Saturday, March 10, 2018

jtre

ငှက်ချေးမြေဩဇာ...ပီရူးနိုင်ငံ အလယ်ပိုင်းကမ်းရိုးတန်းရှိ ချင်ချားကျွန်းပေါ်မှ ငှက်ချေးမြေဩဇာမိုင်းတွင်း ငှက်ချေးမြေဩဇာ(Guano)ပြင်ဆင်ရန် ပင်လယ်ငှက်ကြီးများ စွန့်ထုတ်သော မစင်ဖြစ်၍ ငါးရိုးဖတ်များလည်း ပါရှိတတ်သည်။ ငှက်သေကောင်၊ ငါးသေကောင်များလည်း ပါရှိသည်။ တောင်အမေရိကတိုက် အနီးအပါး ကျွန်းများမှ ကျောက်ဆောင်များတွင် တူးဖော်ယူကြသည်။ နေ့တွင် သွေ့ခြောက်လျက် နိုက်ထရိုဂျင်ဓာတ်များ ပြည့်ဝလျက်ရှိရာ မြေဩဇာအဖြစ် အသုံးပြုကြသည်။ နှစ်သက်ကြာရှည်သော အခါ ယမ်းစုန်းများ ကိန်းဝင်၍ နိုက်ထရိုဂျင်နဲပါးသွားတတ်သည်။ ၁၇၂၃-ခုနှစ်တွင် စပိန်နိုင်ငံသား အင်ကာဂါစီလာဆိုဒါဗီဂါ ဆိုသူက စတင်ဖော်ထုတ် သုံးစွဲခဲ့သည်။ [၁]မွန်ပြည်နယ် ၏ မြို့နယ် အားလုံးနီးပါး၌ လင်းနို့ဂူများ ရှိကြောင်း၊ အများဆုံးရှိသော မြို့နယ်များမှာ ကျိုက်မရောမြို့နယ်၊ မော် လမြိုင် ခရိုင်အတွင်းမှ မြို့နယ်များဖြစ်ကြောင်း၊ တပြည်နယ်လုံးအတိုင်းအတာဖြင့် လင်းနို့ ဂူပေါင်း သောင်း ဂဏန်း အထိရှိ ကြောင်း။ မွန်ပြည်နယ်တွင် လင်းနို့ချေးပေါများစွာထွက်ရှိပြီး ပီနံအိတ်တအိတ်လျှင် ကျပ်သောင်းချီ၍ ပေးဝယ်ရကြောင်း၊ အဓိက အသုံးပြုသော နေရာမှာ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဥယာဉ်ခြံ လုပ်ငန်းများ၌ အသုံးပြုပြီး ကုန်သည်တချို့သည် နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ လင်းနို့ချေးသည် သြဂင်းနစ် သဘာဝ ဓာတ်မြေသြဇာထက်များစွာ အကျိုး အာနိ သင် ပိုများကြောင်းနှင့် တိုင်းရင်းဆေးဖော်စပ်ရာ၌ အသုံးပြုကြောင်း သိရသည်။ မွန်ပြည်နယ်အတွင်းရှိ ထရုံဂူ၊ ဓမ္မသတ်ဂူနှင့် ကရင်ပြည်နယ်အတွင်းမှ ဆန္ဒန်ဂူ တို့သည် ကြီးမားပြီးထင်ရှားသော ဂူများဖြစ်ကြောင်း၊ ကရင်ပြည်အတွင်းရှိ ဘားအံမြို့နယ်တွင်လည်း လင်းနို့ဂူ အများအပြားရှိကြောင်း။ ဗန်ပိုင်းယား လင်းနို့ (သွေးစုပ်ဖုတ်ကောင် လင်းနို့) aungkham November 4, 2012 ဗန်ပိုင်းယား လင်းနို့ (သွေးစုပ်ဖုတ်ကောင် လင်းနို့)2012-11-04T11:45:00+00:00 တိရစ္ဆာန်များ, ထူးဆန်းထွေလာ No Comment Vampire Bat လို့ အမည်ရတဲ့ လင်းနို့ သွေးသွေးစုပ် ဖုတ်ကောင် များကို များသောအားဖြင့် တောင်အမေရိကတိုက်က နိုင်ငံများမှာ မြင်တွေ့ နိုင်ပါတယ်။ ရုပ်ရှင်တွေထဲမှာ ညွန်းညွန်းနေတဲ့ သွေးစုပ်ဖုတ်ကောင် လင်းနို့တွေလည်း သူတို့ပဲ ဖြစ်ပါတယ်။ သွေးစုပ်ဖုတ်ကောင် (Vampire) နဲ့ ပက်သက်တဲ့ အချက် အလက်များကို ရှာဖွေ၊ လေ့လာရင် Vampire Bat လည်း ပါဝင်ပါတယ်။ သူဟာလည်း Vampire သက်ရှိ သတ္တဝါမျိုးနွယ်စုထဲမှာ စာရင်းဝင် သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ ဒီတော့ ထုံးစံအတိုင်း သွေးဟာ သူတို့ရဲ့ အဓိက အစာ ဖြစ်ပါတယ်။ ၂ ရက် တိတိ သွေးမသောက်ရရင် သေပါတယ်။ ဒါကြောင့် ၂ ရက်လုံးလုံး သွေးရှာ မရရင် အချင်းချင်း ပြန်ကိုက်စုပ်ကြပါတယ်။ သေလောက်အောင် မစုပ်ပဲ တစ်ကောင်နဲ့ တစ်ကောင် အသက်ရှင်အောင် အစာမျှဝေတဲ့ သဘော ဖြစ်ပါတယ်။ သာမန် လင်းနို့များထက် ထူးခြားတဲ့ အသွင် သဏ္ဍာန် ရှိပြီး ပိုလည်း အားကြီးပါတယ်။ တောင်ပံအားနဲ့ ကောင်းကောင်း ပြန်နိုင်သလို၊ မြေပြင်မှာလည်း တစ်နာရီ ၅ မိုင်နီးပါး လမ်း အမြန် ပြေးနိုင်ပါတယ်။ နေရောင် လုံးဝ မထိရဲ ကြပါဘူး။ မှောင်မိုက်တဲ့ ပတ်ဝန်းကျင်ကို နှစ်သက်ပြီး တွင်းပျက်၊ လိုဏ်ဂူ တို့လို အလင်းရောင် မရှိသလောက် နည်းတဲ့ နေရာတွေမှာ နေထိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်ရှိ အခြား သတ္တဝါ များနဲ့ မတူတဲ့ အကျင့် တစ်ခု ရှိပါသေးတယ်။ ဒါကတော့ မိခင် မရှိတော့တဲ့ လင်းနို့ သားငယ်ကို မွေးစား စောင့်ရှောက်ပေးတတ်တဲ့ အကျင့် ဖြစ်ပါတယ်။ သွေးနွေး သတ္တဝါအားလုံးဟာ သူတို့ရဲ့ အစာ အဟာရပဲ ဖြစ်ပါတယ်။ သွေးနွေး သတ္တဝါရဲ့  Body တစ်ခုလုံးက သွေးစုပ်လို့ အကောင်းဆုံး အပိုင်းကို ရောင်ခြည် တစ်မျိုး ထုတ်လွတ်ပြီး ထောက်လှမ်းပါတယ်။ အမဲလိုက်ရာမှာ ဝက်၊ ခွေး၊ မြင်း တို့လို တိရစ္ဆာန်တွေကို Target ထားတာ များပေမယ့် လူသွေး စုပ်ရန် ကြိုးပမ်းမှုများလည်း ပြုလုပ်လေ့ ရှိပါတယ်။ ဒါကြောင့် လူတို့အတွက် သတိထားရမယ့် တိရစ္ဆာန် စာရင်းထဲ ထည့် ထားပါတယ်။ ရှေးအယုံအကြည်အရတော့ ယင်း လင်းနို့ အကိုက်ခံရသူဟာ သွေးစုပ် ဖုတ် ကောင် ဖြစ်လာတယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ယခု မော်ဒန် ခေတ်မှာတော့ ယင်းကဲ့သို့ အယုံအကြည်နည်းလာပါတယ်။ သို့ပေမယ့် ဆေးပညာရ ကောင်းကျိုးပေးနေတာ တစ်ခု ရှိပါသေးတယ်။ ယင်း သွေးစုပ်ဖုတ်ကောင် လင်းနို့ ရဲ့ သွေးဟာ နှလုံးသွေး လည်ပတ်မှု အားကို ကောင်းစေပြီး နှလုံးနဲ့ ပက်သက်တဲ့ ရောဂါရှိသူများအတွက် အသုံးဝင်တယ်လို့ လေ့လာရတွေ့ရှိ ထားတယ်လို့ သိရပါတယ်

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...