
တစ်ဧကမှ သီးနှံအထွက်နှုန်း တိုးတက်လာမှုသည် မြေဆီအဆင့်အတန်း ပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် အဆင့်မြင့် စိုက်ပျိုးမှု အထိရောက်ဆုံး နည်းပညာများကို တောင်သူများ အချိုးကျ လက်ခံလိုက်နာ ကျင့်သုံးမှုအပေါ် တည်မှီလျှက် ရှိပါသည်-
1 လယ်ယာမြေများ၏ မြေဆီသြဇာဓာတ် နှင့် မြေဆီလွှာ ဖွဲ့စည်းမှုများကို ရေရှည်အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်း ထားနိုင်ရေးနှင့် တိုးတက်အောင် ပြုပြင်ဆောင်ရွက်ပေးနိုင်ရန်။
2 မြေ(1)ဧကမှ စိုက်ပျိုးရာသီ တစ်နှစ်အတွင်း မြေအားမပေးပဲ (2/3)သီး စိုက်ပျိုးလာသော်လည်း သီးနှံများ၏ အထွက်နှုန်းကို အတတ်နိုင်ဆုံး မြှင့်တင်ပေးရန်။ (ရေတိုကာလအတွင်း အထွက်နှုန်းအမြင့်မားဆုံး ရရှိရေးထက် ရေရှည်အထွက်နှုန်း တည်ငြိမ်ရေးသည် ပိုမိုအရေးသဖြင့် EM ဖျော်ရည်ကို ရေရှည် ထည့်သွင်း အသုံးပြုပါက မြေသားတည်ဆောက်မှု ကောင်းမွန်ခြင်း။ ရေထိမ်းအားပိုမို ကောင်းမွန်စေပါမည်။ မြေမွလာသဖြင့် ထည်ထိုး ထွန်မွှေ ပိုကောင်းလာပါမည်။
3 ပေါင်းစေ့များအပင်ပေါက်မြန်စေပြီး ထည်ထိုး ထွန်မွှေ ခြင်းဖြင့် ပေါင်းနှိမ်နှင်းရာတွင် လွယ်ကူစေရန်။
4 လိုအပ်သော အသင့်သုံး အာဟာရပုံစံကို အချိန်တိုတိုအတွင်း လွယ်ကူစွာ ပြောင်းလဲ ပေးနိုင်သဖြင့် အစာချက်နှုန်းကောင်း၍ သီးနှံအရည်အသွေး အထွက်နှုန်း တိုးတက်လာစေရန်။ (စားသုံးမရသော မပျော်ဝင်နိုင်သည့် အာဟာရဓာတ်များကို အပင်ကစုပ်ယူစားသုံးနိုင်သည့် ပုံစံသို့ အကျိုးပြုသက်ရှိ အဏုဇီဝများမှ ပြောင်းလဲ ပေးရန်)
5 မိတ်ဆွေပိုးအရေအတွက် တိုးပွားလာခြင်းကြောင့် ရောဂါပိုးမွှားကျရောက်မှုကို ကြိုတင်ကာကွယ်ပေးနိုင်ခြင်း။ ခံနိုင်ရည် ရှိလာခြင်း။ ဒေသတစ်ခု၏ ရေ မြေ ရာသီဥတု အနေအထားအရ အသင့်တော်ဆုံး သီးနှံပုံစံကို တွဲ၍ အလှည့်ကျ စိုက်ပျိုးပြီး သီးနှံထုတ်လုပ်မှု စွမ်းအားကို ရေရှည်တိုးတက်စေရန်။
6 လူတို့ကျန်းမာရေးကောင်းမွန်စေသော သီးနှံများကို ထုတ်လုပ်ပေးနိုင်ရန်။
7 စိုက်ပျိုးစရိတ်အနည်းဆုံးထိ လျော့ချ၍ စားသုံးသူနှင့် ထုတ်လုပ်သူ စီးပွားရေး တွက်ချေကိုက်ပြီး စိတ်ချမ်းသာမှု ရှိစေရန်။
8 သဘာဝမှရရှိသော သစ်ရွက်ဆွေး အမှိုက်ဆွေးများ လျှင်မြန်စွာ ဆွေးမြေ့ပြီး အကျိုးရှိရှိ ထည့်သွင်းအသုံးပြုရန်။
9 ရင့်မှည့်မှုညီညာပြီး ပင်စည်နှင့်အသီး အညှာများ ရိတ်သိမ်းချိန်ထိ စိမ်းနေပြီး သီးနှံရိတ်သိမ်းရာတွင် အလေအလွင့် နည်းပါးစေရန်။
10 သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေရန်။
11 စပါး ငါးတွဲဖက်မွေးမြူသော ဘက်စုံစံပြ အကွက်များတွင် အန္တရာယ်ကင်းစွာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်။ အပုပ်နံ့များ ပျောက်စေရန်။
12 နိုင်ငံခြားသို့ အရည်အသွေးမီ ထုတ်ကုန်များ တင်ပို့ရောင်းချရန်။
13 မြေဆီလွှာအတွင်း အပင်ကစုပ်ယူသွားသော အာဟာရများကို ပြန်လည်ဖြည့်တင်း ပေးရာတွင် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ သစ်စိမ်းမြေသြဇာများ ကောက်ရိုးသကဲ့သို့ သီးနှံအကြွင်းအကျန်များ မြေဆွေးအမှိုက်ဆွေး မီးဖိုချောင်သုံး စွန့်ပစ် ပစ္စည်းများ အညစ်အကြေးများကို EM နှင့် တွဲဖက်ထည့်ခြင်းကြောင့် အာဟာရဓာတ်များ လေလွင့်ဆုံးရှုံး ပြုန်းတီးမှု လျော့နည်းစေရန်။
14 ဓာတ်မြေသြဇာ လိုအပ်ချက်ကို အတတ်နိုင်ဆုံး မှီခိုသုံးစွဲရမှု လျော့နည်း သွားစေရန်။
15 မိုးနည်းသည့် အပူပိုင်းဇုံဒေသများနှင့် ကုန်းမြင့်ဒေသများတွင် လေတိုက်စားခြင်း ရေတိုက်စားခြင်း စိုက်ပျိုးနည်းစနစ် မှားယွင်းခြင်း ရွှေ့ပြောင်းတောင်ယာစနစ် ကျင့်သုံးခြင်းတို့ကြောင့် အဖိုးတန် မြေဆီလွှာများ ပြုန်းတီး၍ အထွက်နှုန်းများ တစ်နှစ်ထက်တစ်နှစ် နိမ့်ကျလာမှု မရှိစေရန်။ မြေ၏ PH ကိုထိမ်းပေးရန်တို့ ဖြစ်ပါသည်။
'' အသင့်သုံး EM ကို ထည့်သွင်း အသုံးပြုရမည့် အချိန်နှင့် နှုန်းထား ''
1 ပထမအကြိမ်- သီးနှံမစိုက်မီ ရိုးပြတ်ပေါ် ပက်ဖြန်း ထည်ထိုးခြင်း။
* EM (20) လီတာဝင် (5)ဂါလံ (1)ပုံး +
ရေ(1:200) မှ (1:500) ထိ ရောဖြန်းပါ။
# ကောက်ရိုး ရိုးပြတ်များ လျှင်မြန်စွာ ပုပ်ဆွေးရန် နှင့် ပေါင်းစေ့များ အပင်ပေါက်မှု မြန်ဆန်ရန် ရောဂါဖြစ်စေသောမှို ဘက်တီးရီးယားများကို နှိမ်နှင်းရန်။
2 ဒု အကြိမ်- ထွန်နှစ်စပ်ခန့် မွှေပြီးချိန် ပက်ဖြန်း၍ ထွန်မွှေပေးခြင်း။
* EM (20) လီတာဝင် (5)ဂါလံ (1)ပုံး +
ရေ(1:200) မှ (1:500) ထိ ရောဖြန်းပါ။
# ကျန်ရှိသော ပေါင်းပင်များပေါက်ရောက်မှု မြန်ဆန်စေပြီး ပေါင်းနှိမ်နှင်းပေးရန် မလိုလားအပ်သော အဆိပ့်သင့် ဓာတ်ပေါင်းများ ဟိုက်ဒရိုဂျင်ဆာလဖိုဒ် များ ထွက်မလာစေရန် နီတိုရောဂါမဖြစ်စေရန် မြေကြီးမှ သမန်းပုပ်နံ့ရသောအခါ အသင့်သုံး EM ပိုထည့်ရန်။
3 တတိယအကြိမ်- ကြမ်းမရိုက်မီဖျန်းခြင်း။
* EM (20) လီတာဝင် (5)ဂါလံ (1)ပုံး +
ရေ(1:200) မှ (1:500) ထိ ရောဖြန်းပါ။
# ကောက်လှန်ရက်စောပြီး စိုက်ပြီးပျိုးပင် ဝါမသွားစေရန် မြေတွင်ထည့်သွင်း ထားသော မြေဆီများအား အပင်စားသုံး နိုင်သောအဆင့်သို့ ရောက်ရှိစေရန်။
4 စတုတ္တအကြိမ်- စိုက်ပြီး(15)ရက်
* EM (20) လီတာဝင် (5)ဂါလံ (1)ပုံး +
ရေ(1:200) မှ (1:500) ထိ ရောဖြန်းပါ။
# အပင်ကြီးထွားမှု ညီညာ၍ အပင်ပွားစည်းမှု အပင်ဖြစ်ထွန်းမှု အစာချက် လုပ်ဆောင်မှု အားကောင်းစေရန်။
5 ပဉ္စမအကြိမ်- စိုက်ပြီး(42)ရက်
* EM (20) လီတာဝင် (5)ဂါလံ (1)ပုံး +
ရေ(1:200) မှ (1:500) ထိ ရောဖြန်းပါ။
# အစေ့အဆန်ပြည့်၍ ရင့်မှည့်မှုညီညာရန် အဖျင်းနည်း၍ ရင့်မှည်ချိန်အထိ အသီးအညှာ အလံရွက် စိမ်း၍ အသီးကြွေမှု အလေအလွှင့် နည်းပါးစေရန်။
* ပျိုးခင်း *
1 ပထမအကြိမ်- ပျိုးခင်းမြေပြင်ချိန်
2 ဒုကြိမ်- ပျိုးသက် (14)ရက် မနုတ်မီ (3-4)ရက်အလို
* EM (20) လီတာဝင် (5)ဂါလံ (1)ပုံး +
ရေ(1:200) မှ (1:500) ထိ ရောဖြန်းပါ။
# ပျိုးပင်သန်စွမ်း၍ ပျိုးဝါးခြမ်း ရရှိစေရန် ပျိုးနုတ်ရလွယ်ကူစေခြင်း ပျိုးချေးနည်းခြင်း အမြစ်ထွက်အားပိုမိုကောင်းစေရန်။
* မျိုးစေ့ရေစိမ်ပြီး EM ဖျော်ရည်တွင် နာရီဝက်ခန့် စိမ်ပြီးမှ အညောင့်ဖောက်ခြင်း။ # EM အပြင်း (100)စီစီအား ရေ(5)ဂါလံတွင် ရောစပ်ပါ။
မျိုးစေ့အပင်ပေါက်နှုန်း အားကောင်းစေရန် နှင့် မျိုးစေ့ဆောင်ရောဂါများ ကင်းရန်။
(စပါးကို ဦးတည်ရေးခြင်းဖြစ်သော်လည်း အခြားသီးနှံများအတွက် အဆင်ပြေသလို တွက်ချက်အသုံးပြုကြပါရန်။ တွက်ထားမှုများမှာ တစ်ဧက နှုန်းထား ဖြစ်ပါသည်)
ဒေါ်မြင့်မြင့်မေ(B.Ag) လက်ထောက်မန်နေဂျာ
မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ မန္တလေးမြို့။
No comments:
Post a Comment