Tuesday, February 20, 2018

အကျိုးပြု မိတ်ဆွေ လိပ်ခုံးကျိုင်း (အကြောင်း သိကောင်းစရာ...Z)

No automatic alt text available.Order (မျိုးစဉ်) : Coleoptera
Suborder (မျိုးစဉ်) : Polyphaga
Superfamily (မျိုးရင်းကြီး): Cucujoidea
Family (မျိုးရင်း) : Coccinellidae

ပုံသဏ္ဍန်

Coccinellidae မျိုးရင်းသည် ၀.၈ မှ ၁၈ မီလီမီတာ ( ၀.၀၃၁၅ မှ ၀.၇၀၈ လက်မ) အတွင်းရှိသော ပိုးတောင်မာ အင်းဆက်သေးများ အုပ်စုဖြစ်သည်။ ၎င်းတို့သည် လိမ္မော်ရောင်၊ အ၀ါရောင်၊ အနီရောင်၊ ကျောကုန်းတွင် တချို့ အစက်များပါရှိကာ တချို့ အစက်လုံးဝမရှိဘဲ ပြောင် (သို့မဟုတ်) အမည်းစင်းများရှိသော လိပ်ခုံးကျိုင်းများဖြစ်သည်။ ထိုတောင်ပံပေါ်မှ အမည်းစက် ပုံသဏ္ဍန် အရေအတွက်ပေါ် မူတည်ပြီး မျိုးစိတ်များကို ခွဲခြားနိုင်သည်။ လိပ်ခုံးကျိုင်းများ အိုလာသောအခါ အမည်းစက်များမှာ အရောင်မှိန်လာလေသည်။ ခြေထောက်အမည်း သုံးစုံ ဦးမှင်တစုံ ပါရှိပြီး ခြေထောက်ကွေး ဒူးဆစ်များမှ ၎င်းတို့ကို ရန်မူသူများအား အဆိပ်ငွေ့များ ထုတ်လွှတ်တတ်သည်။ ၎င်းတို့၏ တောင်ပံ အရောင်များက ၎င်းတို့ကို ရှာဖွေစားသောက်တတ်သည့် ငှက်နှင့် တခြားသတ္တ၀ါများအား အနီးသို့ မလာရ အန္တရာယ်ရှိသည်ဆိုသည့် ဆိုင်းဘုတ်မြင်သည့်ပမာ အဝေးကရှောင်ကြသည်။

မျိုးစိတ်နှင့် နေထိုင်စားသောက်ပုံImage may contain: plant, nature and outdoor

၎င်း မျိုးစိတ်ပေါင်း ၅၀၀၀ ကျော်ရှိပြီး မြောက်အမေရိကတခုထဲပင် မျိုးစိတ်ပေါင်း ၄၅၀ကျော်ရှိသည်။ ၎င်းမျိုးစိတ်အများစုကို အကျိုးပြုအင်းဆက်ဟု ခေါ်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရာသီ၊ သီးနှံ နှစ်ရှည်ပင်များ၏ ဖျက်ပိုးများဖြစ်သော ပျ၊ ဖြုတ်၊ မွှားပင့်ကူ၊ လိပ်ပြာ၊ အပင်စုတ်စားပိုး အများစုကို ထိုလိပ်ခုံးကျိုင်းများက ဖမ်းယူ စားသောက်ကြသောကြောင့် ဖြစ်သည်။ အပင်ဖျက်ပိုးများ၏ ဥဘ၀ ပိုးတီဘ၀ ရုပ်ဖုံးဘ၀ ပိုးကောင်ကြီးဘ၀များတွင်ပင် စားသောက်နိုင်ကြသည်။ အပင်ဖျက်ပိုးများ၏ ဥများအကြား လိပ်ခုံးကျိုင်းအမများသည် ဥများဥချခဲ့ပြီး ဥမှ ပေါက်သည်နှင့် တပြိုင်နက် ဖျက်ပိုးများကို တရစပ် စားသောက်လေတော့သည်။ လိပ်ခုံးကျိုင်းတကောင်သည် သူ၏ သက်တမ်းအတွင်း အနဲဆုံး ဖျက်ပိုးကောင်ရေ ၅၀၀၀ ခန့်မျှ စားသောက်နိုင်ပြီး အရွယ်ရောက်လိပ်ခုံးကျိုင်းသည် အများဆုံးကောင်ရေ ၅၀ခန့် စားသောက်တတ်ကြသည်။
No automatic alt text available.
တချို့သောမျိုးစိတ်များသည် ဖျက်ပိုးတမျိုးတည်းကိုသာ စွဲစွဲမြဲမြဲစားသုံးတတ်သလို အချို့မျိုးစိတ်များလည်း ဖျက်ပိုးမျိုးစိတ် အနည်းငယ်မှ အတော်အတန်ကျယ်ပြန့်စွာ စားသုံးတတ်ကြသည်။

တခြားအင်းဆက်များကဲ့သို့ ဥဘ၀(၃-၇ရက်)၊ ပိုးတီဘ၀(၂-၄ ပတ်)၊ ရုပ်ဖုံးဘ၀ (၅-၇ ရက်)၊ ပိုးကောင်ကြီးဘ၀ (လအနည်းငယ်မှ ၂နှစ်ကျော်) စသည်ဖြင့် ဘ၀စက်ဝန်း ကို ဖြတ်သန်းပြီး သက်တမ်းအားဖြင့် ၁နှစ်မှ ၃နှစ်အထိရှိသည်။ သူ့ဘ၀သက်တမ်းတလျှောက်မှာ ဥပေါင်း ၁၀၀၀ခန့်ပင် ဥနိုင်ကြသည်။
No automatic alt text available.
၎င်းမျိုးစိတ်များမှ အချို့သော မျိုးစိတ်များမှာမူ အပင်ဖျက်ပိုးများ မစားဘဲ အပင်များ၏ အရွက်၊ အပွင့်၊ အသီးများကို စားသောက်တတ်သည်။ Squash Beetle, Maxican Bean Beetle, Colorado Potato Beetle (Ten-Striped Spearmen) စသော လိပ်ခုံးကျိုင်းမျိုးများမှာမူ အပင်များစားသောကြောင့် ဖျက်ပိုးစာရင်းဝင်ဖြစ်သည်။

လိပ်ခုံးကျိုင်းအမများသည် မိမိတို့၏ဥများ ဥချရာတွင် သန္ဓေအောင်သောဥများအပြင် သန္ဓေမအောင်သော ဥများပါ ဥတတ်လေ့ရှိသည်။ အကြောင်းမှာ မိမိတို့ နောက်မျိုးဆက် သားကောင်များသည် အကယ်၍များ စားသောက်စရာ မတွေ့ခဲ့ပါက ဆက်လက်အသက်ရှင်ဖို့ရန် လိုအပ်သော ပရိုတိန်းအာဟာရဓာတ်ကို သန္ဓေမအောင်သော ဥများမှ လတ်တလော ရရှိစေခြင်းဖြစ်သည်။ စားသောက်စရာ လုံးဝမရှိသော အငတ်ဘေးကြုံသည့်အခါများတွင်မူ လိပ်ခုံးကျိုင်းတို့သည် ၎င်းတို့အချင်းချင်း ပြန်လည်စားသောက်သော အလေ့ရှိပါသည်။
No automatic alt text available.
အေးသောရာသီများတွင် ၎င်းတို့သည် နွေးသောနေရာများတွင် ရှာကြံနေကာ အုပ်စုလိုက်ဖွဲ့နေတတ်ကြသည်။ ၎င်းအချင်းချင်း အုပ်စုဖွဲ့နေခြင်းအားဖြင့် ခန္ဓာကိုယ်အပူချိန်ကို အချင်းချင်းမျှဝေရရှိသောကြောင့် အဆင်ပြေလေ၏။
လိပ်ခုံးကျိုင်းတွေရဲ့ ရန်သူတွေကတော့ အင်းဆက်စားငှက်များ (ကျီးကန်း၊ ပျံလွှား၊ စသည်)၊ အင်းဆက်စား အင်းဆက်များ (နကျယ်၊ ပုဇဉ်း၊ ပုရွက်ဆိတ်၊ စသည်)၊ တခြား (ဖား၊ ပုတ်သင်၊ စသည်)၊ ကပ်ပါးမှို၊ စသည်တို့ဖြစ်သည်။ သို့သော် လိပ်ခုံးကျိုင်း၏ တောက်ပသော တောင်ပံအရောင်ကြောင့် ၎င်းကို ရန်မူမည့် သတ္တ၀ါများအား “အန္တရယ်ရှိသည် ခပ်ဝေးဝေးနေ” ဆိုသကဲ့သို့ ခြောက်လှန့်နေသယောင်။ ထို့အပြင် လိပ်ခုံကျိုင်းတို့သည် ခြေတံခေါက်ကွေးမှ အဆိပ်ငွေ့တမျိုးထုတ်လွှတ်တတ်သည်။ ထိုအဆိပ်ငွေ့သည် အနံ့ဆိုးကာ တော်ရုံရန်မူမည့်သူများ ကြောက်လန့်၍ အနားမကပ်နိုင်ဘဲ မူးဝေစေတတ်သည်။ တခါတရံ မည်သို့မျှ မတတ်နိုင်သည့်အဆုံး သေသယောင်လည်း ဟန်ဆောင်တတ်ကြသေးသည်။

သမိုင်းဝင် Ladybugs

ကမ္ဘာမြေတွင် ဆွဲအားကြောင့် ပုံမှန်အားဖြင့် လိပ်ခုံးကျိုင်းတို့က ပျများအား ဖမ်းယူစားသောက်စဉ် ပျတို့က အရွက်ပေါ်မှ ခုန်ချကာ တခါတရံ ရှောင်တိန်းလွတ်နိုင်လေသည်။ ဆွဲအားလုံးဝမရှိသောနေရာတွင် ပျတို့က မည်သို့ရှောင်တိန်းမည်ကို စမ်းသပ်သည့်အနေဖြင့် ၁၉၉၉ ခုနှစ်က Eileen Collins ဦးဆောင်တဲ့ နာဆာရဲ့ အာကာသလွန်းပျံယာဉ်မှာ လိပ်ခုံးကျိုင်းလေးကောင်နှင့် ပျတချို့နဲ့ သစ်ရွက်တချို့ကို သယ်ဆောင်ခဲ့ဖူးပါသည်။ အဖြေကတော့ လိပ်ခုံးကျိုင်းများက ပျများကို အမိအရဖမ်းယူစားသောက်နိုင်ခဲ့ကြောင်း လေ့လာခဲ့သည်။

အမည်နာမ စတင်ဖြစ်ပေါ်လာပုံ

လိပ်ခုံးကျိုင်းကို Ladybug, Ladybird, Lady beetle စသဖြင့် ခေါ်ဝေါ်ကြပါသည်။ အင်းဆက် ဘာသာဗေဒအရ bug ဆိုသည့် ဂျပိုးသည် Hemiptera (*1) order မျိုးစဉ်မှာပါဝင်သည်။ လိပ်ခုံးကျိုင်းသည် အမှန်စင်စစ် bug မဟုတ်ဘဲ beetle ပိုးတောင်မာ မျိုးဖြစ်သည်။ Coleoptera (*2) Order မျိုးစဉ်မှာ အကျုံးဝင်သည်။
ဥရောပတွင် ၎င်းလိပ်ခုံးကျိုင်းကို Ladybird, Ladybird Beetle ဟု ခေါ်တွင်ကြပြီး အမေရိကန်တို့မှ Ladybird အစား Ladybug ဟု ပြောင်းလဲ ခေါ်တွင်စေရာမှ လိပ်က ဂျပိုးဖြစ်လေတော့သည်။ သို့သော်သိပ္ပံပညာရှင်တို့ကမူ Lady Beetle ဟုသာ ရည်ညွှန်းလေ့ရှိသည်။

ထို Lady Beetle ဖြစ်ပေါ်လာပုံ Lady ဟူသော အသုံးအနှုန်း စတင်ဖြစ်ပေါ်လာပုံကား ဥရောပ အလယ်ရာစု (ခန့်မှန်း အေဒီ ၅ရာစုမှ ၁၅ ရာစုကြား) တွင် သီးနှံစိုက်ခင်းများ၌ ဖျက်ပိုးများအလွန်းအမင်း ကြရောက်စဉ် လယ်သမားများက အပျိုစင် မာရီ (ယေရှူ ခရစ်၏ မယ်တော်) ထံ ဆုတောင်းသမှုပြုကြသည်။ ထို့နောက် ၎င်းတို့သည် လယ်ကွင်းထဲ၌ လိပ်ခုံးကျိုင်း (ကျောကုန်း၌ အမည်းစက် ၇ ပေါက်ပါသော လိပ်ခုံးကျိုင်း) များကို မြင်တွေ့ရပြီး သီးနှံဖျက်ပိုးများ သိသိသာသာ လျော့နည်းသွားသည်ကို တွေ့ခဲ့ရသည်။ ထိုအချိန်မှစ၍ ၎င်းတို့ကို ကံကောင်းခြင်း အထိန်းအမှတ်ဖြင့် ဂျာမနီဘာသာဖြင့် Marienkafer အင်္ဂလိပ်လို Mary Beetle ဟု ခေါ်တွင်ခဲ့ကြသည်။ နောက်ပိုင်းတွင် အပျိုစင်မာရီအစား Lady ဟု တင်စားခေါ်တွင်၍ Lady Beetle ဟူ၍ ဖြစ်လာခဲ့သည်။
*1 ဂရိစကားလုံး Hemi + pteron ဖြစ်ပြီး Hemi သည် Half တ၀က် pteron သည် Wing တောင်ပံကို ဆိုလိုသည်။ ထိုအင်းဆက်တို့၏ ရှေ့တောင်ပံသည် ခန္ဓာကိုယ်၏ အပြည့်နီးပါး မရှိဘဲ တ၀က်သာသာ ရှိသောကြောင့် ၎င်းအမည်တွင်သည်။ ထိုအင်းဆက် အုပ်စုတွင် ပုဇဉ်းရင်ကွဲ၊ ကျိုင်း၊ ပျ၊ အပင်စုပ်ဂျပိုး စသည်တို့ ပါဝင်သည်။
*2 Coleoptera သည် Sheath Wings ဟု အဓိပ္ပာယ်ရပြီး တောင်ပံဝတ်ရုံလွှာ ဆိုသည့်အတိုင်း ၎င်းအင်းဆက်၏ တကိုယ်လုံး ဖုံးလောက်အောင် တောင်ပံမာကလွှမ်းခြုံထားသည်။ ပိုးတောင်မာ မျိုးစိတ်ပေါင်း သုံးသိန်းခွဲခန့်ရှိပြီး အင်းဆက်အားလုံး၏ လေးပုံတပုံခန့်ရှိသည်။

ကိုဝေအောင်
၂၆.၇.၂၀၁၄ (၀၂း၃၀)အပင်တွေကို ဒုက္ခပေးတဲ့ ပျ၊ ယင်ဖြူ၊ ဖြုတ်၊ လိပ်ပြာနဲ့ တခြား ဖျက်ပိုးတွေကို ဖမ်းယူစားသောက်ပစ်လို့ ကျနော်တို့ တောင်သူတွေအတွက် မိတ်ဆွေပိုးပါပဲ။ ပျ၊ ယင်ဖြူလို အကောင်တွေက အပင်တွေကို ဖျက်စီးစားသောက်ရုံတင်မကပါဘူး အပင်တွေဆီ ရွက်လိပ်ရောဂါဖြစ်စေမယ့် Virus ကိုသယ်ဆောင်လာတဲ့ အဓိက တရားခံလဲ ဖြစ်ပါတယ်။ လိပ်ခုံးကျိုင်းတွေက ဒီ ပျ၊ ယင်ဖြူတွေကို သူတို့ သက်တမ်းတလျှောက် အကောင်ရေ ၅၀၀၀ခန့် စားသောက်ဖျက်စီးနိုင်တာကြောင့် အင်မတန်အားကိုးရမယ့် မိတ်ဆွေပိုးပါ။
တခါ ဒီ လိပ်ခုံးကျိုင်းတွေကိုပဲ ဖမ်းယူစားသောက်တတ်တဲ့ ငှက်၊ ဖား၊ ပုတ်သင်၊ စတာတွေရှိပါတယ်။ လိပ်ခုံးကျိုင်းရဲ့ တောက်ပတဲ့ တောင်ပံအရောင်နဲ့ ပုံစံတွေက သူတို့ရဲ့ ရန်သူတွေကို အန္တရယ်သတိပေး ဆိုင်ဘုတ်ပမာ ရှောင်ရှားနိုင်စေပြီး သူ့ရဲ့ တံခေါက်ကွေးမှ အဆိပ်ဓာတ်ငွေ့လွှတ်ခြင်းဖြင့်လဲ ရန်သူကို ကာကွယ်နိုင်ပါတယ်။

တကယ်တော့ ငှက်၊ ဖား၊ ပုတ်သင်ကလဲ ဒီအကျိုးပြုမိတ်ဆွေ လိပ်ခုံးကျိုင်းတမျိုးတည်းကိုပဲ စားသောက်တာတော့ မဟုတ်ပါဘူး။ တခြား ဖျက်ပိုးအများစုကိုလဲ စားသောက်တတ်ပါတယ်။ ဒါကြောင့် တွေးတတ်ရင် လောကကြီးမှာ ဘယ်အရာမှ ဗိုလ်ဆိုတာမရှိပါဘူး။ ဒီလိုဖြစ်အောင်လဲ သဘာဝဓမ္မက သူ့အလိုလို ထိန်းညှိပေးထားတာပါ။ ဒီတော့ ကျနော်တို့တွေက ဒီသဘာဝဓမ္မတွေကို ကောင်းကောင်းနားလည်ပြီး အသုံးချနိုင်ရင် မိမိအတွက်ပိုပြီး အကျိုးရှိမှာပါ။
ဥရောပနဲ့ အနောက်နိုင်ငံ စိုက်ပျိုးရေးဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာ ဒီအကျိုးပြုမိတ်ဆွေတွေဖြစ်တဲ့ လိပ်ခုံးကျိုင်းလို သားရဲအင်းဆက်တွေ၊ ဖျက်ပိုးတွေတိုက်ပေးတဲ့ ကပ်ပါးမှိုတွေ၊ မြေဆီလွှာပြုပြင်ပေးတဲ့ တီကောင်တွေကို မိမိတို့ စိုက်ခင်းအတွက် ၀ယ်ယူ မွေးမြူပြီး Biological control လို့ ခေါ်တဲ့ ဇီဝနည်းဖြင့် ထိန်းကျောင်းမှုတွေကို ပြုလုပ်ကြပါတယ်။ ကျနော်တို့ ဆီမှာတော့ ဒါတွေကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့အပြင် လုပ်နေတဲ့သူကိုတောင် စိတ်မနှံ့သူတွေအဖြစ် မြင်နေတာကတော့ အမြင်ကျဉ်းလွန်းပါတယ်။
ကျနော်တွေးမိတာက ဒီလို သဘာဝတရားရဲ့ လျှို့ဝှက်ချက်တွေကို မိမိတို့ရဲ့ နောက်မျိုးဆက်သစ်တွေ အလွယ်တကူ သိရှိနားလည်စေဖို့ပါ။ ဆိုလိုတာ ကလေးငယ်တွေရဲ့ သင်ရိုးညွှန်းတမ်းတွေမှာ ဒါကျက်ဒါဖြေအစား ဥပမာပြရရင် လယ်ကွင်းတွေထဲက မိမိတွေ့ရာ ပိုးကောင်တကောင်ကောင်ကို ဖမ်းခဲ့ခိုင်းပြီး အဲ့ဒီပိုးကောင်တွေအကြောင်း ဆရာမက ပြန်လည်သင်ကြားပေးမယ်ဆိုရင် ကလေးတွေလဲ စိတ်ဝင်စားမှု၊ တက်ကြွမှု ရှိလာပြီး ငယ်ငယ်ကတည်းက လက်တွေ့စာတွေ့ သဘော သိရှိသွားမယ်။ အဲ့ဒီဖမ်းလာတဲ့အထဲ ဘယ်အရာတွေက အကျိုးပြုတယ် ဘယ်အရာတွေက အကျိုးမပြုဘူးဆိုတာ ကောင်းကောင်း နားလည်သွားမယ်။ ဒီလိုနဲ့ပဲ သဘာဝလောကကြီးကို တစတစ နားလည်သွားစေမယ်။
တကယ်သာ ဒီလိုနားလည်သွားမယ်ဆိုရင် သဘာဝလောကကြီးကို ချစ်တတ်လာတဲ့စိတ်တွေ သူတို့ကိုယ်စီမှာ ကိန်းအောင်းသွားမှာပါ။ အဲ့လို သဘာဝကို ချစ်တတ်လာတဲ့ နူးညံ့တဲ့ ကလေးတွေရဲ့ စိတ်မှာ သူ့ရဲ့ ပတ်ဝန်းကျင်ကိုလဲ ချစ်တတ်လာမယ်။ အကောင်းမြင်လာမယ်။ ပိုပြီးကောင်းမွန်အောင် ဖန်တီးပေးချင်လာမယ်။ ဒီလိုနဲ့ ဆိုင်ရာဆိုင်ရာ ဒေသအသီးသီးမှာ လောကကိုချစ်တတ်တဲ့ ကလေးတွေကို မွေးဖွားလာစေမယ်။ ဒီကလေးတွေကပဲ တချိန် လူကြီးတွေ ဖြစ်လာမှာလေ။
ကျနော်ပေးတဲ့ ဥပမာက ပိုးကောင်တခုထဲတင်မဟုတ်ဘူး။ အပင်လေးတွေလဲ ပါမယ်။ တိရစ္ဆာန်တွေလဲပါမယ်။ သတ္တလောကတခုလုံး ပါဝင်မယ်။ ကလေးတယောက်က သုံးမျိုးပဲ ယူလာစေအုံး။ အတန်းထဲ ကလေး ၅၀ ဆိုရင် အမျိုးထပ်ရင်တောင် အနဲဆုံး ပိုးကောင် ၅၀ အကြောင်းကို သိသွားမယ်။ သူတို့ရဲ့ တပတ်စာသင်ခန်းစာက တကယ်ကို တန်းဖိုးရှိစေမှာပါ။
စိတ်ထဲ တွေးမိတာလေးပါ။

ခင်မင်တဲ့
ကိုဝေအောင်

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...