
Monday, March 5, 2018
ငွေပိုးမျှင်တို့ ရစ်ဖွဲ့ရာ.....
လေးဘက်လေးတန် ကာရံထားသည့် ထရံကာ၊ သမံတလင်း ဂိုဒေါင်ပုံစံ ခြံငယ်လေးထဲတွင် မနန်းရီတစ်ယောက် ပိုးကောင်ငယ်လေးများနှင့် အလုပ်ရှုပ်နေသည်။ သူမကိုင်တွယ်နေသည့် ပိုးကောင်ငယ်လေးများသည် မန္တလေးမြို့ အမရပူရရက်ကန်းရုံများမှ ပိုးထည်များရက်လုပ်ရန် ကုန်ကြမ်းပိုးချည်မျှင်များထုတ်ပေးသည့် ပိုးကောင်ငယ်လေးများဖြစ်သည်။ ပိုးစာပင်ဖြစ်ထွန်းသော ပြင်ဦးလွင်၊ နောင်ချို၊ ဘန့်ဘွေး၊ ရွာငံစသော ဒေသတစ်ဝိုက်တွင် ပိုးထည်ထုတ်သည့် ပိုးကောင်ငယ်လေးများကို မွေးမြူသော တစ်နိုင်တစ်ပိုင်ခြံလေးများ အမြောက်အမြားတွေ့ရှိနိုင်သည်။
ပိုးထည်ဟူသည့်အတိုင်း ပိုးကောင်ငယ်လေးများမှရသည့် ပိုးမျှင်အစစ်ဖြင့် ရက်လုပ်သော အမရပူရအချိတ်ပိုးထည်များသည် မြန်မာ့ရေမြေရာသီဥတုနှင့် ကိုက်ညီသည့်အပြင် ဒီဇိုင်းဆန်းလျှင် ဆန်းသလို ပိုးထည်တိုက်များမှာ ဈေးပိုပေးရ သည်က အများအသိပင်ဖြစ်သည်။ နူးညံ့ချောမွေ့သော ပိုးသားအချိတ်ထည် တစ်ထည်ရဖို့ရန် ရက်ကန်းသမများ ကြိုးစားအားထုတ်ရသလို ပိုးမွေးမြူသူတို့ကလည်း ပိုးကောင်ငယ်လေးများကို တယုတယ မွေးယူရသည်။ ထို့ကြောင့်ပင် မြန်မာစကားပုံက ပိုးမွေးသလို တယုတယ မွေးရသည်ဟု ခိုင်းနှိုင်းကြခြင်းဖြစ်မည်။
နောင်ချိုမြို့နယ်ရှိ ရွာများတွင် ပိုးခြံများစတင်လုပ်ကိုင်သည်မှာ ၂ နှစ် သုံးနှစ်ခန့်သာ ရှိဦးမည်ဟု မနန်းရီက ဆိုသည်။ ပိုးမွေးမြူရာတွင် အခြေခံပိုးခြံ အဆောက်အအုံ၊ ပိုးအိမ်ဖွဲ့ရန် ဂျပ်ထူစက္ကူကတ်များ၊ ပိုးစာပင်စိုက်ရန် မြေနေရာ အနည်းငယ်စိုက်ရုံနှင့် လုပ်ငန်းစတင်နိုင်သောကြောင့် အခြားသီးနှံများထက် ပိုးမွေးမြူခြင်းကို ပိုမိုလုပ်ကိုင်လာကြသည်ဟုဆိုသည်။
ပိုးတို့၏ သဘာဝအရ ပူပြင်းသော ရာသီဥတုတွင် မဖြစ်ထွန်းဘဲ အအေးပိုင်း သမပိုင်း ရာသီဥတုများတွင်ပိုဖြစ်ထွန်းသောကြောင့် ပြင်ဦးလွင်တစ်ဝိုက်သည် ပိုးခြံများ ဖြစ်ထွန်းလာသည်ဟုဆိုရမည်။ ပိုးခြံတစ်ခြံစတင်ပြီဆိုသည်နှင့် ပိုးကောင် ပေါက်များသွင်းပေးမည့် တရုတ်ကုန်သည်များ၊ ပိုးအိမ်များ ဈေးကွက်ထဲပေါက်ဈေးဖြင့် ပြန်ကောက်ပေးမည့် ပိုးကုန်သည်များက အလျှိုလျှိုရောက်လာသည်။
ပိုးကောင်ပေါက်များပါဝင်သော ခြင်းတစ်ခြင်းလျှင် ရှစ်သောင်းခန့်ရင်းရုံနှင့် ရက်၂၀ခန့်ကြာလျှင် လေး၊ ငါးသိန်းခန့် ရနိုင်သောကြောင့် ပိုးမွေးသူတို့အတွက် အခြားသီးနှံများ စိုက်ပျိုးသည်ထက် အမြတ်ပိုကျန်သည်ဟု ဆိုရမည်။
ပိုးခြံဆောက်လုပ်ပုံကလည်း ရိုးရိုးရှင်းရှင်းပင်။ မြေကြီးပေါ်တွင် တာလပတ်စခင်း၊ ဝါးလုံးတန်းလေးတိုက်စိုက်၊ အမိုး မိုးပြီး၊ လေးဘက်လေးတန် မိုးလုံလေလုံစေရန် ကာလိုက်ရုံနှင့် ယာယီပိုးခြံတစ်ခု ရနိုင်သည်။ ပိုးခြံစတင်ပြီဆိုလျှင် အခြားပိုးကောင်များမဝင်စေရန် အဖျက်ပိုးများသေစေရန် ထုံးမှုန့်ဖြူးပေးရသည်။
ပြီးလျှင်တော့ ပိုးစာရွက်များ လေးထပ်သို့မဟုတ် ငါးထပ် စုပုံခင်းပြီး ပိုးကောင်လေးများ တင်လိုက်ရုံပင်။ ကုန်သည်မှ လာသွင်းသွားသော တစ်ရက်သားပိုးကောင်လေးများ၏ တာဝန်က ပုံထားသမျှ ပိုးစာရွက်အကုန်စားရခြင်းပင်ဖြစ်လိမ့်မည်။
တစ်နေကုန် ပါးစပ်နှင့် အရွက် အစားမပြတ်သော ပိုးကောင်လေးများကို နိုင်အောင် ခူးကျွေးရန်မှာ ပိုးခြံရှင်၏ တာဝန်သာဖြစ်တော့သည်။ “သူတို့က အစားကြီးတော့ ကိုယ်နိုင်သလောက်ပဲ မွေးတာကောင်းတယ်။ မဟုတ်ရင် အစာငတ်သေကုန်တာနဲ့ ရင်းရတဲ့အရင်းရှုံးတာပဲ” ဟု မနန်းရီကဆိုသည်။
မွေးမည့်ပိုးကောင်ပမာဏ၊ စိုက်သည့် ပိုးစာခင်းမျှတရန် ပိုးခြံပိုင်ရှင်တို့ ချိန်ဆရသည်။ ပိုးမွေးမြူရခြင်းက အခြား ကြက်၊ ဝက်၊ ဆိတ်၊ နွားများမွေးရသည်နှင့်မတူ၊ ထိန်းကျောင်းစရာ၊ ရေတိုက်စရာ သန့်ရှင်းရေးလုပ်စရာသိပ်မလိုလှပေ။ ပိုး စာရွက် နိုင်နိုင်ခူးထားဖို့နှင့် သူ့ရက်နှင့်သူ လိုအပ်သည်များ လုပ်ပေးဖို့သာလိုလေသည်။
မွေးစ တစ်ရက်သားပိုးကောင်ငယ်လေးများသည် နှစ်ရက်ခန့်အစာတ၀စားပြီးသည်နှင့် သုံးရက်မြောက်နေ့တွင် အိပ်စက်လေ့ရှိသည်။ နှစ်ရက်ခန့်အိပ်စက်ပြီး ငါးရက်မြောက်နေ့တွင် အစာပြန်စားလေသည်။ ထိုအချိန်သည် ပိုးအိမ်ဖွဲ့ရန်အားယူနေချိန်ဖြစ်၍ ပိုပြီး ဂရုစိုက်ပေးရသည့် ကာလလည်းဖြစ်သည်။ ပိုးစာရွက်များ လတ်လတ်ဆတ်ဆတ်ရှိစေရန် ခူးပေး၊ ထည့်ပေး၊ လေဒဏ်၊ မိုးဒဏ် ဂရုစိုက်ပေးရင်း ပိုးခြံပိုင်ရှင်များ အလုပ်များရပြီ။
ထိုပိုးကောင်ငယ်လေးများ အစာဝချိန် ၁၄ ရက်သားခန့် ရောက်လာပြီဆိုလျှင်တော့ ပိုးအိမ်ဖွဲ့ရန် ကတ်လေးများချပေးရသည်။ တစ်လမခွဲ-တစ်လက်မပတ်လည် လေးထောင့်အကွက်ငယ်လေးများထဲ ပိုးကောင်ငယ်လေးများ အလျှိုလျှို ဝင်ရောက်ကာ ပိုးအိမ်ဖွဲ့ကြပြီ။
မိမိတို့အပေါ်ယံအရေခွံကို ချွတ်လဲရင်း၊ ပိုးမျှင်လေးများထုတ်ရင်း ပိုးအိမ်ဖြူဖြူလေးများဖြစ်စေရန် ရစ်ဖွဲ့ရသည်။ ပိုးအိမ်လေးထဲတွင်တော့ မကြာမီပျံသန်းရန် အားယူနေသည့် ပိုးတုံးလုံးလေးတွေ။ သို့သော် သူတို့ပျံသန်းခွင့်မရလိုက်ပါ။
၁၉ ရက်သားရောက်ပြီဆိုသည်နှင့် ထိုပိုးအိမ်ငယ်လေးများကို ကတ်မှဖြုတ်ကာ ပိုးကုန်သည်ထံသွင်းရသည်။ ပိုးကုန်သည်တို့ကလည်း လိုအပ်သည့်ပိုးချည်ပမာဏရရန် ငွေကြိုချပေး၊ စရန်ပေးကာ အလုအယက်ဝယ်ရသည်မို့ ပိုးချည်ဈေး ကွက်ကောင်းသည်ဟု ဆိုရမည်။ ပိုးအိမ်လုံးလေးများ ကုန်သည်လက်ထဲရောက်ပြီဆိုသည်နှင့် ပိုးမျှင်ထွက်စေရန် ရေနွေးစိမ်ပြုတ်လိုက်ကြသည်။ ပြီးလျှင်တော့ ချည်မျှင်တွေ တစ်မျှင်ချင်းဆွဲရ ရစ်ရနှင့် ပိုးမျှင်ကုန်ကြမ်းထုတ်လုပ်မှု စတင်တော့သည်။
ပျံသန်းခွင့်မရလိုက်သော ပိုးတုံးလုံးလေးများကတော့ ပိုးအိမ်အတွင်းမှာ အသီးသီးရစ်ဖွဲ့သေဆုံးကုန်ကြသည်။ ထို့ကြောင့်ပင် သားသတ်လွတ်သမားအချို့က ပိုးထည်သည် သားသတ်မလွတ်ဟုဆိုကာ ရှောင်တတ်ကြသည်ဟုလည်း သိရသည်။
မြန်မာ့ရက်ကန်းနှင့် ပိုးထည်သည် ခွဲမရသလို ပိုးထည်လုပ်ငန်းနှင့် ပိုးမွေးမြူရေးလုပ်ငန်းများကလည်း ခွဲမရ။ ပျူခေတ်ကတည်းက စာပေကျမ်းဂန် အထောက်အထားများအရ မြန်မာနိုင်ငံတွင် ပိုးထည်ရက်လုပ်မှု ရှိခဲ့ဖူးသည်။ ပိုးထည်တစ်ထည် ဖြစ်လာစေရန် ပိုးမွေးမြူခြင်းမှစကာ ပိုးထည်ရက်လုပ်ခြင်း အဆင့်ဆင့်တွင် ပိုးမွေးသလို မွေးယူရသည်ချည်းသာ။
အမရပူရ ပိုးထည်အနုပညာ အားလုံး၏ကုန်ကြမ်းဖြစ်သည့် ပိုးခြံများသည် တောင်တန်းဒေသ တောင်သူများအတွက် ရေရှည်တွက်ခြေကိုက်သည့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာသည်။
အရင်းအနှီးနည်းနည်း၊ ရက်နည်းနည်းအချိန်ပေးရုံနှင့် ငွေရင်းထက် ငါးဆခန့်မြတ်နိုင်သော လုပ်ငန်းလည်းဖြစ်၊ နေအိမ်တွင် တစ်နိုင်တစ်ပိုင်လုပ်၍ရသော လုပ်ငန်းလည်းဖြစ်သောကြောင့် ပိုးခြံမွေးမြူရေးလုပ်ငန်းများ နောင်ချိုတွင် ပိုမိုများ ပြားလာခဲ့သည်။
ပိုးကောင်တစ်ကောင်ချင်း၊ ပိုးမျှင်တစ်မျှင်ချင်း၊ လွန်းပြေးရာ ပိုးကြိုးတစ်ချက်ချင်းတိုင်းသည် တောင်ပေါ်မြေပြန့်ပေါင်းစည်းရသည့် အနုပညာတစ်ရပ်သာ။ မြန်မာ့ပိုးထည် မမှေးမှိန်သရွေ့ ပိုးခြံများလည်း ရေရှည်ဖြစ်ထွန်းနေပါလိမ့်ဦးမည်။
CRD >>ယဉ်ယဉ်နှောင်း
Lu Gyan Gyi
26-11-2017

Subscribe to:
Post Comments (Atom)
ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )
ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...

-
အခန်း၁။ ဇာတ်ကောင်များနှင့်မိတ်ဆက်ပေးခြင်း။ ကိုရင်ဦးမောင် အိမ်ထောင်ပြုတော့ အသက်က ၂၇ ရှိပြီ။ ဘာဖြစ်လို့ အဲလောက်တောင် အချိန်ဆွဲနေခဲ့မိလဲ ဆိုေ...
-
ရဲဆိုး part 2..( ပန်းရိုင်း ) ရဲမှူး ဟန်သာကျော်သည် သူ ရိုက်ထားတဲ့ စနေမ ရဲ့ ဓါတ်ပုံတွေကို သူ့ဖုန်းထဲမှာ ကြည့်နေသည် ။ ကုတင်ပေါ်မှာ ပက်လက် လှဲေ...
-
ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...
No comments:
Post a Comment