
Wednesday, March 7, 2018
ရှားစောင်းလက်ပတ်ပင်စိုက်ပျိုးနည်း
ပူပြင်းခြောက်သွေ့သော ဒေသများတွင်ပင် စိုက်ပျိုး ဖြစ်ထွန်းပြီး အလွန် အကြမ်းခံသော အပင်တစ်မျိုး ဖြစ်သည်။
#ယင်းအပင်သည်ဆေးဖက်ဝင်သောအကျိုးကျေးဇူးများကြောင့်သဘာဝနတ်ဆေးပင်အဖြစ် လူသိများသည်။အာဖရိကနှင့် မက်ဒီတာရေးနီးယန်း ဒေသများတွင် စတင်ပေါက်ပွားသော အပင်ဖြစ်သည်။
#လီလီရေးစီးဟုခေါ်သောအပင်မျိုးရင်းဝင်တစ်ခု ဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ သြစတေးလျ၊ အာဖရိက၊ မက်ဆီကန်နှင့် ယူစက်အေတို့တွင် စီးပွားဖြစ်စိုက်ပျိုး ထုတ်လုပ်ကြသည်။
#ရှားစောင်းလက်ပင်ကို အလှကုန်ပစ္စည်း ထုတ်လုပ်ခြင်းနှင့်စားသောက်ကုန်ထုတ်လုပ်ခြင်းများတွင်လည်း ကျယ်ပြန့်စွာအသုံးပြုကြသည်။
(၁) ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
အရေပြားဆိုင်ရာကုထုံးများအတွက်အသုံးတည့်ပြီး အလှကုန် ပစ္စည်းများတွင် အသုံးပြုရန် အကောင်းဆုံး သဘာဝ ပစ္စည်း ဖြစ်သည်။
ဝက်ခြံ၊ တင်းတိပ် ပျောက်၍ ဆီး၊ ဝမ်း၊သွေး၊ လေ မှန်စေပြီး ကျန်းမာစေသည်။ အမိုက်နို အက်စစ်၊ အဆီဓာတ်၊ သက်စောင့်ဓာတ် နှင့်ကိုယ်ခံအား ကောင်းစေပြီး နှလုံးကိုကောင်းမွန်စေကာ အဆိပ်အတောက်ကို ပြေစေသည့် အစွမ်းသတ္တိ များရှိသည်။
(၂) ရာသီဥတု လိုအပ်ချက်
အခြေခံအားဖြင့် နွေးသမပိုင်းဇုံကို ကြိုက်နှစ်သက်သည်။
သို့သော်ရာသီဥတုအခြေအနေအမျိုးမျိုးတွင်စိုက်ပျိုးနိုင်သည်။
အကောင်းဆုံးသော စိုက်ပျိုးနိုင်သည့် ရာသီဥတု အခြေအနေမှာ မိုးရေချိန် နည်းပြီး ခြောက်သွေ့၍ ပူနွေးစိုစွတ်သော အခြအနေမျှိုး ဖြစ်ပြီး ဆီးနှင်းဒဏ်နှင့် အေးမြသော ရာသီဥတုကိုခံနိုင်ရည်မရှိပါ။
(၃) မြေဆီလွှာ အခြေအနေ
သဲဆန်သောမြေမှသည် နူံးမြေအမျိုးအစားထိ မြေအမျိုးအစား အများအပြားတွင် စိုက်ပျိုး ဖြစ်ထွန်း နိုင်သည်။ သို့သော် အကောင်းဆုံးသော မြေအမျိုးအစားမှာ သဲဆန်သောမြေ ဖြစ်သည်။
ရေဝပ်ခြင်းကို မကြိုက်သော အပင် အမျိုးအစားဖြစ်၍ ရေသွင်းရေထုတ် ကောင်းမွန်သော မြေကိုသာ ရွေးချယ်ရမည်ဖြစ်သည်။
မြေချဉ်ငန်ဓာတ် ၈.၅ အထိ ကောင်းစွာ ရှင်သန် ဖြစ်ထွန်းနိုင်ပြီး ဝါစိုက်မြေများတွင်ကောင်းစွာ ဖြစ်ထွန်းနိုင်၍ ဆားပေါက်မြေတွင်လည်း ဖြစ်ထွန်းနိုင်သည်။
(၄) ပင်ပိုင်းဖြတ်၍ စိုက်ပျိုးခြင်း
ရှားစောင်းလက်ပင်သည် မြစ်ပိုင်းများးဖြင့် မျိုးပွားနိုင်သည်။
ပင်မ အမြစ်ကြီးကို မထိခိုက်အောင် ဂရုစိုက်၍ အမြစ်အတက်သေးများကို ဖဲ့ယူပြီး အပင်သစ် စိုက်ပျိုးနိုင်သည်။ အမြစ်တက်များကို လက်ညှိုးတစ်ချောင်း အရှည်ခန့်ဖြတ်၍ အဆစ် နှစ်ခုမှ သုံးခုထိ ဖြတ်၍ အပင်သစ်များ ထပ်မံ စိုက်ပျိုးနိုင်သည်။
ပျိုးခင်းအတွက်သဲဆန်သောမြေကို အသုံးပြုနိုင်ပြီး အမြစ်ပိုင်းမှအတက်လေးများ ထွက်လာပါက စိုက်ခင်း အတွင်းသို့ ပြန်ရွေ့စိုက်ပါ။
ပျိုးခင်း တစ်ဧက အတွက် အမြစ်အတက်ပေါင်း တစ်သောင်းခွဲခန့်ကို ပုံမှန်အားဖြင့် လိုအပ်သည်။
(၅) မြေပြင်ခြင်း
မြေကိုအတတ်နိုင်ဆုံး ဖွ၍ မွအောင် ထားနိုင်လေ အပင် ပိုမိုကောင်းလေ ဖြစ်သည်။
ကောင်းစွာ ဆွေးမြေ့သည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းနှင့် သဘာဝမြေဆွေးကို တစ်ဧကလျှင် နွားလှည်း ဆယ့်ငါးစီးမှ နှစ်ဆယ်ထိ ထည့်သွင်းသင့်သည်။
လက်တစ်မိုက် အကွာရှိမြောင်းများဖော်၍ အမြစ်ပိုင်းများကို တစ်ခုနှင့်တစ်ခု တစ်မိုက်စီ ခွာ၍ စိုက်နိုင်သည်။
တစ်ဧကတွင် အပင်တသောင်းခွဲမှ နှစ်သောင်းအထိ ဆန့်ဝင်ပြီး အပင်ကြီးထွားမှု့ကောင်းမွန်ပါက ပင်ကြား တန်းကြားကို ၁၆လက်မ × ၁၈ လက်မ သို့မဟုတ် ၂၄လက်မ × ၁၂ လက်မ အကွာအဝေး ရရှိအောင် အပင်မှုန်းသင့်သည်။
(၆) ရေသွင်းခြင်း
ရှားစောင်းလက်ပပ်ကို မိုးအားကိုး၍ စိုက်ရသော ဒေသတွင် ရေသွင်း၍လည်း စိုက်ပျိုးနို်င်သည်။ ရေသွင်းခြင်းကို အမြစ်ပိုင်းချစိုက် စိုက်ပြီးခြင်း ပြုလုပ်ရန် လိုအပ်သည်။
ပူပြင်း၍ ခြောက်သွေ့သော ဒေသတွင်မူ နှစ်ကြိမ်ထိ ရေသွင်းပေးသင့်သည်။ မိုးရာသီတွင် မိုးရေဝပ်ခြင်း၊ ရေတိုက်စားခြင်းများ ဖြစ်ပေါ်နိုင်၍ ပိုမို ရေသွင်းရေထုတ် ပြုလုပ်မည့် ကြိမ်ရေကို ဂရုတစိုက် ပြုလုပ်ပေးသင့်သည်။
(၇) ပေါင်းနှိမ်ခြင်း
မြေဘောင်တင်ခြင်းကို ပြုလုပ်သင့်ပြီးပေါင်းနှိမ်ခြင်းကိုလဲအချိန်အပိုင်းအခြားထား၍ ဘောင်တင်ခြင်း နှင့်အတူ ပြုလုပ်သင့်သည်။
(၈) မြေဆီသြဇာကျွေးခြင်း
နှစ်စဉ် နှစ်တှိုင်း ကောင်းစွာဆွေးမြေ့သည့် တိရစ္ဆာန်စွန့်ပစ် ပစ္စည်းနှင့် သဘာဝမြေဆွေး ကို တစ်ဧက လျှင် နွားလှည်း ဆယ့်ငါးစီးမှ နှစ်ဆယ်ထိ ထည့်သွင်းသင့်သည်။
ဓာတုမြေသြဇာ သုံးစွဲလိုပါက နိုက်ထရိုဂျင်၊ တီစူပါ၊ ပိုတက် (NPK)ကို တစ်မျိုးလျှင် ၁၂ ပိဿခန့် အသုံးပြုနိုင်သည်။
(၉) ပိုးမွှားနှင့် ရောဂါ
သံချေးမှို၊ ပင်စည်ပုပ်နှင့် ဘတ်တီးရီးယားပျော့ပုပ်များ အဖြစ်များသည်။
(၁၀) ရိတ်သိမ်းခူးဖြတ်ခြင်း
စိုက်ပြီး နောက်တစ်နှစ်တွင် အရွက်ဖြတ်နိုင်ပြီ ဖြစ်ပြီး တစ်ပင်တွင် အရင့်ဆုံးအရွက်သုံးခုမှလေးခုအထိ ဖြတ်ယူ နိုင်သည်။
မနက်ခင်း သို့မဟုတ် ညနေခင်းတွင် ဖြတ်ယူခြင်းကို ပြုလုပ်သင့်ပြီး တစ်နှစ်လျှင်သုံးကြိမ်ရိတ်သိမ်းဖြတ်ယူ နိုင်သည်။ လုပ်သားကုန်ကျစားရိတ်အနဲဆုံးသော သီးနှံလည်းဖြစ်ပြီးငါးနှစ်လျှင်တစ်ကြိမ် အသစ်ပြန်လည် စိုက်ပျိုးသင့်သည်။ဘေးတက်မှ ထွက်သော အမြစ်ပိုင်းများကိုလည်း ပြန်လည် စိုက်ပျိုး နိုင်သည်။
(၁၁) ရိတ်သိမ်းချိန်လွန် ပြုလုပ်သင့်သည့် အချက်များ
အရွက်များ ရိတ်သိမ်းဖြတ်ပြီးပါက အရွက်များ ခြောက်သွေ့ မသွားအောင် ဂရုတစိုက် ထိန်းသိမ်းသင့်သည်။ စိုက်ကွင်းထဲတွင် ဖြတ်ပြီးသွားသော ရှားစောင်းလက်ပပ် ရွက်များ ခြောက်သွေ့ မသွားအောင်လည်း ဂရုစိုက်၍ သယ်ယူ သင့်သည်။
ဖြတ်ထားသော အရွက်၏ ဖြတ်ရာမှ မှိုများ မလိုက်လာအောင်လဲ ခြောက်သွေ့၍ အေးမြသော နေရာတွင် ထားပါ။ ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် သိုလှောင် သိမ်းဆည်းပါ။
စိုက်ပြီး ဒုတိယနှစ်မှ ငါးနှစ်တိုင်တိုင် ခူးဆွတ်ရိတ်သိမ်း နိုင်သည်။
ပုံမှန်အားဖြင့်တစ်ဧကတွင် အထွက်နှူန်းသည် အရွက်ထူ ၉၀၀၀- ၁၁၀၀၀ကြား ဝန်းကျင် ရှိပြီး လူသုံး ဆေးကုမ္ပဏီ နှင့် အလှကုန်ပစ္စည်း ကုမ္ပဏီ များတွင် ပို့နိုင်သည်။
#နိုင်ငံတကာဈေးကွက်တစ်ခုအဖြစ်တည်ရှိနေသောသီးနှံတစ်မျိုး ဖြစ်ပြီး မိုးနဲဒေသများနှင့် ပူပြင်း ခြောက်သွေ့သော ဒေသတွင် တစ်ကြိမ်သာ စိုက်ရန်လိုအပ်ပြီး ငါးနှစ်တိုင်တိုင် ခူးဆွတ် နိုင်သောကြောင့်လွန်စွာအဆင်ပြေသောသီးနှံဖြစ်ပါသည်။
အသုံးဝင်ပုံ
ရှားစောင်းလက်ပတ်ပင်( Aloe Vera) တစ်ပင်တည်းနဲ့ကိုပဲ သင့် ရဲ့ခေါင်းအစ ခြေအဆုံး တစ်ကိုယ်ရည်ကျန်းမာရေးအတွက် အလုံး စုံအသုံးဝင်လိမ့်မယ်ဆိုရင် ဒါကတကယ့်ကို ထူးခြားပြီးအဖိုးတန် ပါတယ်။ သင့်ပတ်ဝန်းကျင်မှာလည်း အလွယ်တကူပဲ ရရှိနိုင်လို့ ကောင်းကျိုးတွေအတွက် အသုံးချနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါ တယ်။
အစာအိမ်အတွက် ကောင်းကျိုးတွေပေးနိုင်ပါတယ်။ အစာမကျေတာ တို့၊ လေပွတာတို့၊ အစာချေဖြတ်စနစ်တွေ မကောင်းမွန်တာတွေအ တွက်အကောင်းဆုံး ကုသဖြေရှင်းပေးနိုင်ပါတယ်။
သွေးဖြူဥတွေ ထုတ်လုပ်မှုတွေမှာ ပံ့ပိုးပေးနိုင်ပါတယ်။
ခန္ဓာကိုယ်တွေ တောင့်တင်းကိုက်ခဲတာတို့၊ ကြွက်သားနာကျင် ယောင်ယမ်းတာတွေအတွက် ကုသပျောက်ကင်းပေးနိုင်ပါတယ်။
အယ်ဇိုင်းမား၊ အမေ့ရောဂါအတွက်လည်း ကုသပေးနိုင်ပါတယ်။
အရေပြားရောဂါ၊ အရေပြားအလှကျန်းမာရေးတွေအတွက်လည်း ရှားစောင်းလက်ပတ်အပင်ကို အသုံးပြုနိုင်ပါတယ်။
ဒဏ်ရာတွေ၊ အနာတရတွေကို မြန်ဆန်စွာကျက်စေနိုင်ပါတယ်။
သွေးစီးဆင်းလည်ပတ်မှုနှုန်းကို ပံပိုးပေးနိုင်ပါတယ်။
သွေးအတွင်းက သကြားဓာတ်ကို ထိန်းသိမ်းလည်ပတ် ပေးနိုင်ပါတယ်။
အသားရေကို ကြည်လင်လှပစေပါတယ်။
ဆံကေသာအတွက်လည်း အကောင်းဆုံးပံ့ပိုး ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးနိုင်ပါတယ်။
Lu Gyan Gyi

Subscribe to:
Post Comments (Atom)
ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )
ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...

-
အခန်း၁။ ဇာတ်ကောင်များနှင့်မိတ်ဆက်ပေးခြင်း။ ကိုရင်ဦးမောင် အိမ်ထောင်ပြုတော့ အသက်က ၂၇ ရှိပြီ။ ဘာဖြစ်လို့ အဲလောက်တောင် အချိန်ဆွဲနေခဲ့မိလဲ ဆိုေ...
-
ရဲဆိုး part 2..( ပန်းရိုင်း ) ရဲမှူး ဟန်သာကျော်သည် သူ ရိုက်ထားတဲ့ စနေမ ရဲ့ ဓါတ်ပုံတွေကို သူ့ဖုန်းထဲမှာ ကြည့်နေသည် ။ ကုတင်ပေါ်မှာ ပက်လက် လှဲေ...
-
ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...
No comments:
Post a Comment