Sunday, February 25, 2018

azarat

&nbsp;<img alt="Image result for Azadirachta indica" src="https://www.awaaznation.com/wp-content/uploads/2018/02/collage-2018-02-14-4.jpg" /><br />
မျိုးရင်းမှာ Meliaceae ဖြစ်ပြီး သိပ္ပံအမည်မှာ Azadirachta indica ဖြစ်သည်။
အပူပိုင်း မိုးနည်းဒေသတွင် အများအားဖြင့် ပေါက်ရောက်သည်။ အပင်တပင်လုံးတွင် ပိုးသတ်ဆေး အာနိသင်ပါရှိပြီး အထူးသဖြင့် အစေ့တွင် အများဆုံးပါဝင်သည်။ အစေ့မှ အဆီ ရာခိုင်နှုန်း ၃၅ မှ ၄၀ကြား ပါဝင်နိုင်သည်။ ၄နှစ်သားမှ စသီးပြီး နှစ်ပေါင်း ရာချီရှည်ကြသည်။ အမြင့်အားဖြင့် ပုံမှန် ပေ ၅၀ ၀န်းကျင်ရှိပြီး ပေရာကျော် အပင်များကိုသာ ရှားရှားပါးပါး တွေ့နိုင်သည်။ အမြဲစိမ်းပင် အမျိုးအစား ဖြစ်သော်လည်း တခါတရံ ရေပြတ်လတ်မှုဆိုးရွားသည့်အခါများတွင် အရွက်များ အကုန်းနီးပါး ချွေချတတ်သည်။ ရွက်ပြိုင်ထွက်သည်။

ပုံမှန်အားဖြင့် အပင်ကြီးတပင်မှ အစေ့ ၅၀ ကီလိုခန့် ရနိုင်သည်။ တမာစေ့ အဆီနင့် အရွက် တို့တွင်
Azadirachtin 300ppm - 2500 ppm
Omega-6 - 6-16%
Omega-9 - 25-54%
Palmitic Acid - 16-33%
Stearic Acid - 9-24%
Omega-3 - trace
Palmitoleic Acid - trace

စသဖြင့် ပါဝင်ပြီး Azadirachtin သည် အလွန်ရှုတ်ထွေးသော Compound ဖြစ်ကာ ၎င်းဓာတ်တိုးရာမှ Nimbin, nimbidinin, salannin စသော ဓာတ်များပြိုကွဲ ထွက်လာသည်။ ၎င်းတို့သည် ပိုးသတ်ဆေး အာနိသင်ရှိသော ဓာတ်များဖြစ်ကာ တမာစေ့ကြိတ်ဖတ်တွင် ပါဝင်မှု အများဆုံးဖြစ်သည်။

အထက်ဖော်ပြပါ ဓာတ်များသည်

အစားအသောက်ပျက်စေသော သတ္တိ
အင်းဆက်တို့ကို တွန်းကန်စေသော သတ္တိ
နီမတုတ်သေစေသော သတ္တိ
မှိုသတ်စေသော သတ္တိ
အင်းဆက်တို့ ကြီးထွားမှုနှုန်းကို ဟန့်တားနိုင်သော သတ္တိ
စသည်တို့ ပါဝင်သည်။

တမာရွက်ကို ကြွက်ဖြူတို့အား ကျွေးကြည့်ရာ ၁၁ပတ်ခန့် အကြာတွင် လုံးဝမျိုးမပွားနိုင်တော့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးများအနေနှင့် တမာအရွက်၊ တမာအဆီနှင့် တမာထွက်ကုန်ပစ္စည်းများကို မသုံးသင့်ကြောင်း သတိပေးအပ်ပါသည်။

တမာကို ဇီဝပိုးသတ်ဆေးအနေနှင့်သာမက သွားတိုက်ဆေး၊ ခံတွင်းသန့်ဆေး၊ အနံ့ပျောက်ဆေး၊ အလှကုန်ပစ္စည်းများ၊ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ မြေသြဇာ စသဖြင့် တွင်ကျယ်စွာ အသုံးပြုကြသည်။
စိုက်ပျိုးရေအတွက် အဓိကဖြစ်သော ဇီဝပိုးသတ်ဆေးအနေဖြင့် အသုံးပြုနည်းမှာ တမာစေ့ကို ပုံစံ လေးမျိုးဖြင့် အသုံးပြုနိုင်သည်။

တမာစေ့ဆန့်အမှုန်
တမာဆီ
တမာစေ့ကြိတ်ဖတ်
တမာစေ့ကြိတ်ဖတ်ရည် ဟူ၍ ဖြစ်သည်။
ထိုသို့ အသုံးပြုရန်အတွက် အရည်အသွေးပြည့်ဝသော တမာစေ့များ ရရှိသိုလှောင်ပုံမှာ ရှေးဦးစွာ တမာသီးမှည့်များကို အပင်ပေါ်မှ သူ့အလိုလိုကြွေကျသည်များကို ယူရပါမည်။ အမှည့်လွန်များကို မရှိသုံးသာ အသုံးပြုပါ။
ထိုတမာသီးများကို ရေများများနှင့်ဆေးပြီး အသီးခွံနှင့် အတွင်းသားများကို ဖယ်ထုတ်ပြီး မြေသြဇာပြုလုပ်နိုင်သည်။ အစေ့များကို နေပူပူတွင် ၁ရက်လှန်းပြီး နေရိပ်အောက်မှာ ၃ရက်ခန့် အခြောက်ခံပါ။ ထိုသို့လှန်းရာတွင် အပေါ်အောက် ၁နာရီတခါ မွှေပေးပြီး ကောင်းစွာခြောက်သွေ့ပါက အိတ်များတွင် သိုလှောင်နိုင်သည်။ ထိုသိုလှောင်ပြီး အစေ့များကို အသုံးမပြုသေးပါက တလတကြိမ်ထုတ်၍ နေပူလှမ်းပေးနိုင်လျှင် ကြာရှည်ခံသည်။

အသုံးပြုတော့မည့်အစေ့များကို မောင်းဆုံ၊ ကြိတ်ဆုံများတွင် အခွံချွတ်ပြီး အစေ့ခွံကိုလည်း သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်သည်။ ပြာ၍ရသော အစေ့ဆန်များကို လေသလပ်ခံ အခြောက်လှန်းပါ။
အစေ့ဆန်များတွင် အစိုဓာတ်အနဲငယ်ပါဝင်မှုက လူများကို ကင်ဆာဖြစ်စေသော Aspergillus မှိုတမျိုးစွဲကပ်နိုင်သည်။ လူက အစေ့ဆန်ကို မစားသုံးသော်လည်း ထိုတမာစေ့မှတဆင့် တခြား လူစားသုံးသော ငရုတ်၊ မြေပဲ၊ ကွမ်းသီး စသည်များကို လွယ်ကူစွာ ကူးစက်နိုင်သောကြောင့် ဖြစ်သည်။

တမာစေ့ဆန် တကီလို မှ တမာစေ့ဆီ ၁၀၀-၁၅၀ စီစီ ရရှိနိုင်သည်။ တမာစေ့၊ တမာသီး၊ တမာရွက်တို့ကို ပိုးအမျိုးမျိုးပေါ်မူတည်၍ ချေခွဲကာ ရေအဆ ၂၀ မှ ၁၀၀ အထိရောပြီး တညသိပ်၍သော်၎င်း ပြင်းအားပေါ်မူတည်၍ ချက်ချင်းသော်၎င်း ပက်ဖြန်းနိုင်သည်။

အဓိကတင်ပြလိုသည့် တမာဆီ ထုတ်ယူနည်းမှာ တမာစေ့ဆန်များကို ရေနွေးကြက်သိမ်းနွေးဖြင့် ၃မိနစ်ခန့်စိမ်ပြီး ကြေညက်သွားအောင် ဖြည်းဖြည်းချင်း ထောင်းပေးပါ။ အစေ့ဆန်များ ပြစ်ခဲ၍ အညိုရောင်ဖြစ်လာမည်။ အားလုံးညက်သွားပါက ဇလုံအတွင်း မိနစ်အနည်းငယ် ဆုပ်နယ်ပေးပါ။ ထိုအခါ အဆီများထွက်လာပြီး အ၀တ်ပါးနှင့် ညှစ်ယူပါက တမာဆီများကို ရရှိမည်။ ထပ်မံနယ်၍ ညှစ်ယူနိုင်သည်။
အဆီယူရာမှ ပိုသော ကြိတ်ဖတ်များမှာလဲ အာနိသင်ဓာတ်ကြွင်းရှိနေသေး၍ သဘာဝမြေသြဇာတွင် အသုံးပြုနိုင်သည်။

တမာပိုးသတ်ဆေးသည် ပိုးကောင်များကို သတ်ပစ်ခြင်း မဟုတ်ဘဲ အစားသောက်ပျက်စေခြင်း၊ ကြီးထွားမှု ဟန့်တားစေခြင်းဖြစ်သည်။ ထို့အပြင် အင်းဆက်များကို တွန်းကန်တတ်သော သဘောရှိကာ ၎င်းတို့၏ ဇီဝကမ္မဖြစ်စဉ်ကို ပရမ်းပတာဖြစ်စေသည်။

အထက်ပါ အာနိသင်များရှိခြင်း ဆေးဖြန်းပြီး ပိုးကောင်းများ မသေသော်လည်း
အစားအသောက်ပျက်၍ သီးနှံအပင်ကို ဆက်လက် မဖျက်ဆီးနိုင်တော့ပေ။
အရွယ်မရောက်သေးဘဲ ပိုးလောက်ကောင်ဘ၀မှာ ရုပ်ဖုံးဘ၀သို့ မြန်မြန် ကူးပြောင်းရသည်။
ထို့ကြောင့် ၎င်း ရုပ်ဖုံးများသည် မရင့်ကျက်သေးသော ပုံသဏ္ဍာန်မမှန်၊ အရွယ်အစားမမှန် ဖြစ်ကြရသည်။
ထိုရုပ်ဖုံးမှ အကောင်ပေါက်လာလျှင်လည်း ကိုယ်အင်္ဂါချို့တဲ့ကာ မျိုးစဉ်မမှီဖြစ်ရသည်။
ထိုအထဲမှ အကောင်တချို့သာ မိတ်လိုက်နိုင်ပြီး ၎င်းတို့၏ မျိုးဆက်မှာလဲ ထို့ထက်ဆိုးရွားကာ ဥများမှာ လုံးပိန်လုံးညှပ်ဖြစ်ပြီး အကောင်ပေါက်နိုင်ချေ မရှိတော့ချေ။
ထို့ကြောင့် တမာပိုးသတ်ဆေး ပိုးများတိုက်ရိုက်မသေသော်လည်း မျိုးဆက် ၁ဆက် ၂ဆက်သာခံပြီး လုံးဝမျိုးဖြုတ်နိုင်သော အာနိသင် ရှိသောကြောင့် ယခုခေတ် နိုင်ငံတကာမှ တင်သွင်းသည့် ဆေးများထက်၎င်း၊ ပြည်တွင်းမှ ထုတ်နေသော ပိုးသတ်ဆေးများထက်၎င်း အဆများစွာ ကောင်းမွန်ထိရောက်သည်ဟု ပြောချင်ပါသည်။

ဈေးကွက်တွင် သုံးနေသော ပိုးသတ်ဆေးများ အကြောင်း အနည်းငယ် ဖော်ပြရလျှင် ၎င်းတို့မှာ ပိုးအားလုံး သေစေတတ်သော သဘော အပြည့်အ၀ရှိသည်။ တမာမှာ အရွက်ကို စားမိသော ရန်သူအကောင်ကိုသာ နှိမ်နင်းသော သဘောရှိသည်။ ထိုအချက် ၂ချက်ကို ယှဉ်ကြည့်ရာတွင် ဈေးကွက်တွင်သုံးသည့် ဓာတုအဆိပ်ပိုးသတ်ဆေးကား မိတ်ဆွေပိုး ရန်သူပိုးမရွေး အကုန်သတ်ပစ်သည်။

ပုစဉ်း၊ နကျီ၊ လိပ်ခုံးကျိုင်း၊ ဂီတာကျိုင်း၊ နှံကောင်၊ ပုရစ်၊ နဖားချေးပိုး၊ ကပ်ပါးယင်၊ ကပ်ပါးမှို စသည်တို့ကို ကျနော်တို့၏ ဖျက်ပိုးများကို စားသောက်နှိမ်းနင်းပေးသော မိတ်ဆွေပိုး၊ မှိုတို့ဖြစ်သည်။ ထို့သို့ ဓာတုအဆိပ်ပိုးသတ်ဆေးတို့သုံးခြင်းသည် ၎င်းတို့ကိုပါ ဆုံးရှုံးစေသည်။ ဖျက်ပိုးတို့သည် ထိုဆေးများဖြန်းပြီးသော်လည်း ကျန်ရစ်သော မျိုးဆက်က ပြန်လည်ရှင်သန်ရာတွင် မိတ်ဆွေပိုးများထက် အဆများစွာ မြန်ဆန်သည်။ ခုခံမှုစနစ်လဲ ပိုမိုကောင်းမွန်သော မျိုးဆက်များကို ကြောက်ခမန်းလိလိ မွှေးထုတ်ပေးနိုင်သည်။

ထိုအချိန်ထဲမှာပင် မိတ်ဆွေပိုး၏ မျိုးဆက်များမှာ ၀န်းကျင်တွင် မျိုးသုန်းလုနီးနီး အခြေအနေသို့ ရောက်ရှိသွားသည်။

သဘာဝ သြဂဲနစ် စနစ် ဂေဟစနစ်တခုတွင် မိတ်ဆွေပိုးများက ဖျက်ပိုးအားလုံး၏ ၉၀% အထက်ကို ပုံမှန် နှိမ်နင်းပေးလျက်ရှိသည်။
သို့သော် မိတ်ဆွေပိုးများ ဓာတုအဆိပ်ပိုးသတ်ဆေးကြောင့် လုံးဝ မျိုးသုန်းတောမည့်အခြေအနေတွင် တဖက်မှာလဲ ပြန်လည် မွေးဖွားလာသည် ဒုတိယ၊ တတိယ မျိုးဆက်များမှာလဲ ကြောက်ခမန်းလိလိ ခုခံစွမ်းရည် ကောင်းမွန်သည့်အခြေအနေဖြစ်ပေါ်လာသည်။
ထို့ကြောင့် အဆုံးသတ်တွင် လက်ရှိဈေးကွက်တွင် တွင်ကျယ်စွာ အသုံးပြုနေသည့် ဓာတုအဆိပ်ပိုးသတ်ဆေးများသည် တနှစ်ထက်တနှစ် ပိုးသတ်ဆေး အာနိသင်များ အဆတိုး မြှင့်ကာ အသုံးပြုရင်း ကျနော်တို့၏ လူသားမျိုးနွယ်တခုလုံးကို တစတစ ၀ါးမျိုးနေပြီဖြစ်ကြောင်း အမျိုးကောင်းသားတို့ သတိရှိကြစေရန် ထပ်လောင်း တင်ပြလိုက်ရပါသည်။

ခင်မင်တဲ့
ကိုဝေအောင်
၂၀၁၃

(Ref: ဓာတုပိုးသတ်ဆေးကင်းစင် သီးနှံ ထုတ်လုပ်ရေး by မောင်ဌေးအန့်၊ အင်တာနက်)<img alt="Image result for Azadirachta indica" src="https://www.tonic-herbshop.com/image/cache/catalog/ayurvedic%20herbs/Neem-leaves-for-chicken-pox-844x728.jpg" />

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...