးရိုးပါ။ အဓိက မှိုစိုက်တဲ့ အချိန်မှာ ထွက်လာတဲ့နေကို တိုက်ရိုက်မဆောက်ပဲနဲ့ ဘေးစောင်းလေးတောင်နဲ့ မြောက်ကို ဆောက်လိုက်ပါ.နေရောင်ခြည်ကို နေထွက်တဲ့အချိန်ကို တိုက်ရိုက်ယူလို့ မရဘူး။ #ဒါပေမဲ့ အဲ့ဒီနေရောင်ခြည်ယူမယ်ဆိုရင် အဲ့ဒီနေရောင်ခြည်ရဲ့ပြောင်းပြန်ပေါ့နော်။ နေထွက်တဲ့ အချိန်မှာ ပြတင်းပေါက်မဖွင့်ဘဲနဲ့ နောက်တစ်ဖက် နေပြီးတော့ ပြတင်းပေါက်ဖွင့်ရတယ်။ တစ်နေ့မှာက အနည်းဆုံးနေရောင်ခြည်ကို နှစ်နာရီယူပေးရတယ်။ နွေရာသီမှာဆိုတော့ မယူဘူးပေါ့နော်။ #ဒါပေမယ့် ဆောင်းရာသီနဲ့ မိုးရာသီမှာ နေရောင်ခြည်ကို တိုက်ရိုက်နေရောင်ခြည် မဟုတ်ဘဲနဲ့ တစ်ဆင့်ခံနေရောင်ခြည် ယူရတာပေါ့။ အဲဒါလည်းသိဖို့လိုတယ်။ နောက်တစ်ခု မြေနေရာဒေသအရ တစ်ချို့က နွေရာသီမှာဆို ဘာလုပ်ရလဲဆိုလျှင် တစ်အားအပူရှိန်ပြင်းတယ်။ အဲဒီအချိန်မှာ ရေသွင်းပေးရတယ်။ ရေးသွင်းတယ်ဆိုတာက အပူရှိန် ကိုထိန်းတာပေါ့နော်။ တစ်ချို့မြေတွေကကျတော့ အဆင်မပြေဘူးဆိုရင် ရေကမနေဘူးဆိုတော့ အဲလိုမြေအမျိုးအစားတွေလည်း ရွေးဖို့လိုတယ်။ #ဒုတိယအကြိမ် ထွက်ဖို့က ရေအထိန်းအသိမ်းနဲ့ အပူချိန်ညှိတတ်ဖို့လိုတယ်။ မှိုမျှင်အနေအထား ခန့်မှန်းတတ်ရမယ်.. ရေဖိလောင်းထားလို့ အထုပ်တွေ ရေများနေလား ၊ ရေနဲလို့ အထုပ်ထဲက ရေဓာတ်လျော့ပြီး အပွင့်ဘက်အားပေးဖို့ မှိုမျှင်အားလျော့ နေလား စစ်ဆေးကြည့်ရမယ်... ရေအင့်နေတယ် ၊ များနေတယ်ဆိုရင် ရေဖြတ်နဲနေတယ်ဆိုရင် ရေအဝပို့ပေးမှ ပုံမှန်ပြန်လိုက်ပါမယ်။ နောက်တကြိမ် ထွက်လာပါလိမ့်မယ်။ အအေးပိုင်းဒေသမို့ ၁၆°C အထိ ကျနေပြီဆိုရင်တော့ အထွက်ကာလ ကြာပါလိမ့်မယ်။ (ပုံတွေက google မှယူသုံးပါသည်။) Lu Gyan Gyi ငွနှင်းမှိုစိုက်ထုပ်အား စီးပွားဖြစ်တွက်နည်း... #အချို့ဂရုများတွင် ငွေနှင်းမှိုစိုက်ထုပ်များအား လွဲမှားနေသော အထွက်နှုန်းတွက်ချက်မှုများဖြင့် ပြောဆိုရောင်းချ နေကြောင်း တွေ့ရှိရပါသဖြင့် ဤပိုစ့်ကို ရေးသားတင်ပြ အပ်ပါသည်။ (ယခုပိုစ့်တွင် လိုအပ်ချက်များရှိပါက ဖြည့်စွက်ပေးကြပါရန်) #မှိုစိုက်ထုပ်တစ်ထုပ်မှ မှိုအပွင့်သည် မှိုထုပ်အလေးချိန်၏ (35% - 60%)အထိ ထွက်ရှိနိုင်ပါမည်။ (စိုက်သူ၏ ပြုစုမှုအပေါ်တွင် အထွက်နှုန်း နည်း/များ ကွာခြားနိုင်ပါမည်) #နိုင်ငံခြားစိုက်ခင်းများတွင် (4-11)ကြိမ်ထိ ခူးဆွတ်ရကြောင်း တွေ့ရှိရပါမည်။ (သုံးစွဲသောကုန်ကြမ်း ကွာခြားပါသည်) #(50)ကျပ်သားအလေးချိန်ရှိ စိုက်ထုပ်တစ်ထုပ်မှ မှိုပွင့်ထွက်နှုန်းသည် (15)ကျပ်ခွဲသားမှ အမြင့်ဆုံး (30)သားအထိသာ ထွက်ရှိနိုင်ပါမည်။ #ခူးဆွတ်ကာလမှာ (2-3)လ ဝန်းကျင်ဖြစ်ပေရာ မှိုစိုက်ထုပ်တစ်ထုပ် အကြမ်းဖျဉ်းတွက်လျှင် * မှိုတစ်ထုပ် (400) ကျပ် * ထွက်ရှိကုန်ချိန် (30)သား * ခူးဆွတ်ကာလ (3)လ * တပိသာဈေး (2000) ကျပ် * တစ်ထုပ်မှအမြတ် (200)ကျပ် #(30)ဆယ်သားထွက်မှ တစ်ထုပ်(200)ကျပ်သာ ကျန်ပါမည်။ ကာလမှာ(2-3)လ ဝန်းကျင်ဖြစ်ပါသည်။ (ရုံစရိတ် အလုပ်သမားစရိတ် စသည့်စရိတ်များ နှုတ်လိုက်လျှင် (100)ကျပ် ဝန်းကျင်သာ တွက်လို့ရပါမည်။ #ထို့ကြောင့် စီးပွားဖြစ်စိုက်မည်ဆိုလျှင် စိုက်ထုပ်ပေါင်း (1)သောင်းဝန်းကျင်ထည့်ထားမှ တစ်ရက် (10-20)ပိသာ ဝန်းကျင်ထွက်ရှိနိုင်ပါမည်။ #စိုက်ပျိုးသူ၏ ကျွမ်းကျင်မှုအများကြီးလိုပါသည်။ စိုက်ထုပ်ဝယ်လိုက်ကွာ ရေလေးပုံမှန်လောင်းပေး အဲ့လောက်အသိနဲ့လုပ်မယ်ဆိုလျှင် ရှုံးမှာပါ။ (လက်ရှိ ညည်းတွားသံများကြားနေရ၏) #ဒီကြားထဲ ဈေးနှုန်းကြီးမြင့်သော အားဆေးများ သုံးစွဲစိုက်ပျိုးနေသူများလည်းရှိနေပါသေးသည်။ ထိုသူများ တွက်ခြေကိုက်/မကိုက် စာရင်းချုပ်ကြည့်သင့်ပါသည်။ #ငွေနှင်းမှိုသည် ပြည်တွင်းဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးသော မှိုတစ်မျိုးဖြစ်ရာ အစိမ်းဈေးကွက်ကို စုပြုံတိုးပြီးရောင်းချမှုများကြောင့် ဈေးကွက်အတွင်း ထိမ်းချုပ်ကန့်သတ်မှုများ ရှိနေပါသည်။ #သို့ဖြစ်ပါ၍ (1) စားသုံးသူလက်ထဲ တိုက်ရိုက်ရောင်းချမှာလား ? (2) စားသောက်ဆိုင်တွေကို တိုက်ရိုက်လိုက်ပို့မှာလား ? (3) အဆင့်မြင့်ထုတ်ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချမှာလား ? စသည့် အချက်များထည့်သွင်း စဉ်းစားကြရပါမည်။ #ကျွန်တော်အနေဖြင့် နံပါတ်စဉ်(3)သည် ထွက်ပေါက်တစ်ခုဖြစ်မယ်လို့ တွက်မိပါသည်။ မြို့နယ် ဒေသတစ်ခုမှာ မှိုစိုက်ပျိုးရေး ဝါသနာပါသူ ငွေကြေးအင်အားတောင့်တင်းသူ တစ်ယောက် (သို့) အဖွဲ့မှ အကောင်အထည်ဖော်လျှင် အောင်မြင်မည်ဟု ယုံကြည်ပါသည်။ #မိမိအနားဝန်းကျင်မှ မှိုစိုက်သူများလည်း အဆင်ပြေ မိမိလည်းအဆင်ပြေသော နည်းလမ်းတစ်ခု ဖြစ်ပါမည်။ ထုတ်ကုန်ပစ္စည်းအတွက် လိုအပ်သောစနစ်များကို အသိပညာရှင် အတတ်ပညာရှင်များထံ မေးသူကမေး လက်တွေ့ဆောင်ရွက်ရန် အခက်အခဲရှိသူတွေကလည်း စိတ်ကူးလေးတွေ မျှဝေပေးလို့ စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်မည်ဆိုလျှင် အောင်မြင်နိုင်ပါမည်။ #စိုက်ထုပ်ရောင်းသူများအနေဖြင့်လည်း မိမိစိုက်ထုပ်ရောင်းရရေးကိုသာ အဓိကမထားပဲ သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ (ပြုစုထိန်းသိမ်းနည်း စာရွက်တွေပါ ဖြန့်ဝေပေးနိုင်လျှင် ပိုမိုကောင်းမွန်ပါမည်) #မိမိကိုယ်တိုင် မှိုစိုက်ထုပ်လုပ်မည်ဆိုလျှင် အစိုးရအသိအမှတ်ပြု ကိုးမိုင် မှိုဌာန နှင့် ဆယ်မိုင် ပဲခူး ။ အခြားပုဂ္ဂလိက လုပ်ငန်းရှင်များ ဖွင့်လှစ်သည့် သင်တန်းများတွင်လည်း လေ့လာနိုင်ပါမည်။

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...