Wednesday, February 14, 2018

တောင်​သူလယ်​သမားအ​ခေါ် (​ခွေးသန်း၊ ကြက်​သန်း)The flea beetle behind the things you need to know........

No automatic alt text available.
နိဒါန်း~~~လှေးပိုးဟာ ဟင်းသီးဟင်းရွက်နဲ့ အခြားသီးနှံအချို့မှာ အဓိက ဖျက်ပိုးတစ်ခုပါပဲ။
ပျံ့နှံ့ပုံ~~မကြာသေးမီနှစ်များမှာ လှေးပိုးဟာ အရှေ့တောင်အာရှဒေသတွေမှတဆင့် အာရှတိုက်တစ်ခုလုံး နောက်ပြီး ပစ္စဖိတ်သမုဒ္ဒရာကျွန်း၊ အာဖရိကမြောက်ပိုင်း၊ သြဇီ၊ မြောက်အမေရိကနဲ့ မြေထဲပင်လယ် စတဲ့ဒေသတွေဆီ ပျံ့နှံ့သွားပါတယ်။ အာရှမှာဆိုရင် ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ တရုတ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း စတဲ့ဒေသတွေမှာ မကြာခဏကျရောက်ဖျက်ဆီးနေဆဲပါ။
ရုပ်သွင်ပြင်နှင့်ဘဝသံသရာImage may contain: plant and food
~~~~~~~~~~~~~~
လှေး ရဲ့ ဘဝစက်ဝန်းဟာ နေ့အပူချိန် ၃၀°C မှာဆိုရင် ရက်ပေါင်း ၂၀ခန့် ကြာပါတယ်။ ဒါပေမယ့် နေ့အပူချိန် ၁၅°C ဆိုရင် ရက်ပေါင်း ၈၀ခန့်အထိ ဘဝစက်ဝန်းကြာတတ်ပါတယ်။ လှေးဟာ ဘယ်ရာသီမဆို မကြာခဏ အနည်းနဲ့ အများ ကျတတ်ပါတယ်။ ပူနွေးတဲ့ရာသီမှာဆိုရင် ပိုပြီး ကျတတ်တာတွေ့ရပါတယ်။ သီးနှံတွေ ရင့်မှည့်လာတဲ့အချိန်ဆိုရင်တော့ လှေးကျရောက်မှုလျော့နည်းလာတတ်ပါတယ်။ No automatic alt text available.
ဥဟာ အရွက်တစ်သျှူးတွေပေါ်မှာ အုပါတယ်။ ဥအရောင်ဟာ အရောင်မဲ့တဲ့ပုံစံ ဖြူဖတ်ဖြူရော်အရောင်ပါပဲ။ ပဲပြားစေ့ပုံစံရှိပါတယ်။ ဥမှ အကောင်ပေါက်ဖို့အတွက် နေ့အပူချိန် ၁၅°C မှာ ၁၆ရက် ကြာပြီး ၂၆°C မှာ ၇ရက်၊ ၃၂°C မှာ ၄ရက်ပဲ ကြာပါတယ်။
လောက်ကောင်အဆင့်မှာ သေးငယ်ပြီး တောင်ပံမပါသေးပါဘူး။ လောက်ကောင်အဆင့်မှာ အဆင့်နှစ်ဆင့်ရှိပြီး အဲ့ဒီနှစ်ဆင့်လုံးမှာ အုပ်စုလိုက်ဖျက်စီးပါတယ်။ အညွှန့်တွေ ရွက်လယ်ကြောတွေ အရွက်ရင့်တွေမှာ ကျရောက်ဖျက်စီးပါတယ်။ လောက်ကောင်ရဲ့ ဖွံ့ဖြိုးကြီးထွားမှုဟာ အပူချိန်ပေါ်မှာ မူတည်ပါတယ်။ လောက်ကောင်ရဲ့ ပြည့်စုံစွာဖွံ့ဖြိုးဖို့အတွက် နေ့အပူချိန် ၁၅°C မှာ ၁၄ရက်ကြာပြီး ၂၆°C မှာ ၅ရက် နဲ့ ၃၂°C မှာတော့ ၄ရက်ကြာပါတယ်။ လောက်ကောင်တွေ ပြည့်စုံစွာဖွံ့ဖြိုးကြီးထွားပြီးတဲ့နောက်မှာ ရုပ်ဖုံးအဆင့်အတွက် ရွက်ကြိုရွက်ကြား ဒါမှမဟုတ် မြေကြီးထဲမှာ ရှိနေတတ်ကြပါတယ်။
ရုပ်ဖုံးအဆင့်ဟာလည်း နှစ်ဆင့်ပါပဲ။ အဲ့ဒီအချိန်မှာဆိုရင် အစာစားခြင်းမရှိတော့ပါဘူး။ ရုပ်ဖုံးအဆင့်ဟာ ၁၅°C မှာ ၁၂ရက်ကြာပြီး ၂၆°C မှာ ၄ရက် နဲ့ ၃၂°C မှာ ၃ ရက်ကြာပါတယ်။
အရွယ်ရောက်ကောင်ဟာ အဝါဖျော့ရောင် သို့မဟုတ် အဖြူရောင် ရှိပြီး ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင် အမွှေးအမျှင်တွေ ပါပါတယ်။ တောင်ပံတွေဆုံတဲ့ နေရာမှာ အနက်ရောက်အဆင်းကြောင်းပါရှိပြီး သေးသွယ်တဲ့ အမွှေးအမျှင်တွေဟာ ဖျော့တော့တော့ အရောင်ရှိပါတယ်။ အမွှေးအမျှင်တွေရဲ့ ရှေ့ပိုင်းဟာ နောက်ပိုင်းထက်တိုပါတယ်။ ခန္ဓာကိုယ်အရှည်ဟာ ၀.၈ - ၁ မီလီမီတာ ရှိပါတယ်။ အမဟာ အထီးထက် ပိုကြီးပါတယ်။ အရွယ်ရောက်အဆင့်ရဲ့ ငယ်ရွယ်တဲ့ကြီးထွားမှုအဆင့်မှာ အရွက်အသစ်တွေထဲ ကျရောက်ဖျက်ဆီးတတ်ပါတယ်။ အမတွေရဲ့ သက်တမ်းဟာ ၁၀ရက် မှ ၃၀ရက် အထိ ရှိပြီး အထီးတွေဟာ ၇ရက် မှ ၂၀ရက်အထိ ရှိပါတယ်။ သူတို့ရဲ့ ဖွံ့ဖြိုးမှုဟာ အပူချိန်ပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ နေ့အပူချိန် ၁၅°C မှာ ၂၀ရက် ကြာပြီး ၂၆°C မှာ ၁၇ရက် နဲ့ ၃၂°C မှာ ၁၂ရက် ကြာတတ်ပါတယ်။ အမတွေဟာ ဥ ၂၀၀ခန့် အထိ အုနိုင်ပြီး ပျမ်းမျှအနေနဲ့ အမတစ်ကောင်ဟာ ဥ ၅၀ အုပါတယ်။
လက္ခံပင်
~~~~~
ဖရဲ သခွားမွှေး လှေး ရဲ့ လက်ခံပင်အနေနဲ့ ခရမ်းချဉ် ငရုတ် ခရမ်း ဟာ အဓိက လက်ခံပင်ပါပဲ။ အခြားလက်ခံပင်တွေကတော့ ပဲ၊ ဂေါ်ဖီထုပ်၊ ဆလပ်၊ ဘူး၊ ဖရုံ၊ သခွား၊ ရုံးပတီ၊ ကြက်သွန်၊ အာလူး စတာတွေပါပဲ။ ဂန္ဓမာ၊ ရှောက်သံပုရာ၊ ခေါင်ရမ်း၊ ဝါ၊ သရက်၊ ဆေးရွက်ကြီးတွေဟာလည်း လက်ခံပင်တွေပါပဲ။ ပေါင်းမြက်တွေဟာလည်းပဲ လှေးပိုးကို ခိုအောင်းစေပါတယ်။
ဖျက်ဆီးမှုလက္ခဏာ
~~~~~~~~~~~
လှေးပိုး ကျရောက်ဖျက်စီးလျှင် အရွက်တွေမှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိစေပါတယ်။ အရွက်ဟာ အဝါရောင် အဖြူရောင် သို့မဟုတ် အညိုရောင်ပြောင်းသွားပြီး အရွက်ကုတ်ကာ သေဆုံးသွားပါတယ်။ ဆိုးရွားလာလျှင် ကြေးနီရောင်တွေ တွေ့ရတတ်ပါတယ်။ အပင်ဟာ ကြီးထွားမှုရပ်တန့်လာပြီး ပုံမမှန်ဖြစ်လာမယ်။ လှေးပိုးဟာ အရွက်တစ်ရွက်မှာ တစ်ကောင်မှ ဆယ်ကောင် အထိ ကျနေပြီဆိုရင် ဒါဟာ စီးပွားရေးအရ ထိခိုက်နေပါပြီ။ အရွက်ပေါ်မှာ တွေ့ရပြီး အပွင့် အသီးတွေမှာလည်း ကျပါတယ်။ အရွက်အသားကိုခြစ်ပြီး ထွက်လာတဲ့ အရည်ကို စုပ်စားပါတယ်။ ဆိုးရွားလာလျှင် ဗိုင်းရပ်စ်ရောဂါကို သယ်ဆောင်ပါတယ်။ တောင်သူအခေါ် အပင်နူလာပါတယ်။ ဗိုင်းရပ်စ်ဖြစ်လာပါက နုတ်ပစ်ရုံမှတပါး အခြားမရှိတော့ပါ။
ကာကွယ်နှိမ်နင်းနည်း
~~~~~~~~~~~
လှေးရဲ့ သဘာဝရန်သူတွေကတော့ လိပ်ခုံးကျိုင်းလို စတဲ့အကောင်တွေပါပဲ။ အကျိုးပြုအင်းဆက်တွေပါ။ ဒါပေမယ့် ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးလာတဲ့အတွက် လှေးရဲ့ သဘာဝရန်သူဖြစ်တဲ့ အကျိုးပြုအင်းဆက်တွေလည်း သေဆုံးကြရပါတယ်။ ပိုးထောင်ချောက်တွေလည်း အသုံးပြုနိုင်ပါတယ်။ အဝါရောင်ထောင်ချောက်ထက် အပြာရောင် နဲ့ အဖြူရောင်ဟာ လှေးကို ပိုပြီး စွဲဆောင်စေပါတယ်။ Black Plastic Mulch ဆိုတဲ့ အိတ်အုပ်တဲ့စနစ်ဟာလည်းပဲ လှေးပိုးရဲ့ အရေအတွက်ကို လျော့စေတတ်ပါတယ်။ ပိုးသတ်ဆေးများအနေနဲ့ အရင်က ဆေးဂန္ဓမာအုပ်စုနဲ့ နှိမ်နင်းနိုင်ခဲ့ပေမယ့် အခုနောက်ပိုင်း ဆေးယဉ်ပါးပြဿနာတွေကြောင့် အခြားအုပ်စုဝင်ဆေးတွေကို အသုံးပြုလာကြပါတယ်။ အောက်ပါဆေးများကိုတော့ ဖြည့်စွက်ဖော်ပြပေးလိုက်ပါတယ်။
၁။ Dimethoate (ဒိုင်မီသိုအိတ်)
၂။ Diazinon ( ဒိုင်ယာဇီနွန်)
၃။ Imidacloprid (အင်မီဒါကလိုပရစ်)
၎။ Acetameprid (အဆီတာမီပရစ်)
၅။ Abamectin (အဘာမက်တင်)
၆။ Cartap (ကားတက်)
၇။ Chlopyrifos (ကလိုပိုင်ရီဖော့စ်)
၈။ Buprofezin (ဗျူပရိုဖီဇင်)
၉။ Fipronil (ဖစ်ပရိုနေးလ်)
အခြားဆေးအုပ်စုအသစ်များလည်း ရှိနေပါသေးတယ်။
ဆေးဖြန်းတဲ့အချိန်ဟာ မနက်ခင်း ၈-၉နာရီမှ စပြီးဖြန်းရင် ပိုပြီးထိရောက်တတ်ပါတယ်။
#Min Ye Htun

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...