Saturday, March 10, 2018

ခေတ်သစ် မိန်းမနှိပ်စက်နည်းနဲ့ နှိပ်စက်ခံနေရသော မိန်းမတစ်ယောက် အကြောင်းjet...

သူမယောကျာ်းဟာ မိန်းမ မရှူပ်ဘူး… လောင်းကစားမလုပ်ဘူး… အရက်မသောက်ဘူး… ဒါပေမယ့် ကွာရှင်းချင်ပါတယ်… ဘာကြောင့်လဲဆိုတော့ ဂိမ်းအရမ်းဆော့လို့ပါတဲ့… အဲ့တာ ဘယ်လိုအကြောင်းပြချက်နဲ့ကွာလို့ရပါသလဲလို့ ကလေးနှစ်ယောက်ရှိတဲ့ မိခင်တစ်ယောက်က မေးထားတယ်… ကလေးနှစ်ယောက်ကိုလည်း သူ့ယောကျာ်းနဲ့မထည့်ပေးနိုင်ပါဘူးတဲ့… ဒါဟာ Closed Group တစ်ခုခုမှာ မေးထားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်… မိန်းကလေးတစ်ယောက်က Screen Shot ပြီး ပြန်တင်ထားတာကို ကျွန်တော်ဖတ်လိုက်ရတယ်… Comment တွေမှာလည်း အဲဒီမိခင်မိန်းကလေးကို ဆဲဆိုထားတာတွေပဲ အများဆုံးတွေ့လိုက်ရတယ်…” ဒီခေတ်ထဲမှာ ဒီလိုယောကျာ်းရတာ ကံကောင်းတယ်” … “ရူးလိုက်တာ”…” နောက်လင်လိုချင်လို့နေမှာ” စသဖြင့် ဖြစ်ကြောင်းကုန်စင်ကို သေချာမသိဘဲ အပေါ်ယံလေးနဲ့ ပြစ်တင်ရှူံ့ချထားကြတယ်… ဒီကိစ္စမှာ ကျွန်တော်ကတော့ ကလေးနှစ်ယောက်မိခင်ဘက်က နေပေးရပါလိမ့်မယ်… ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်တစ်ခုမှာ လင်ယောကျာ်းတစ်ယောက်ဟာ မသောက်စား မဖောက်ပြန်ရုံနဲ့ လင်ကောင်းသားကောင်းဖြစ်သွားတာမဟုတ်ပါဘူး… အိမ်ထောင့်တာဝန်ကို ကျေနိုင်တဲ့ အိမ်ထောင်ဦးစီး ဖြစ်ဖို့လိုပါသေးတယ်… မိသားစုတစ်ခုဖြစ်လာပြီဆို စားဝတ်နေရေးက အရမ်းအရေးကြီးတယ်… အဲဒီအတွက် ပုံမှန်ဝင်ငွေရှိတဲ့ စီးပွားရေး ဒါမှမဟုတ် အလုပ်တစ်ခု လုပ်ကိုလုပ်ရမယ်… အဲဒီအမျိုးသမီးဟာ ကလေးနှစ်ယောက်ရတဲ့အထိ သူ့အမျိုးသား တစ်ချိန်ကျ အမြင်မှန်ရပြီး ငါ့တို့ရဲ့အားထားရာဖြစ်လာမှာပါလို့ မျှော်လင့်ခဲ့ပုံပါပဲ… သူမျှော်လင့်သလို မဖြစ်လာနိုင်တော့မှ ကလေးနှစ်ယောက်ရှေ့ရေးအတွက် ခက်ခက်ခဲခဲ စိတ်ဆုံးဖြတ်လိုက်တာ ဖြစ်ပါလိမ့်မယ်… ဘာဖြစ်လို့လဲဆိုတော့ မိန်းမတစ်ယောက်ဟာ အမေရယ်လို့ဖြစ်လာရင် သူ့သားသမီးရဲ့ ဘဝရှေ့ရေး ကောင်းစားဖို့သာ ရှေးရှူတတ်ကြတာ ဓမ္မတာဖြစ်နေလို့ပါပဲ… ကျွန်တော်ကိုယ်တိုင် မြင်ဖူးထားတဲ့ အိမ်ထောင် နှစ်ခုရှိတယ်… ပထမတစ်ခုက ” ရင်ဘတ်ထဲက ဓား” ဇာတ်ကားထဲကလိုအိမ်ထောင်မျိုး… ယောကျာ်းက မိန်းမတော့ မရှူပ်ဘူး… သောက်တတ်တယ်… ဂိမ်းကစားတယ်… တစ်ခါတစ်ခါ အိမ်ပြန်မအိပ်ပဲ တစ်ညလုံး ဂိမ်းပဲဆော့နေတတ်တယ်… မိန်းမတော့ယူချင်တယ်… အလုပ်တော့ မလုပ်ဘူး… မိန်းမက အိမ်ထောင်ကျကျချင်းတော့ ချစ်တဲ့စိတ်နဲ့ သည်းခံတာပေါ့… ဒါပေမယ့် ကလေးတစ်ယောက်ရတဲ့အထိ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ဘဲ အဲဒီဂိမ်းပဲဆော့နေတဲ့အခါ သူကိုယ်တိုင် ကလေးတစ်ဖက်နဲ့ အလုပ်လုပ်တယ်… Online Shopping ရော အိမ်ဆိုင်လေးပါ ဖွင့်ပြီး ကြိုးစားရှာတယ်… အဲဒီတော့ ဘာဆက်ဖြစ်လဲသိလား… ပိုက်ဆံရှာနိုင်လို့ မာန်တက်ပြီး သူ့ကိုလူရာ မသွင်းဘူး… ပစ်ထားတယ်… အရင်ကလောက် အချိန်မပေးတော့ဘူး… အနားမှာမနေပေးဘူးဆိုတဲ့ ပြစ်ချက်တွေနဲ့ မျက်နှာတွေ ဖူးယောင်နေအောင် အညိုအမဲဆွဲနေအောင် ရိုက်တယ်… နှိပ်စက်တယ်… သူများအိပ်ချိန်ဆို သူ ဂိမ်းဆော့တယ်… သူများအလုပ်လုပ်ချိန် သူအိပ်တယ်လေ… ဘယ်သူမှားနေတာလဲဆိုတာ မသိလောက်အောင် အရမ်းကို ညံ့ဖျင်းပြီး စိတ်ဓာတ်သေးသိမ်လွန်းတယ်… သူ ခဏခဏ နှိပ်စက်နေတာကို မိန်းကလေးရဲ့ မိဘတွေ သိသွားတော့ သူတို့ကို ကွာခိုင်းတယ်… အဲဒီအချိန်ကျမှ မျက်နှာငယ်လေးနဲ့တောင်းပန်ပြီး ပြန်လာခေါ်တယ်… မိန်းကလေးကလည်း သံယောဇဉ်နဲ့ ပြန်လိုက်သွားတယ်… ထပ်နှိပ်စက်တယ်… ဒီတစ်ခါတော့ မိန်းကလေးက တကယ် စိတ်လည်းကုန်သွားသလို စိတ်လည်းပျက်သွားခဲ့တယ်… ပြန်မလိုက်တော့ဖို့ကိုလည်း စိတ်ဆုံးဖြတ်ထားခဲ့တယ်… ဒါပေမယ့် အရက်တွေမူးလာတဲ့ သူက မိန်းကလေးရဲ့မိဘအိမ်တံခါးတွေ ဖျက်စီးပြီး ဝင်သောင်းကျန်းတယ်… သူ့မိန်းမကို မထုတ်ပေးရင် အိမ်ကိုမီးရှို့မယ်တွေ ဘာတွေလုပ်လို့ ပတ်ဝန်းကျင်က လူတွေပါ ရောက်လာပြီး ရဲစခန်းပို့လိုက်ကြတယ်… အကျယ်အကျယ် မဖြစ်ချင်တော့တာနဲ့ပဲ သူမ ပြန်လိုက်သွားခဲ့ရတယ်… အဲဒီအိမ်ထောင်ကိုမြင်ပြီးတော့မှ ကလေးတစ်ယောက် အဖေခေါ်ခွင့်ရဖို့အရေး မိန်းမတစ်ယောက်ရဲ့ မျက်ရည်တွေနဲ့ ခံစားချက်တွေ ဘယ်လောက်အောင့်အီးသည်းခံမြိုသိပ်ထားရတယ်ဆိုတာကို နားလည်လာရတယ်… နံပါတ်နှစ်အိမ်ထောင်က တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်လို့ ယူခဲ့ကြတာ… နှစ်ယောက်လုံး သာမန်ဝန်ထမ်းတွေပဲ… ပြဿနာက ကလေးရပြီးမှ စတာ… သူ့ယောကျာ်းက အိမ်မှာအလိုလိုက်ခံထားရတော့ ဘော်ကြော့လေးပဲနေချင်တာ… နှစ်ယောက်တည်းနေတုန်းကတော့ ဟုတ်တယ်… ထမင်းချက်လည်း ဒီမိန်းမ… ပန်းကန်ဆေးလည်း ဒီမိန်းမ… အဝတ်လျှော်လည်း ဒီမိန်းမ… မီးပူတိုက်လည်း ဒီမိန်းမ… အိမ်သန့်ရှင်းလည်း ဒီမိန်းမပဲ… ချစ်တာကိုး… ဘယ်အပြစ်ဆိုသာမလဲ… ကလေးရလာတဲ့အချိန်ကျ ကလေးတစ်ဖက်နဲ့ မနိုင်တော့လို့ ယောကျာ်းကို အားကိုးပြီး အကူအညီတောင်းတော့မှ သိပ်တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်လွှတ်ရုန်းတတ်တဲ့သူ ဖြစ်နေမှန်း သိလိုက်ရတာ… ကလေးကူမထိန်းပေးတာတော့ မဟုတ်ဘူး ထိန်းပေးတယ်… နာရီဝက်လောက်ထိန်းပြီး ဘယ်သူ့ဆီသွားမယ်ဆိုပြီး ပျောက်ပျောက်သွားတာမျိုး… သွေးနုသားနုချိန် မိန်းမအနားမှာ ရှိပေးသင့်တာကို နားမလည်ဘဲ သူငယ်ချင်းတွေနဲ့ ညဉ့်နက်ထိ ကျူထိုးမပျက်တာမျိုး… အနှီးလျှော်ရမှာ ပျင်းလို့ သေးစိုရင် စိုတဲ့အတိုင်း ပစ်ထားပြီး ခြောက်မှ ကလေးကို ပြန်ဝတ်ပေးတတ်တာမျိုး… အဲဒီတော့ မီးတွင်းထဲလည်း မအေက အနှီးတွေ ထလျှော်ရတယ်လေ… ငိုတာပေါ့ ငိုတယ်… ကလေးတစ်ဖက်နဲ့ သူမကို အားပေးမယ့် လင်ယောကျာ်းလည်းမရှိချိန် ဝမ်းနည်းပြီး ငိုတယ်… မိဘတွေကလည်း သူမကို ပစ်ထားတယ်… ဆွေမျိုးတွေကလည်း အဝေးမှာ… သူမ ရူးမသွားတာ ကံကောင်းတယ် ပြောရမယ်… ဒီကြားထဲ ညဘက် ကလေးထငိုရင် အိပ်ရေးပျက်တယ်ဆိုပြီး သူက စိတ်တိုတတ်သေးတာ… အစကတော့ ကလေးငိုရင် ကူချော့ပေးသေးတယ်… နောက်ပိုင်းကျ မသိချင်ယောင်ဆောင်ပြီးကို ပေအိပ်နေတော့တာ… သူနဲ့ကွာရှင်းဖို့ ဆွေမျိုးတွေကို တိုင်ပင်ကြည့်တော့လည်း ခုခေတ်မှာ နောက်မိန်းမ မယူတာကိုပဲ ကျေးဇူးတင်ရမယ်လို့ ပြောကြတော့ ဆက်သည်းခံပြီး ပေါင်းရှာတယ်… ငွေကြေးမပြေလည်တဲ့အိမ်ထောင်မို့ နှစ်ယောက်လုံးအလုပ်လုပ်ရပေမယ့် ကလေးကို နေ့ကလေးထိန်းမှာထားတော့အကြိုအပို့လည်း ဒီအမေပဲ… မနက်အလုပ်သွားရမှာချင်းအတူတူ ညဘက် ကလေးငိုလည်း ဒီအမေပဲဆိုတော့ အတော်ပင်ပန်းလွန်းခဲ့တာ… ကလေးလေး တစ်နှစ်အရွယ်ရောက်တဲ့အထိ သူ့အချိုးတွေမပြင်တော့မှ ကွာရှင်းခွင့်တောင်းတယ်… ဘယ်ပြောကောင်းမလဲ… ရန်တွေဖြစ်ကြပြီး ဟိုက ရိုက်နှက်လွှတ်လိုက်တာ မသေရုံတမယ်ပဲ… အကြောင်းပြချက်က သမီးလေးနဲ့ မခွဲနိုင်လို့တဲ့… သူတို့အတွဲကိုမြင်ပြီးတော့ ဘာသံဝေဂရလဲဆို ယောကျာ်းတစ်ယောက်ဟာ သူကိုယ်တိုင် သိပ်ချစ်လှပါချည်ရဲ့ဆိုပြီး လက်ထပ်ယူထားတဲ့ မိန်းကလေးတစ်ယောက်ကို တစ်ချိန်ကျ (သူ စိတ်အလိုမကျချိန်ကျ) ရက်ရက်စက်စက် ရိုက်နှက်ရက်တယ်ဆိုတာပဲ… အင်း… ဆက်ပြောနေရင်တော့ ပြီးမှာ မဟုတ်ဘူး… အစကို ပြန်ကောက်ရရင် အဲဒီ ကလေးနှစ်ယောက်မိခင်မှာလည်း ဘယ်လိုနာကျည်းမုန်းတီးစရာ ခံစားချက်တွေ ရှိနေလို့ သူ့ယောကျာ်းကို ကွာရှင်းချင်နေလဲမှ မသိတာ… ဒါကြောင့် တစ်ခုခုဆို မိန်းမတွေကိုပဲ Victim Blaming မလုပ်ဘဲ သူ့မှာလည်း အကြောင်းတစ်ခုခု ရှိနေနိုင်တယ်ဆိုတာ တွေးကြည့်ပေးပါလို့ ဆန္ဒပြုရင်း… ဖိုးသူတော်

1 comment:

  1. အာ့လိုကောင်မျိုး ယောက်ျားခြင်းယှဉ်ပြီဆို လီးစုပ်မတတ် ထိုင်ရှိခိုးကျတယ် စောက်ပေါတွေ

    ReplyDelete

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...