ခရမ်းချဉ်ပင်ကို နေရောင်ခြည်သုံး
သကြားစက်ရုံလို့ တင်စားကြပါတယ်။
ခရမ်းချဉ်ပင်က အစာဖြစ်တဲ့သကြားဓာတ်တွေ ထုတ်လုပ်ပါတယ်။အဲဒီအစာတွေကို အပင်အစိတ်အပိုင်းတွေ တည်ဆောက်ဖို့နဲ့အသီးတွေကြီးထွားဖို့
အသုံးပြုပါတယ်။
ခရမ်းချဉ်ပင်က စိုက်ပြီးပထမလအတွင်းမှာ
ပင်ပိုင်းကြီးထွားခြင်းပဲ ဦးစားပေးလုပ်ဆောင်ပါတယ်။နှစ်ပတ်အတွင်းမှာ နဂိုအရွယ်အစားထက်နှစ်ဆကြီးတဲ့အထိပင်ပိုင်းကြီးထွားမှုမြန် ပါတယ်။
အရွက်၁၀နဲ့၁၃ရွက်(မျိုးအလိုက်ကွဲပြား)ရှိ
ွှိရင်ပထမဆုံးပန်းခိုင်စထွက်ပါတယ်။
တချိန်တည်းမှာပဲ ပင်စည်ကနေ သားတက်တွေ ထပ်ထွက်ပါတယ်။သားတက်(sucker)
ဆိုတာ ဘေးကိုင်းဖြစ်ပြီး ပန်းခိုင်တပါတည်း
ပါတတ်ပါတယ်။ အဲဒီသားတက်မပယ်ရင်
အပင်ရဲ့ အဓိက ပန်းခိုင်တွေမှာ အသီးသေးခြင်း၊အသီးအရေအတွက်နည်းခြင်း၊အသီးရင့်မှည့်ချိန်နောက်ကျခြင်း၊ပိုးနှင့်ရောဂါကျလွယ်ခြင်း၊ဆေးဖျန်းရခက်ခဲခြင်း၊ဆေးဖိုးနဲ့လုပ်အားခ ပိုကုန်ခြင်း စတဲ့ ဆိုးကျိုးတွေ တွေရပါတယ်။
သားတက်ဖဲ့ခြင်းရဲ့ အဓိကရည်ရွယ်ချက်က
အပင်ရဲ့အစာတွေ အသီးကိုပဲဦးတည်ရောက်စေချင်တာပါ။
သားတက်ဖဲ့ခြင်း မပြုမီ မိမိစိုက်တဲ့ ခရမ်းချဉ်ဟာ ပင်ပု သို့မဟုတ်တိုင်လွတ်မျိုး(Determinate*ပန်းခိုင်နဲ့အဆုံးသတ်)သို့မဟုတ် ပင်ရှည်မျိုး၊တိုင်ထောင်မျိုး(Indeterminate*အညွန့်များဆက်ထွက်တဲ့မျိုး)
လား အရင် လေ့လာပါ။
မြန်မာပြည်မှာတော့ ပင်လတ်(semi-determinate)တွေများပါတယ်။
သားတက်ဖဲ့ခြင်းကို တိုင်ထောင်မျိုးတွေမှာ
မဖြစ်မနေ လုပ်ပေးသင့်ပါတယ်။
တိုင်လွတ်မျိုးတွေမှာတော့ မိမိမျိုးအနေအထားအရ အောက်ဖော်ပြပါ
လုပ်ဆောင်ချက်များကို လုပ်သင့်မလုပ်သင့်
ဆုံးဖြတ်ပါ။
Prunning မှာ
သားတက်ဖဲ့ခြင်း(pinching off suckers)
ထိပ်ဖျားဖြတ်ခြင်း(topping)
အမြစ်ဖြတ်ခြင်း(root cutting)
အရွက်ညှပ်ခြင်း(leaf removing)
စတာတွေ အကျုံးဝင်ပါတယ်။
သားတက်ဖဲ့ခြင်းနဲ့ဆိုင်တဲ့ ပုံတွေအောက်မှာ
စာရေးထားပါတယ်။
***ခရမ်းချဉ်မျိုးအားလုံးအတွက် မဆိုလိုပါ။
ဗဟုသုတအဖြစ် မိမိလိုအပ်သလောက်သာ နည်းယူပါ။
သီးကိုင်းမွေးခြင်း သားတက်ဖဲ့ခြင်းမှာ မျိုးအလိုက်ရာသီအလိုက် အခြေအနေအရ ဆောင်ရွက်ရသောကြောင့်ဖြစ်ပါတယ်။
စိုက်ပျိုးရေးကို စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ပါစေ။
Photo&info=>>internet
Know More,Grow More
Aung KO Latt@စိုက်ပျိုးရေးကမ္ဘာ

1 က အဆုံးမဲ့ မျိုးပါ။ပန်းခိုင်ထွက်ပြီး အညွန့်ထပ်ထွက်ပါတယ်။
၆ပေ နဲ့အထက် အပင်အရပ်မြင့်ပါတယ်။2က ပန်းခိုင်နဲ့အဆုံးသတ်မျိုးပါ။လေးပေလောက်ထိပဲ မြင့်ပါတယ်။်

ပထမထွက်တဲ့ ပန်းခိုင်ပါ။သူ့အောက်က နောက်တစ်ကိုင်းထပ်ထွက်ပါတယ်။အရပ်အခေါ် "Y"ခွပါ။ အဲဒီအကိုင်းအောက်က သားတက်တွေ အကုန်ဖဲ့ပါ။တခါတရံ Y ခွတက်က ပန်းခိုင်နဲ့ဆုံးရင် သူ့အောက်ကသားတက်ကိုမွေးရပါတယ်။Yခွကနေ နောက်ထပ် သီးကိုင်းတစ်ကိုင်းစီ မွေးပါ။စုစုပေါင်းလေးကိုင်းရပါမယ်။ အကိုင်းကထွက်တဲ့ပန်းခိုင်ကလွဲပီးကျန်တဲ့ သားတက်ငယ်တွေ ကို အချို့ကဖဲ့တယ် အချို့ကမဖဲ့ဘဲထားကြပါတယ်။

ပန်းခိုင်အောက်ဖက် ပင်စည်ကနေထွက်လာတဲ့သားတက်သေးသေးလေးတွေကို ငယ်စဉ်ကဖဲ့ပါ။
တစ်ပတ်နှစ်ကြိမ် သားတက်ဖဲ့ပါ။ ပြန်ထွက်တတ်ပါတယ်။

သားတက်အကြီးတွေကို အသီးနေရိပ်ရအောင် နဲ့အစာချက်လုပ်နိုင်အောင်အရွက်နှစ်ရွက်သုံးရွက်ချန် ဖြတ်ပါ။အချို့က မဖြတ်ဘဲသီးကိုင်းထားပါတယ်။

အပင်မှာ ပန်းခိုင်အရေအတွက် လုံလောက်ရင် နောက်ထပ်အတက်တွေ ဖဲ့ပါ။

သားတက်ဖြတ်ရမယ့်နေရာပါ
No comments:
Post a Comment