Thursday, January 18, 2018

ကာဗာနီကို ပင်နယ်တီကန်ခွင့်မပေးခဲ့တဲ့ ပရိသတ်များမိုဗစ်ရဲ့ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး အဖြစ် ၁၅၆ ဂိုးသွင်းယူထားတဲ့ စံချိန်ကို ကာဗာနီလိုက်မီခဲ့တာ ဖြစ်ပါတယ်ယနေ့ နံနက်ပိုင်းက ကစားခဲ့ကြတဲ့ ပီအက်ဂျီအသင်းနဲ့ ဒီဂျွန်အသင်းတို့ရဲ့ ပြင်သစ် လိဂ်(၁) ပွဲစဉ်(၂၁)မှာတော့ ပီအက်ဂျီအသင်းက နေမာ ခြေ စွမ်းပြမှုနဲ့အတူ ၈-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်..

အဆိုပါ ပွဲစဉ်မှာ နေမာအနေနဲ့ အထူးခြေစွမ်းပြခဲ့ပြီး တစ်ဦးတည်း ၄ ဂိုးသွင်းယူနိုင်ခဲ့သလို ကစားဖော်တွေ အတွက်လည်း ဂိုးသွင်းယူနိုင်အောင် ၂ ဂိုးဖန်တီးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါ့အပြင်ဒီရာသီပီအက်ဂျီအသင်းနဲ့အတူပွဲပေါင်း၂၃ပွဲကစားထားအပြီးမှာလည်း၂၄ဂိုးသွင်းယူထားနိုင်ကာ၁၆ဂိုးဖန်တီးပေးထားနိုင်ပြန်ပါတယ်။နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တ့ဥရုဂွေးတိုက်စစ်မှူးကာဗာနီမှာလည်းဒီဂျွန်ကိုအနိုင်ရတဲ့ပွဲမှာတစ်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့်တစ်ချိန်ကပီအက်ဂျီအသင်းရဲ့ဂိုးသွင်းဘုရင်အီဗရာဟီမိုဗစ်ရဲ့သွင်းဂိုးစံချိန်ကိုလိုက်မီခဲ့ပြီဖြစ်ပါတယ်။စုစုပေါင်းပြိုင်ပွဲစုံသွင်းဂိုး၁၅၆ဂိုးအထိရှိလာခဲ့တာဖြစ်ပြီးဒီစံချိန်ကိုတစ်ဦးတည်းတင်ရှိနိုင်ဖို့အတွက်ကာဗာနီမှာအခွင့်အရေးကောင်းတွေပိုင်ဆိုင်ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါပေမယ့်လည်းယခု၈-၀ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့၈၃မိနစ်မှာပီအက်ဂျီအသင်းပင်နယ်တီရရှိခဲ့ပြီးကာဗာနီအနေနဲ့ကန်သွင်းရယူခဲ့မယ်ဆိုရင်တော့ပီအက်ဂျီအသင်းသမိုင်းတစ်လျှောက်မှာဂိုးသွင်းအများဆုံးကစားသမားအဖြစ်တစ်ဦးတည်းဖြစ်လာတော့မှာဖြစ်ပေမယ့်လည်းပွဲချိန်တစ်လျှောက်ဟက်ထရစ်ဂိုးသွင်းယူထားကာနှစ်ဂိုးဖန်တီးထားတဲ့တိုက်စစ်မှူးနေမာကပဲကန်သွင်းရယူခဲ့ပါတယ်။အဆိုပါပင်နယ်တီကန်သွင်းချိန်မှာ၎င်းတို့နှစ်ဦးအပြိုင်ရှိနေခဲ့ပေမယ့်လည်းကာဗာနီကိုပင်နယ်တီကန်သွင်းခြင်းမပြုစေဖို့ပရိသတ်တွေက၀ီလ်စီမှုတ်ကာကန့်ကွက်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ဒါပေမယ့်လည်းကာဗာနီအနေနဲ့အဆိုပါပွဲစဉ်ရဲ့ပထမပိုင်းမှာတစ်ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့်လည်းမိုဗစ်ရဲ့စံချိန်ကိုလိုက်မီထားခဲ့ပြီဖြစ်ကာပင်နယ်တီသာကန်ခွင့်ရခဲ့မယ်ဆိုရင်တော့မိုဗစ်ရဲ့စံချိန်ကိုတစ်ခါတည်းကျော်ဖြတ်သွားနိုင်မှာဖြစ်ပါတယ်။လက်ရှိမှာတော့ပီအက်ဂျီအသင်းအနေနဲ့ပြင်သစ်လိဂ်(၁)ရဲ့အမှတ်ပေးဇယားကိုဒုတိယနေရာမှလိုင်ယွန်အသင်းကို၁၁မှတ်ထိအမှတ်ဖြတ်ဦးဆောင်ထားနိုင်ပါတယ်။Source-BBCSPORT

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...