Sunday, February 25, 2018

ငါးအမိုင်နိုအက်ဆစ် ပြုလုပ်ခြင်း (Fish Amino Acid - FAA)

Image may contain: food• ဦးစွာ ပထမ ဟင်းမချက်မီ ခုတ်စင်းထားသော ငါးအရိုးနှင့် ခေါင်း၊ စနို၊ ၀မ်းတွင်းသား၊ အရိအချွဲများကို စဉ်းနီးတုံးတွင် နုပ်နုပ်စင်း၍ စဥ့်အိုးထဲထည့်ပါ။ (အကြံပေးရလျှင် ဈေးမသိမ်းခင် ဈေးကြီး၏ ငါးဆိုင်မှာ မမှာခင် တရက်အလို ကြိုပြောပြီး မှာယူနိုင်ပါတယ်။ ကျနော်ဆိုလျှင် ၅၀၀ဖိုးနှင့် ငါးခုတ်ထစ်ပယ်ပြီးသား ၅ ပိဿာမက ရရှိပါတယ်။) ထို့နောက် ထည့်ထားသော ပမာဏ၏ တစ်ဝက်ခန့် သကြားညို (ထန်းလျက်၊ ကြံသကာ၊ သကာရည် အဆင်ပြေရာသုံးနိုင်ပါတယ်။) ထည့်၍ ဇွန်းဖြင့် သမအောင်မွှေပေးပါ။ မြန်မြန်အချဉ်ဖောက်ချင်လျှင် သကြား သို့မဟုတ် ထန်းလျက် ပိုထည့်ရမည်။ • ထို့နောက် အိုးထိပ်ဝကို ပလက်စတစ်အိတ်မဲဖြင့် အုပ်၍ အရိပ်ရသော အေးသောနေရာအောက်တွင် ၂ပတ်၊ ၃ပတ်ခန့်ထားပါ။ ၃၊ ၄ရက် ကြာလျှင် အပုပ်နံ့ထွက် လာနိုင်၍ လူသူမနီးသောနေရာတွင် ထားပါ။ ၂ ပတ်ကျော်လျှင် အချဉ်ဖောက်နံ့ကောင်းစွာထွက်ပါက အဆင်သင့်ဖြစ်ပြီ။ သတိပြုရမည့်အချက်မှာ စဥ့်အိုးအတွင်း ထည့်လျှင် စဥ့်အိုး၏ သုံးပုံတစ်ပုံ (သို့မဟုတ်) တ၀က် လေဟာနယ်ဖြစ်နေပါစေ။ သို့မဟုတ်ပါက လျှံကျတတ်တယ်။ အိုးကို ၂ရက် ၃ရက်တခါ ဖွင့်၍ တုတ်သန့်သန့်ဖြင့် မွှေးပေးပါက အချဉ်ဖောက်ခြင်းကို ပို၍ကောင်းစေတယ်။ လျှံကျခြင်းမှလဲ ကာကွယ်တယ်။ ထားနိုင်လျှင် ၄ပတ်မှ ၆ပတ်အထိ ထားပါက ပိုမိုကောင်းမွန်သော ရလဒ်ရရှိမည်။ ပိတ်စပါးဖြင့် စစ်ယူပြီး ဆေးရည်ကို အိုးအသန့် သို့မဟုတ် ဖန်ပုလင်းဖြင့် ထည့်ကာ သိမ်းထားနိုင်သည်။ ဖန်ပုလင်းထဲထည့်ရာတွင် အပြည့်မထည့်ဘဲ အပေါ်ပိုင်း ၅ပုံ၁ပုံ သို့မဟုတ် ၄ပုံ၁ပုံခန့် လေဟာနယ် အလွတ်ထားပါ။ နွေရာသီ ပူပြင်းချိန်များတွင် မြန်မြန် အချဉ်ဖောက်လွယ်ပြီး လျှံကျတတ်တယ်။ အဲ့ဒီအခါကျ စဥ့်အိုးရဲ့ တ၀က်သာသာ ပဲထည့်သင့်တယ်။ နို့မို့ဆို လျှံကျတတ်ပါတယ်။ ဆောင်းတွင်းအေးတဲ့အချိန်များမှာတော့ အချဉ်ဖောက်နှုန်းက ပုံမှန်ထက်ကြာလို့ ရက်ကြာကြာ ထားသင့်တယ်။ အပင်များဆေးဖြန်းသည့်အခါ ၎င်းသက်သက်ဖြန်းလျှင် ရေအဆ ၃၀၀မှ ၅၀၀ ရောဖြန်းနိုင်ပါတယ်။ ရေ ၄ ဂါလံပုံးတွင် ၄၀ စီစီမှ ၆၀ စီစီ အထိ ရောစပ်ဖြန်းနိုင်သည်။ အပင်ငယ် ပျိုးပင်များကို ၃၀ စီစီခန့်သာ ရောစပ်ပါ။ အပင်ကြီးများကို အရွက်ရော အပင်ခြေတ၀ိုက် မြေများကိုပါ ဖြန်းနိုင်ပါတယ်။ မြေဆွေး ပြုလုပ်ရာတွင်လည်း တင်း ၂၀ မှ ၃၀ မြေဆွေးပုံတွင် ငါးအမိုင်နို ၁လီတာမှ ၁ဂါလံအထိ အဆင်ပြေသလို ရောစပ်နိုင်ပါတယ်။ ငါးအမိုင်နိုအက်ဆစ် ပြုလုပ်ခြင်း (ဒါက အရင်တုန်းက ဖော်ပြခဲ့တဲ့နည်းပါ ဆန်ဆေးရည်သုံးပါတယ်။ အခုတော့ မသုံးတော့ပါဘူး) • ဦးစွာ ပထမ ဟင်းမချက်မီ ခုတ်စင်းထားသော ငါးအရိုးနှင့် ခေါင်းများကို စဉ်းနီးတုံးတွင် နုပ်နုပ်စင်း၍ စဥ့်အိုးထဲထည့်ပါ။ ထို့နောက် ထည့်ထားသော ပမာဏ၏ တစ်ဝက်ခန့် သကြားညိုထည့်၍ ဇွန်းဖြင့် သမအောင်မွှေပေးပါ။ မြန်မြန်အချဉ်ဖောက်ချင်လျှင် သကြား ပိုထည့်ရမည်။ • ပြီးလျှင် အချဉ်ဖောက်ထားပြီးသော ထမင်းရည်(သို့မဟုတ်) ဆန်ဆေးရည်ကို အိုး၏ ၃ပုံ ၂ပုံခန့်ထည့်၍ မွှေပေးပါ။ ထို့နောက် အိုးထိပ်ဝကို ပိတ်စအပါးဖြင့် အုပ်၍ အရိပ်ရသော အေးသောနေရာအောက်တွင် ၂ပတ်၊ ၃ပတ်ခန့်ထားပါ။ ၃၊ ၄ရက် ကြာလျှင် အပုပ်နံ့ထွက် လာနိုင်၍ လူသူမနီးသောနေရာတွင် ထားပါ။ ဆေးဖြန်းရမည့် ပမာဏမှာ အထက်ပါဆေး နည်းများအတိုင်း ဖြစ်သည်။ Wai Aung Chan Myo ငါးအမိုင်နိုကို ပြုလုပ်ရာတွင် သန့်ရှင်းမှုက အရေးပါပါတယ်။ ကျနော်အရင် စလုပ်တုန်းက ယင်မလုံတာတကြောင်း ကောင်းကောင်း မမွှေးပေးတာတကြောင်း အချိုဓာတ် မလုံလောက်တာတကြောင်း စတာတွေကြောင့် ပုပ်သလို ဖြစ်သွားပါတယ်။ ဒါကိုပဲ ငါအမိုင်နိုအက်စစ် ဖြစ်ပြီလို့ ယူဆခဲ့ပါတယ်။ နောက်ပိုင်းမှာ အချိုဓာတ်ဟာ အချဉ်ဖောက်ခြင်း (Fermentation) ဖြစ်စဉ်ဟာ အရေးပါတဲ့ ဇာတ်ကောင်ဖြစ်ပြီး ၁ရက်မှာ ၂ကြိမ် ၃ကြိမ်လောက် အိုးကို ဖွင့်ပြီး မွှေးပေးခြင်းဟာ လေပေးသလို ဖြစ်ပြီး aerobic bacteria တွေ အသက်ရှင်စေဖို့ ဖြစ်တယ်။ နောက် အချိုဓာတ်နဲ့ ထည့်လိုက်တဲ့ (Organic Matter) သြဂဲနစ်ပစ္စည်းတို့အကြား ထိတွေ့မှုပိုများပြီး အချဉ်ဖောက်ခြင်း ဖြစ်စဉ်ကို ပိုမို အကျိုးပြုကာ ၁ပတ် ၁၀ရက်ကြာတဲ့ အချိန်မှာတော့ ကစော်နံ့ အချဉ်ဖောက်အနံ့ ထွက်လာပါတယ်။ September 7, 2013 at 7:21am · Like · 1 Win Thura Nyunt Fermentation ဖြစ်စဉ်ကို ဘယ်လောက်ကြာကြာ ထားသင့်သလဲ ခင်ဗျာ ၊၊ ဒီ အမိုင်နို တွေကို ဆက်သုံးလို့ ရမလား ခင်ဗျာ ၊၊ ဆေးဖြန်း ပြီးသွားပေမယ့် ကျန်သေးတဲ့ဆေးတွေ ကို ဘယ်လို ဆက်လက်ထိန်းသိမ်း သင့်ပါသလဲ ခင်ဗျာ ၊၊ September 7, 2013 at 10:11am · Like Wai Aung Chan Myo အဲ့ဒါက ရာသီဥတုပေါ် မူတည်ပါတယ်။ ပူရင် ၄ ၅ရက်လောက်ပဲ ကြာတတ်ပြီး အေးရင်တော့ ၁၀ရက်ကနေ ၂ပတ်လောက်ထိ ကြာတတ်ပါတယ်။ အမြှပ်ထတာ ရပ်သွားရင်လဲ fermented ဖြစ်ပြီလို့ ယူဆနိုင်ပါတယ်။ အမှန်တော့ စဥ့်အိုးလိုမျိုးထဲ သုံးပုံ ၂ပုံလောက်ပဲ ထည့်ထားပြီး ၄ ၅ရက် ၁ပတ်လောက် ပုံမှန်မွှေပေးနေ၊ သန့်ရှင်းအောင် ထားနိုင်မယ်ဆိုရင် ၆လလောက်အထိ အသုံးခံပါတယ်။ ၁နှစ်အထိကို ကျနော်ထားပြီး သုံးဖူးပါတယ်။ ဒါပေမယ့် ကြာလေလေ ဆေးအတွင်း အဏုဇီဝတွေ နဲသွားပြီး အာနိသင်နဲသွားလေလေပါ September 7, 2013 at 10:23am · Like Mcctatkone Trainng ကျွန်တော်တို့ ချီတိုစံရဲ့သဘောတရားပါအစ်ကို..အခု goldstar999 ကနေပင်လယ်ခရုခွံများကနေ ထုတ်ယူပြိး နာနိုနဲ့ပေါင်းစပ်ထားတဲ့ဆေးက တော်တော်အြစွမ်းထွက်နေပါပြီခင်ဗျ...မြန်မာပြည်မှပညာရှင်များဟာ မြေသြဇာကို နည်းပေါင်းစုံနဲ့သဘာဝအတိုင်းထုတ်ယူကြပါတယ်...မြေအမျိုးးအစားတွေကွဲပြားကြတဲ့အခါ အောင်မြင်မှုရသင့်သလောက်မရကြဘူးအစ်ကို...အခု နာနိုနည်းပညာပေါင်းစပ်ထားတဲ့ ထုတ်လုပ်ပုံကတော့ ဗီယက်နမ် ထိုင်းတို့မှာ အောင်ပွဲခံနေပါပြီ...ဘာလို့လဲဆိုတော့ ဓာတ်မြေသြဇာဓာတ်ပေါင်းကိုအသေးဆုံးချုံ့နိုင်တဲ့ နာနိုနည်းပညာကိုမြန်မာပြည်မှာမလုပ်နိုင်လို့ခင်ဗျ September 8, 2013 at 4:50am · Like · 2 Wai Aung Chan Myo Mcctatkone Trainng ပြောတာ မရှင်းဘူးဗျ။ "မြန်မာပြည်မှပညာရှင်များဟာ မြေသြဇာကို နည်းပေါင်းစုံနဲ့သဘာဝအတိုင်းထုတ်ယူကြပါတယ်...မြေအမျိုးးအစားတွေကွဲပြားကြတဲ့အခါ အောင်မြင်မှုရသင့်သလောက်မရကြဘူး" ဆိုတာ ဘယ်အတိုင်းအတာနဲ့ ပြောတာလဲဗျ။ အကိုပြောတဲ့ Chitosan (ခိုင်တိုစန် လို့ အသံထွက်ပါတယ်) ခရုံခွံ လယ်ပုဇွန်(ဂဏန်း) စတဲ့ အခွံမာတွေကနေ extract ထုတ်ယူပြီး ပြုလုပ်ထားတဲ့ ရွက်ဖြန်းဆေးတမျိုးပါ။ မြန်မာပြည်မှာ ရှိပါတယ်။ သိပ္ပံနှင့် နည်းပညာ Biotech ကျောက်ဆည်က ထုတ်တာပါ။ အခု ဈေးကွက်ထဲမှာ ရောင်းနေပါတယ်။ ၆၀စီစီ အထုတ်တွေနဲ့ပါ။ နိုင်ငံခြားက တင်သွင်းတဲ့ဆေးဝါးတွေထက် မသာဘူးဆိုပေမယ့်။ ဈေးနှုန်းနဲ့ ထိရောက်မှုကတော့ အတိုင်းအတာတခုထိ ယှဉ်နိုင်ပါတယ်။ ကျနော်ကိုယ်တိုင် လက်တွေ့သုံးနေပါတယ်။ နာနိုနည်းပညာဆိုတာကို သိပါတယ်။ သို့ပေမယ့် အခြေခံသဘောတရာချင်းက သိပ်မကွာပါဘူး။ အဓိကက Chitanase Compound ပါဖို့ပါ။ ပမာဏနဲ့ ပါဝင်မှုတွေကတော့ ကွာမှာပေါ့။ ဒါပေမယ့် ကျနော်ရေးတဲ့ ငါးအမိုင်နိုက သက်သက်ပါ။ မတူပါဘူး။ September 8, 2013 at 5:00am · Like Mcctatkone Trainng အော်ဟုတ်ကဲ့ ခိုင်တိုစံဆိုတာက ထိုင်းကခေါ်တာပါ ဂျပန်မှာတော့ ချီတိုစံလို့ခေါ်ကြပါတယ်....အုခု ကျွန်တော်ပြောချင်တာကမြန်မာပြည်မှာရှိတဲ့ စိုက်ပျိုးရေးပညာရှင်တွေဟာ သဘာဝမြေသြဇာလုပ်နည်းကို ကောင်းကောင်းသိကြပါတယ် လက်တွေ့လည်းစမ်းသပ်အောင်မြင်ကြပါတယ်...ဒါပေမယ့် သူတို့က မြေကြီးရဲ့အရည်အသွေး လိုအပ်ချက်ကိုသိကြတဲ့အတွက် အောင်မြင်ကြပါတယ်...တစ်ကယ်မြန်မာပြည်မှာစိုက်ပျိုးနေကြတဲ့တောင်သူတွေဟာ မြေကြီးရဲ့အခြေအနေကိုမသိကြတဲ့အတွက် ဆေးသုံးတာ တွေဓာတ်မြေသြဇာသုံးတာတွေဟာ အတိုင်းအဆ မရှိတဲ့အတွက်...မြေကြီးတွေဟာတနေ့တခြားပျက်စီးလာတယ်...သဘာဝဓာတ်မြေသြဇာကို ဖန်တီးတယ်ကျွေးတယ်ဆိုတာက အကျိုးပြုဘက်တီးရီးယားတွေများများပေါက်ဖွားလာအောင်လုပ်တယ်...အပင်ကိုသဘာဝအတိုင်းစားသုံးနိုင်အောင်လုပ်ရတဲ့အတွက်နှေးတယ်...အခုသုံးနေကြတဲ့ဓာတုနဲ့ထုတ်လုပ်ထားတာတွေက အပင်ကိုတိုက်ရိုက်ကျွေးတယ်...အကြီးမြန်တယ်ကြာယင်မကောင်းဘူးပေါ့အစ်ကို...အခု ကျွန်တော်ပြောတဲ့ချီတိုစံက အဲဒါတွေကို သိတဲ့အတွက် ....မြေကြီးအားလုံးကိုသုံးနိုင်အောင်လည်း ဖန်တီးထားတယ်...အပင်အားလုံးကိုလည်းအသုံးပြုရလွယ်အောင်ဖန်တီးထားတယ်...သဘောတရားကတော့ ဓာတုဆေးဝါးတွေမသုံးပဲ အပင်ကို အရည်အသွေးမှီအောင် ခရုခွံတွေက ထုတ်တဲ့ဓာတ်ပေါင်းကို အသေးဆုံးဖြစ်အောင်ကြုံ့တဲ့နည်းနဲ့ထုတ်လုပ်တာပါ နာနိုဆိုတာက ကျန်တာနဲ့မတူပါဘူး...ချီတိုစံပဲဖြစ်စေ ဘယ်လိုသဘာဝအတိုင်းပဲထုတ်လုပ်ထားသော သဘာဝမြေသြဇာအားလုံးသည်. ပမာဏကြီးမားမယ်...စရိတ်ပိုကြီးမယ်....ထိရောက်မှုက ပညာရှင်တယောက်ကစောင့်ကြည့်ရမယ်...အဲဒါကြောင့်နာနိုနည်းပညာနဲ့ထုတ်ထားတဲံချီတိုစံကျတော့ ဒီအတိုင်းဖြန်းယုံသတ်သတ်ပဲ ဘာမှမလိုပါဘူး....စရိတ်အရမ်းသက်သာတယ် တဧက ကုန်ကျစရိတ်က ၂၀၀၀၀ ပဲ နောက်နှစ်ကျယင် တစ်သောင်း နောက်နှစ်ကျယင် ၅၀၀၀ ပါ...နောက်ပိုင်းကျယင် တနှစ်တကြိမ်ပဲဖြန်းယုံပါပဲ....မြန်မာပြည်မှာဒီနည်းပညမထုတ်နိုင်ပါဘူး။နာနိုသည် အဆင့်မြင်နိုင်ငံများသာလျှင် နည်းပညာရှိပါသည်..မြန်မာပြည်မှာ လက်လုပ်အမြင်သာလျှင်ထုတ်နိုင်ပါတယ်အစ်ကို...အခုကျွန်တော်ပြောတဲချီတိုစံက ထိုင်းနိုင်ငံကထုတ်ပါတယ်...အပင်ပေါင်းစုံသုံးပါတယ်...လက်တွေ နယ်တွေမှာ အောင်မြင်နေပါပြီ....တောင်သူတွေဟာ ဓာတုဆေးဝါးတွေသုံးပြီး အကြွေးတွေတင်နေပါတယ်...အဲဒီဆေးက ရန်ကုန်ကကုမ္ပဏီ ၁၅ လမ်းထိပ်မှာရှီပါတယ်အစ်ကို..ကျွန်တော်ကိုယ်တိုင်လက်တွေ့ပါ...အခု ဖြန့်တာ သုံးးလကျော်ပဲရှီပါသေးတယ်...မြန်မာပြည်က ချီတိုစံ...တရုတ်လဲ အဲဒီဆေးကိုမမှီပါဘူး...ကျွန်တော်တို့နိုင်းယှဉ်သုံးစွဲပြီးပါပြီ...အခု အဲဒီဆေးက သြဂဲနစ် နဲ့စိုက်ပျိုးတဲ့အပင်တွေမှာပါအသုံြး့ပုဖို့ ဓာတ်ခွဲခန်းအဖြေတွေကအစ အောင်မြင်သွားပါပြီ...လေ့လာစေချင်ပါတယ်အစ်ကို....အစ်ကိုကကျွန်တော့်ထက် စိုက်ပျိုးရေးပိုင်းပိုပြီး ဗဟုသုတပြည့်စုံပါတယ်...အခုကျွန်တော်ပြောတဲ့ဆေးကတော့ မြေပေါင်းစုံ..အပ်ငပေါင်းစုံကို စိုက်ပျိုးသူ စိတ်ကျေနပ်လောက်တဲ့အပင်တွေဖြစ်လာမယ်ဆိုတာကို အစ်ကိုအဲဒီကုမ္ပဏီမှာသွားရောက်လေ့လာနိုင်ပါတယ်အစ်ကို... September 8, 2013 at 7:56am · Like · 3 Wai Aung Chan Myo Chitosan က အင်္ဂလိပ်စကားပါ။ Chitin က ဆင်းသက်ပါတယ်။ Chitin က ပြင်သစ်ရဲ့ chitine ကနေ မွေးစားထားတာဖြစ်ပြီး ကျောရိုးမဲ့ အခွံမာ သတ္တ၀ါတွေရဲ့ အခွံ၊ အင်းဆက်တချို့ရဲ့ အခွံ၊ မှိုတချို့ရဲ့ ဆဲလ်နံရံတွေမှာ Chitin ဓာတ်တွေ ရှိပါတယ်။ ခိုင်တိုစန် အကြောင်းကို ကျနော် ဆောင်းပါးတခု တင်ပေးဖူးပါတယ်။ ပြီးမှ ပြန်ရှာပြီး တင်ပေးပါ့မယ်။ ဘာသာစကား အခေါ်အဝေါ်တွေ အငြင်းအခုံ လုပ်နေတာမဟုတ်ဘဲ ကျနော်တို့ အသုံးပြုမယ့် ဆေးက ဘယ်ကဘယ်လိုလာတယ်ဆိုတာတော့ သိရှိလေ့လာထားသင့်ပါတယ်။ ဘယ်ဒေသက ဘယ်လိုခေါ်ခေါ်ပါ။ သူက ဘာလဲဆိုတာ သိဖို့ရယ် ဘယ်လို အာနိသင်ရှိလဲ ဆိုတာရယ်ပါ။ ကောင်းပြီ ကျနော် မေးခွန်းစမေးမယ်။ ဒီ Chitosan တခုတည်းသုံးရုံနဲ့ ပြီးပြည့်စုံတဲ့ မြေဆီလွှာတခု ရနိုင်မလားဆိုတာပါပဲ။ နောက်တခုက အကို ပြောတယ် “သဘာဝဓာတ်မြေသြဇာကို ဖန်တီးတယ်ကျွေးတယ်ဆိုတာက အကျိုးပြုဘက်တီးရီးယားတွေများများပေါက်ဖွားလာအောင်လုပ်တယ်...အပင်ကိုသဘာဝအတိုင်းစားသုံးနိုင်အောင်လုပ်ရတဲ့အတွက်နှေးတယ်” ဆိုတာပါ။ သဘာဝမြေသြဇာနဲ့ ဇီဝမြေသြဇာနဲ့ အကို မကွဲပြားဘူးနဲ့တူတယ်။ သဘာဝမြေသြဇာဆိုတာ သဘာဝအတိုင်း ရတာ ဘာမှ မပြင်ဘူး။ ဥပမာ တိရစ္ဆာန်ချေး၊ သစ်ရွက်ဆွေး၊ သဘာဝကျောက်မှုန့်၊ စတာတွေ။ ဇီဝဆိုတာ live ဖြစ်နေတာ အဏုဇီဝပိုးတွေပါနေတာ။ ဒီ၂ခုစလုံးက Organic တွေပဲ။ သဘာဝကို သုံးရင် massive ဖြစ်တယ်။ များများသုံးရတာ လက်ခံပါတယ်။ ဒါပေမယ့် ဇီဝကျတော့ အဲ့လိုမဟုတ်ဘဲ နဲနဲထိရောက်တယ်။ chitosan က ဇီဝပါ။ ကျနော် ဖော်စပ်တဲ့ သြဂဲနစ်မြေသြဇာတွေ၊ ရွက်ဖြန်းဆေးတွေ အားလုံးဟာလဲ Live တွေဖြစ်လို့ ဇီဝမြေသြဇာပါ။ သဘာဝမြေသြဇာ၊ ဓာတုမြေသြဇာ၊ ဇီဝမြေသြဇာ တွေရဲ့အကြောင်းကို ကျနော်ရေးထားတဲ့ ဆောင်းပါးရှိပါတယ်။ ဘယ်စနစ်မဆို အားသာချက် အားနည်းချက်ဆိုတာ ရှိစမြဲပါImage may contain: food

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...