မြောက်ကိုရီးယားအာဏာရှင်ကင်ဂျံုအန်ရဲ့မိတ်ဆွေတစ်ဦးဖြစ်တဲ့ အီတလီလွှတ်တော်အမတ် အန်တိုနီယိုရက်ဇီက ဟန်ကွမ်ဆောင်းကို အီတလီနို်င်ငံရဲ့ဂုဏ်သတင်းကြီးမားတဲ့ ISM ဘောလုံးအကယ်ဒမီကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ကက်ဂလီယာရီအသင်းမှာ အစမ်းသဘော လာပြီးကစားခဲ့တဲ့အချိန်မှာ အံ့မခန်းခြေစွမ်းကြောင့် ကက်ဂလီယာရီအသင်းကြီးမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ကက်ဂလီယာရီအသင်းအတွက် ဒုတိယမြောက်ပွဲထွက်ကစားတဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး အီတလီစီးရီးအေမှာ ပထမဆုံးဂိုးသွင်းယူနိုင်တဲ့ မြောက်ကိုရီးယားဘောလုံးသမားဖြစ်လာခဲ့ပါတယ်။
ဟန်ကွမ်ဆောင်းကို ခေါ်ယူဖို့အတွက် အဓိကပြဿနာဟာ လစာပြဿနာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ဥပဒေမှာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေတဲ့နိုင်ငံသားတွေရဲ့ ဝင်ငွေဟာ အစိုးရနဲ့သက်ဆိုင်တယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ မြောက်ကိုရီးယားလက်ရွေးစင် ဟန်ကွမ်ဆောင်းကို ခေါ်ယူခဲ့မယ်ဆိုရင် ယခု ဟန်ကွမ်ဆောင်းရရှိနေတဲ့ လစာထက် ၂ ဆ (သို့) ၃ ဆအထိ ပေးချေရဖွယ်ရှိနေပြီး ပြီးခဲ့တဲ့ရာသီက ဖီအိုရင်တီးနားအသင်းဟာ မြောက်ကိုရီးယားငွေကြယ်ပွင့် ချွဲဆောင်းဟွတ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး နျူကလီယားလက်နက်အစီအစဉ်ကို ပြုလုပ်နေတဲ့ နိုင်ငံက ကစားသမားကို ခေါ်ယူတာဟာ ယင်းနိုင်ငံကို ပိုက်ဆံထောက်ပံ့တာဆိုတဲ့ စွပ်စွဲချက်ကြောင့် ဖီအိုရင်တီးနားအသင်းဟာ စာချုပ်ချုပ်ဆိုခါနီးမှာ ခေါ်ယူဖို့ လက်လျော့ခဲ့ရဖူးပါတယ်။ ဒါပေမယ့် အီတလီအစိုးရရဲ့ကူညီမှုကြောင့် ပီရူးဂျီးရားအသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး လက်ရွေးစင်အသင်းဖော် ဟန်ကွမ်ဆောင်းနဲ့အတူ တွဲဖက်ကစားခွင့်ရရှိခဲ့ပါတယ်။ယင်းဖြစ်စဉ်ကြောင့် ဂျူဗင်တပ်အသင်းဟာ မြင့်မားတဲ့လစာငွေနဲ့ မြောက်ကိုရီးယားလက်ရွေးစင် ဟန်ကွမ်ဆောင်းကို ခေါ်ယူဖို့အတွက် တွန့်ဆုတ်နေပြီး နိုင်ငံရေးနဲ့ရောထွေးသွားမှာ စိုးရိမ်နေတာဖြစ်ပါတယ်။
Source & Photos: Daily Mailဂျူဗင်တပ်အသင်းဟာ အီတလီစီးရီးဘီအသင်းတစ်သင်းဖြစ်တဲ့ ပီရူးဂျီးရားအသင်းမှာ ကစားနေတဲ့ မြောက်ကိုရီးယားတိုက်စစ်မှူး ဟန်ကွမ်ဆောင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ကက်ဂလီယာရီအသင်းရဲ့ကစားသမားဖြစ်တဲ့ ဟန်ကွမ်ဆောင်းဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ ကစားခွင့်ရရှိခဲ့ပြီး ယခုရာသီမှာ စီးရီးဘီအသင်းဖြစ်တဲ့ ပီရူးဂျီးရားအသင်းကို အငှားနဲ့သွားရောက်ကစားနေတာဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဟန်ကွမ်ဆောင်းဟာ မြောက်ကိုရီးယားလက်ရွေးစင်အသင်းအတွက် ၂ ပွဲသာ ပါဝင်ကစားထားရသေးတဲ့ကစားသမားဖြစ်ပါတယ်။မြောက်ကိုရီးယားစစ်အာဏာရှင် ကင်ဂျုံအန်ဟာ မြောက်ကိုရီးယားဘောလုံးအဆင့်အတန်းကို တိုးတက်မြင့်မားစေလိုတဲ့ဆန္ဒရှိနေပြီး ဟန်ကွမ်ဆောင်းဟာ ကင်ဂျုံအန်ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပါတယ်။ ပြုံယမ်းမြို့မှာ မွေးဖွားခဲ့တဲ့ ဟန်ကွမ်ဆောင်းဟာ အသက် ၁၃ နှစ်အရွယ်မှာ ဘာစီလိုနာဘောလုံးအကယ်ဒမီကို စေလွှတ်ခြင်းခံခဲ့ရပါတယ်။ ဘာစီလိုနာအကယ်ဒမီကနေ မိခင်နိုင်ငံကို ပြန်ရောက်ရှိချိန်မှာတော့ ချိုဗျောင်းအသင်းနဲ့အတူ ၂၀၁၅ ခုနှစ်က ချီလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ အသက် ၁၇ နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။
No comments:
Post a Comment