Saturday, March 3, 2018

ဖာလူဒါအိုးကြီးဖျော်နည်း (အလှူဖျော်နည်း) (၁၅၀-၂၀၀စာ)...

အခုဖျော်နည်းလေးကတော့ အိစံတို့ စတုဒီသာကျွေးရင်ဖျော်တဲ့နည်းလေးပါ။ တခွက်ချင်းဖျော်နည်းမှာပါတဲ့ မလိုင်ဖတ်ကိုတော့ ထည့်မထားပါဘူး။ ဖာလူဒါကလဲ မန္တလေးက ဖာလူဒါအများစုဆိုရင် အုန်းသီးခြစ်ဖတ်ထည့်တယ်၊ မုန့်လက်ဆောင်းဖတ်မပါဘူးပေါ့နော်။ ရန်ကုန်ကဖာလူဒါအများစုကတော့ အုန်းသီးဖတ်မပါဘူး၊ မုန့်လက်ဆောင်းဖတ်ပါတယ်ပေါ့နော်။ အခုရေးပေးမှာကတော့ မုန့်လက်ဆောင်းဖတ်ကော၊ အုန်းသီးခြစ်ဖတ်ကောထည့်ထားပါတယ်။ အလှူအတွက်ပဲဖြစ်ဖြစ်၊ မွေးနေ့ပွဲဖြစ်ဖြစ်၊ party မှာပဲဖြစ်ဖြစ် အဆင်ပြေစေမည့်နည်းလေးပါ။ အားလုံးအဆင်ပြေမယ်လို့လဲမျှော်လင့်ပါတယ်။ ဖျော်ကြည့်ရအောင်နော်။ ပါဝင်သောပစ္စည်းများ ၁။ အဆီမထုတ်ရသေးသောကျက်ပြီးသား နွားနို့ (whole milk)- ၁၀ ဂါလံ ၂။ နို့စိမ်း (evaporated milk) - ၁၂ ဗူး ၃။ မုန့်လက်ဆောင်းဖတ် - ၁ ပိဿာ (သို့) ၄ ပေါင် (သို့) ၁ ကီလိုဂရမ် ၄။ ယိုးဒယား အနီရောင်သာကူစေ့ (red color tapioca) ၄၀၀ ဂရမ်အထုပ် - ၄ ထုပ် ၅။ ပင်ပွား (basil seeds)- ထမင်းစားဇွန်း ၃ ဇွန်း ၆။ ဂျုံပူတင်း - ဘန်းအကြီး ၂ ဘန်း (ပူတင်းပုံမှာ ပြုလုပ်နည်းနှင့်လိုအပ်သောပစ္စည်းများကိုရေးထားပါတယ်။) ၇။ ဆေးကုလားမ - လက်တဆုပ်စာ ၈။ အုန်းသီးခြစ်ဖတ် (shredded coconut)- ၅၀ သားခန့် (အုန်းသီး ၂ လုံးစာ) ၉။ ကျောက်ကျောထုပ် (၂၅ဂရမ်အထုပ်)(agar agar) - ၉ ထုပ် ၁၀။ သကြား - ၁၇ ခွက် (ကျောက်ကျောအတွက်+အချိုရည်အတွက်) ၁၁။ အုန်းနို့ ၄၀၀ml ဗူး (coconut milk) - ၃ ဗူး = ၁၂၀၀ ml ၁၂။ ဗင်နီလာ ရေခဲမုန့် (vanilla ice cream)- ၄ ဂါလံ ၁၃။ နှင်းဆီအနံ့အချိုရည် - ၁ ပုလင်း (album မှာပုံပြထားပါတယ်။) ၁၄။ နှင်းဆီအနံ့အရည် (rose flavor) - ၁ ပုလင်း (တချို့ပုလင်းတွေက အနံ့ကော အရောင်ကောပါပြီးသားရှိပါတယ်။ အဲ့တာမျိုးဆိုရင် တပုလင်းပဲလိုပါတယ်။ တကယ်လို့ အနံ့က အကြည်ရည်သတ်သတ်ဆိုရင် အရောင်အတွက် rose pink color ပုလင်း ၁ ပုလင်းလိုပါတယ်။) ၁၅။ ရေခဲ - ၁ ဂါလံကို အတုံးကြီးကြီးခဲထားပါ။ ၁၆။ ကျောက်ကျောအတွက် အနီရောင်ဆိုးဆေးအရည်၊ အစိမ်းရောင်ဆိုးဆေးအရည် နှင့်ဆွမ်းမွှေးအနံ့အရည်(pandan flavor) (သို့) ဆွမ်းမွှေးရွက် ပြုလုပ်နည်း ၁။ ပထမဆုံး သကြားရည်အရင်လုပ်ရအောင်။ သကြားရည်အတွက် သကြား ၈ ခွက်၊ ရေ ၄ ခွက်ကို မီးဖိုပေါ်တင်၊ သကြားတွေအရည်ပျော်သွားလျှင် မီးဖိုပေါ်မှချရ်ျ အအေးခံထားပါ။ (သကြားရည်ပြုလုပ်နည်းမှာ သကြား ၂ဆ ရေ ၁ ဆဖြစ်သည်။) အချိုကြိုက်လျှင် သကြားရည်ကိုပိုလုပ်ထားပါ။ ၂။ ကျောက်ကျောကိုတော့ အိစံက ၃ မျိုးလောက်တော့ လုပ်စေချင်ပါတယ်။ အနီရောင်ကတော့ အဓိကတမျိုး၊ ပြီးရင် ဆွမ်းမွှေးအနံ့အတွက်တမျိုး နှင့်အုန်းနို့ကျောက်ကျော တမျိုးပါ။ - အုန်းနို့ကျောက်ကျောအတွက်က အုန်းနို့ ၃ ဗူး နှင့်ရေ ၃ လီတာကို မီးဖိုပေါ်မှာပွက်အောင်တည်၊ သကြား ၃ ခွက် နှင့် ကျောက်ကျောမှုန့် ၃ ထုပ်ကို သမအောင်လုပ်ထားပါ။ အရည်များပွက်လာလျှင် သမအောင်လုပ်ထားသော ကျောက်ကျောမှုန့်နှင့် သကြားကိုထည့်ပါ။ နောက်တခါပွက်လာလျှင် ၅ မိနစ်လောက်မီးဖိုပေါ်မှာထားပြီးလျှင် မီးဖိုပေါ်မှချပါ။ ထို့နောက်ဘန်းထဲထည့်ရ်ျ အအေးခံပါ။ - အနီရောင်ကျောက်ကျောအတွက် ရေ ၄ လီတာခွဲ ထဲကိုအနီရောင်ဆိုးဆေး ၁၀ စက်လောက်ထည့် ပြီး မီးဖိုပေါ်မှာပွက်အောင်တည်၊ သကြား ၃ ခွက် နှင့် ကျောက်ကျောမှုန့် ၃ ထုပ်ကို သမအောင်လုပ်ထားပါ။ အရည်များပွက်လာလျှင် သမအောင်လုပ်ထားသော ကျောက်ကျောမှုန့်နှင့် သကြားကိုထည့်ပါ။ နောက်တခါပွက်လာလျှင် ၅ မိနစ်လောက်မီးဖိုပေါ်မှာထားပြီးလျှင် မီးဖိုပေါ်မှချပါ။ ထို့နောက်ဘန်းထဲထည့်ရ်ျ အအေးခံပါ။ - အစိမ်းရောင်ဆွမ်းမွှေးအတွက် ဆွမ်းမွှေးအရွက်ဖြင့်လုပ်မည်ဆိုလျှင် ဆွမ်းမွှေးအရွက် ၅ ရွက်နှင့်ရေ ၄ လီတာခွဲ (အနံ့အရည်ဖြင့်လုပ်မည်ဆိုလျှင် ဆွမ်းမွှေးအနံ့အရည် လက်ဖက်ရည်ဇွန်း ၄ ပုံတပုံနှင့် ရေ၄ လီတာခွဲ)ကို မီးဖိုပေါ်မှာပွက်အောင်တည်၊ သကြား ၃ ခွက် နှင့် ကျောက်ကျောမှုန့် ၃ ထုပ်ကို သမအောင်လုပ်ထားပါ။ အရည်များပွက်လာလျှင် သမအောင်လုပ်ထားသော ကျောက်ကျောမှုန့်နှင့် သကြားကိုထည့်ပါ။ နောက်တခါပွက်လာလျှင် ၅ မိနစ်လောက်မီးဖိုပေါ်မှာထားပြီးလျှင် မီးဖိုပေါ်မှချပါ။ ထို့နောက်ဘန်းထဲထည့်ရ်ျ အအေးခံပါ။ - အအေးခံပြီးသော ကျောက်ကျောများကို (အပေါက်အကြီးဆုါံ်) ခြစ်ဖြင့်ခြစ်ထားပါ။ (သို့) အတုံးအသေးလေးတွေတုံးထားပါ။ (ခြစ်ဖြင့်ခြစ်တာက ပိုမြန်ပါတယ်။) ၃။ သာကူအတွက်ကတော့ သာကူ ၄ ထုပ်ကို အိုးကြီးကြီးထဲမှာ ရေက သာကူရဲ့  ၇ ဆလောက်အရင်ထည့်ပြီးရေကိုအရင်ပွက်အောင်တည်၊ ရေပွက်လာမှ သာကူစေ့များကိုထည့်ပြီး သာကူစေံ အစံပျောက်သွားသည်အထိကြိုပါ။ ထို့နောက် ရေအေးဖြင့်ရေဆေးထားပါ။ (ရေအေးဖြင့်ဆေးမှ သာကူစေ့များတခုနှင့်တခုမကပ်မှာပါ။) ၄။ ဂျုံပူတင်းပြုလုပ်နည်း ပါဝင်သောပစ္စည်းများ - ကြက်ဥ - ၂၄ လုံး - နွားနို့ - ၄ လီတာ - သကြား - ၁ ခွက်နှင့် ခွက်လေးပုံ ၃ ပုံ - ဂျုံမှုန့် - ၁ ခွက် နှင့် ခွက်လေးပုံတပုံ - ထောပတ် - ခွက် တဝက် (သို့) ထမင်းစားဇွန်း ၈ ဇွန်း - ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း - ဗင်နီလာအနံ့ အရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း) ( ထမင်းစားဇွန်း = 1 tablespoon = 15 ml) (လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml) ပြုလုပ်နည်း - ကြက်ဥကိုညက်နေအောင်ခလောက်ပါ။ ထို့ နောက် နွားနို့ ၊သကြား၊ ဆား၊ထောပတ်၊ ဗင်နီလာအနံ့ တို့ ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ ပြီးလျှင် ဂျုံကိုဇကာတိုက်ထည့်ပါ။ - ဒယ်အိုးထဲကို မုန့် နှစ်ရည်များထည့်ရ်ျ မီးအေးအေးဖြင့် အပူပေးပြီး ဆက်တိုက်မွှေပါ။ ပျစ်ပျစ်လေးဖြစ်လာလျှင် မီးဖိုပေါ်မှချပါ။ (ဆက်တိုက်မမွှေလျှင် အခဲများဖြစ်သွားတတ်ပါတယ်။) - ထို့ နောက်ဆီသုတ်ထားသော ဘန်းအကြီး ၂ ဘန်းထဲကိုထည့်ရ်ျ မျက်နှာပြင်ညီအောင်ညှိပါ။ - အပူချိန် 350'F (180'C) မှာကြိုအပူပေးထားသော oven ထဲကို ပူတင်းဘန်းထည့်ရ်ျ ၁ နာရီဖုတ်ပြီးလျှင် အအေးခံထားပါ။ (ပေါင်းအိုးထဲမှာဘန်းအသေးလေးတွေ(သို့) ခွက်ကလေးတွေနဲ့ပေါင်းလဲရပါတယ်။) ၅။ ဆေးကုလားမကို ဇလုံအကြီးတခုထဲမှာ ရေစိမ်ထားပါ။ ရေစိမ်တဲ့ဇလုံထဲကို အနီရောင်ဆိုးဆေး ၅ စက်လောက်ထည့်ပါ။အနည်းဆုံး ၅ နာရီလောက်ရေစိမ်ထားရပါတယ်။ (မသန့်တဲ့ ဆေးကုလားမဆိုရင် အမှိုက်သရိုက်ဖယ်ရပါတယ်။) ပြီးလျှင် ရေစစ်ထားပါ။ ၆။ ပင်ပွားကို ဖျော်ရည်မဖျော်ခင် ၁၅ မိနစ်လောက်အလိုမှာရေစိမ်ပါ။ ပင်ပွားကိုရေစိမ်ရင် ရေထဲကို ပင်ပွားများဖြူးရ်ျ ထည့်ပါ။ ရေစိမ်ပြီးပွလာသော ပင်ပွားများကို ရေစစ်ထားပါ။ ဖာလူဒါဖျော်ရန်အကုန်အဆင်သင့်ဖြစ်လျှင် - အိုးအကြီးကြီးထဲကို နွားနို့ ၁၀ ဂါလံ၊ နို့စိမ်း ၁၂ဗူး၊ နှင်းဆီအနံ့အချိုရည် ၁ ပုလင်း၊ နှင်းဆီအနံ့အရည် ၁ ပုလင်း၊ နှင်းဆီအရောင်အရည် ၁ ပုလင်း၊ သကြားရည်တို့ကိုထည့်ရ်ျ သမအောင်အရင်မွှေပါ။ ထို့နောက် ခြစ်ထားသော (သို့) တုံးထားသော ကျောက်ကျော၊ သာကူစေ့၊ ဆေးကုလားမ၊ ပင်ပွား၊ မုန့်လက်ဆောင်းဖတ်များကိုထည့်ရ်ျ သမအောင်မွှေပါ။ (အချိုမြည်းကြည့်ပြီး အချိုလိုသေးလျှင် တော့ သကြားထပ်ထည့်ပါ။ (သို့) သကြားရည်ကို ပိုလုပ်ထားတာကိုထည့်ပါ။) ရေခဲအတုံးလိုက်ကြီးကိုထည့်ထားပါ။ (ရေခဲကိုမခွဲပါနဲ့) ပူတင်းကို သတ်သတ်ထားပါ။ အုန်းသီးကိုလဲသတ်သတ်ထားပါ။ ရေခဲမုန့်ကိုလဲသတ်သတ်ထားပါ။ - တခွက်စာအတွက်ဆိုလျှင် ဖာလူဒါအရည်ကို ယောက်ချိုဇွန်းဖြင့် ၁ ဇွန်းခတ်ထည့်၊ ပူတင်းကို ထမင်းစားဇွန်း ၁ ဇွန်းဖြင့်ခတ်ထည့်၊ ရေခဲမုန့်တလုံးထည့်ပြီးအပေါ်မှ အုန်းသီးခြစ်ဖတ်ဖြူးရ်ျ ပြင်ပေးပါ။Image may contain: drink and indoor
Image may contain: drink
ဒါကတော့ ပင်ပွား နှင့် ဆေးကုလားမပါ။ ဒါမျိုးပုလင်းကို ဝယ်မည်ဆိုလျှင် ဆေးကုလားမအတွက် ၂ ပုလင်းလိုပါတယ်။ ပင်ပွားကို အင်္ဂလိပ်လို အများစုက basil seeds လို့ခေါ်ပါတယ်။ ဆေးကုလားမကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲတော့ မသိဘူး၊ ပြင်ပနိုင်ငံတွေမှာဆိုရင် အိန္ဓိယဆိုင်တွေမှာ ဝယ်လို့ရပါတယ်။Image may contain: dessert, food and indoor
ဂျုံပူတင်းပြုလုပ်နည်း
ပါဝင်သောပစ္စည်းများ
- ကြက်ဥ - ၂၄ လုံး
- နွားနို့ - ၄ လီတာ
- သကြား - ၁ ခွက်နှင့် ခွက်လေးပုံ ၃ ပုံ
- ဂျုံမှုန့် - ၁ ခွက် နှင့် ခွက်လေးပုံတပုံ
- ထောပတ် - ခွက် တဝက် (သို့) ထမင်းစားဇွန်း ၈ ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဗင်နီလာအနံ့ အရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
- ကြက်ဥကိုညက်နေအောင်ခလောက်ပါ။ ထို့ နောက် နွားနို့ ၊သကြား၊ ဆား၊ထောပတ်၊ ဗင်နီလာအနံ့ တို့ ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ ပြီးလျှင် ဂျုံကိုဇကာတိုက်ထည့်ပါ။
- ဒယ်အိုးထဲကို မုန့် နှစ်ရည်များထည့်ရ်ျ မီးအေးအေးဖြင့် အပူပေးပြီး ဆက်တိုက်မွှေပါ။ ပျစ်ပျစ်လေးဖြစ်လာလျှင် မီးဖိုပေါ်မှချပါ။ (ဆက်တိုက်မမွှေလျှင် အခဲများဖြစ်သွားတတ်ပါတယ်။)
- ထို့ နောက်ဆီသုတ်ထားသော ဘန်းအကြီး ၂ ဘန်းထဲကိုထည့်ရ်ျ မျက်နှာပြင်ညီအောင်ညှိပါ။
- အပူချိန် 350'F (180'C) မှာကြိုအပူပေးထားသော oven ထဲကို ပူတင်းဘန်းထည့်ရ်ျ ၁ နာရီဖုတ်ပြီးလျှင် အအေးခံထားပါ။(ပေါင်းအိုးထဲမှာဘန်းအသေးလေးတွေ(သို့) ခွက်ကလေးတွေနဲ့ပေါင်းလဲရပါတယ်။)
Image may contain: drink and indoorဒါကတော့ နှင်းဆီအနံ့အချိုရည်ပါ။ city mart တို့ ocean တို့မှာရှိပါတယ်။ ပြင်ပမှာနေတဲ့သူတွေကတော့ ဒီတံဆိပ်မဟုတ်လဲ အခြားတံဆိပ် rose syrup ကိုဝယ်ယူနိုင်ပါတယ်။ ဒါ ၁ ပုလင်းထည့်ရပါတယ်။ တကယ်လို့ ဒါကိုဝယ်လို့မရရင် အချိုရည်ပိုထည့်လဲရပါတယ်။No automatic alt text available.ဒါကတော့ နှင်းဆီအနံ့ကော၊ အရောင်ပါပါတဲ့ rose flavor ပုလင်းပါ။ ဒါမျိုးဝယ်လို့ရရင်တော့ ဒီ၁ပုလင်းပဲထည့်ရုံပါ။ (ဒါက အနံ့ကော အရောင်ကော ပါပြီးသားမို့ပါ။)Image may contain: drinkဒါကတော့ နှင်းဆီအနံ့အရည်ပါ။ city mart တို့ ocean တို့မှာရှိပါတယ်။ ဒါမျိုးပဲရှိရင်တော့ အရောင်အတွက်ပါလိုပါသေးတယ်။ ဒါမျိုးဆိုရင် နှင်းဆီအနံ့ အတွက် ၁ ပုလင်း၊ နှင်းဆီအရောင်အတွက် ၁ ပုလင်းလိုပါတယ်။ Image may contain: drinkဒါကတော့ နှင်းဆီအရောင်အရည်ပါ။ city mart တို့ ocean တို့မှာရှိပါတယ်။ အနံ့မှာ အရောင်မပါတဲ့အရည်ကိုသုံးမယ်ဆိုရင် နှင်းဆီအနံ့ အတွက် ၁ ပုလင်း၊ နှင်းဆီအရောင်အတွက် ၁ ပုလင်းလိုပါတယ်။Image may contain: food
ပုံရဲ့ ညာဖက်အစွန်ဆုံးက ၂ ပန်းကန်က ရေစိမ်ပြီးရေစစ်ထားသော ပင်ပွား နှင့် ရေစိမ်ပြီးရေစစ်၊အရောင်ဆိုးထားသော ဆေးကုလားမပါ။
ဆေးကုလားမကို ဇလုံအကြီးတခုထဲမှာ ရေစိမ်ထားပါ။ ရေစိမ်တဲ့ဇလုံထဲကို အနီရောင်ဆိုးဆေး ၅ စက်လောက်ထည့်ပါ။အနည်းဆုံး ၅ နာရီလောက်ရေစိမ်ထားရပါတယ်။ (မသန့်တဲ့ ဆေးကုလားမဆိုရင် အမှိုက်သရိုက်ဖယ်ရပါတယ်။) ပြီးလျှင် ရေစစ်ထားပါ။

ပင်ပွားကို ဖျော်ရည်မဖျော်ခင် ၁၅ မိနစ်လောက်အလိုမှာရေစိမ်ပါ။ ပင်ပွားကိုရေစိမ်ရင် ရေထဲကို ပင်ပွားများဖြူးရ်ျ ထည့်ပါ။ ရေစိမ်ပြီးပွလာသော ပင်ပွားများကို ရေစစ်ထားပါ။Image may contain: food
ကျောက်ကျောကိုတော့ အိစံက ၃ မျိုးလောက်တော့ လုပ်စေချင်ပါတယ်။ အနီရောင်ကတော့ အဓိကတမျိုး၊ ပြီးရင် ဆွမ်းမွှေးအနံ့အတွက်တမျိုး နှင့်အုန်းနို့ကျောက်ကျော တမျိုးပါ။ 
- အုန်းနို့ကျောက်ကျောအတွက်က အုန်းနို့ ၃ ဗူး နှင့်ရေ ၃ လီတာကို မီးဖိုပေါ်မှာပွက်အောင်တည်၊ သကြား ၃ ခွက် နှင့် ကျောက်ကျောမှုန့် ၃ ထုပ်ကို သမအောင်လုပ်ထားပါ။ အရည်များပွက်လာလျှင် သမအောင်လုပ်ထားသော ကျောက်ကျောမှုန့်နှင့် သကြားကိုထည့်ပါ။ နောက်တခါပွက်လာလျှင် ၅ မိနစ်လောက်မီးဖိုပေါ်မှာထားပြီးလျှင် မီးဖိုပေါ်မှချပါ။ ထို့နောက်ဘန်းထဲထည့်ရ်ျ အအေးခံပါ။
- အနီရောင်ကျောက်ကျောအတွက် ရေ ၄ လီတာခွဲ ထဲကိုအနီရောင်ဆိုးဆေး ၁၀ စက်လောက်ထည့် ပြီး မီးဖိုပေါ်မှာပွက်အောင်တည်၊ သကြား ၃ ခွက် နှင့် ကျောက်ကျောမှုန့် ၃ ထုပ်ကို သမအောင်လုပ်ထားပါ။ အရည်များပွက်လာလျှင် သမအောင်လုပ်ထားသော ကျောက်ကျောမှုန့်နှင့် သကြားကိုထည့်ပါ။ နောက်တခါပွက်လာလျှင် ၅ မိနစ်လောက်မီးဖိုပေါ်မှာထားပြီးလျှင် မီးဖိုပေါ်မှချပါ။ ထို့နောက်ဘန်းထဲထည့်ရ်ျ အအေးခံပါ။
- အစိမ်းရောင်ဆွမ်းမွှေးအတွက် ဆွမ်းမွှေးအရွက်ဖြင့်လုပ်မည်ဆိုလျှင် ဆွမ်းမွှေးအရွက် ၅ ရွက်နှင့်ရေ ၄ လီတာခွဲ (အနံ့အရည်ဖြင့်လုပ်မည်ဆိုလျှင် ဆွမ်းမွှေးအနံ့အရည် လက်ဖက်ရည်ဇွန်း ၄ ပုံတပုံနှင့် ရေ၄ လီတာခွဲ)ကို မီးဖိုပေါ်မှာပွက်အောင်တည်၊ သကြား ၃ ခွက် နှင့် ကျောက်ကျောမှုန့် ၃ ထုပ်ကို သမအောင်လုပ်ထားပါ။ အရည်များပွက်လာလျှင် သမအောင်လုပ်ထားသော ကျောက်ကျောမှုန့်နှင့် သကြားကိုထည့်ပါ။ နောက်တခါပွက်လာလျှင် ၅ မိနစ်လောက်မီးဖိုပေါ်မှာထားပြီးလျှင် မီးဖိုပေါ်မှချပါ။ ထို့နောက်ဘန်းထဲထည့်ရ်ျ အအေးခံပါ။
- အအေးခံပြီးသော ကျောက်ကျောများကို (အပေါက်အကြီးဆုါံ်) ခြစ်ဖြင့်ခြစ်ထားပါ။ (သို့) အတုံးအသေးလေးတွေတုံးထားပါ။ (ခြစ်ဖြင့်ခြစ်တာက ပိုမြန်ပါတယ်။)

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...