Friday, February 23, 2018

paras...

ပါရာဆိုက်တွိုက် (Parasitoid) ဆိုတာကို ရှေ့ပိုင်းမှာတုန်းက ကပ်ပါးတူ လို့ ဘာသာပြန်ခဲ့ပါတယ် ဒါက တကယ် လိုက်ဖက်တဲ့ အသုံးအနှုန်း ဟုတ်ချင်မှဟုတ်မှာပါ အရင်အချိန်တွေတုန်းက အမျိုးတူပဲ ဆိုပြီး အုပ်စုတစ်ခုထဲမှာ ထည့်ထားတာတွေ နောက်ပိုင်းမှာ အသစ်တွေ့ရှိချက်များအရ အုပ်စုထဲမှာ ထည့်ထားဖို့ မသင့်တော်ဘူးလို့ ယူဆတာတွေ ဇီဝဗေဒမှာ အများကြီး ရှိပါတယ် နာမည်အသစ်ပေးတာတွေလဲ ရှိတာပေါ့ တစ်ချို့တွေကျတော့လဲ ကွဲလွဲချက် အများကြီးမဟုတ်ပေမယ့် သိသာထင်ရှားနေရင် ခပ်ဆင်ဆင် ဆိုတဲ့သဘော တစ်ခါတစ်လေလဲ မူလအုပ်စုတစ်ခုက ခွဲထွက်တာမဟုတ်ပေမယ့် သဘာဝချင်း ဆင်တူနေလို့ နာမည်ချင်း ဆင်တူနေတယ် ဆိုတာမျိုးလဲ ရှိပါတယ်No automatic alt text available.
ဥပမာ ဆိုကြပါစို့ ဗိုင်းရပ်စ် ဆိုတဲ့အကောင် ဆဲလ် ဖွဲ့စည်းပုံ အပြည့်မရှိဘူး ဒါပေမယ့် သက်ရှိဆဲလ်တွေထဲမှာ ဝင်ရောက်ပြီး မျိုးပွားနိုင်တယ် သူ့မှာ တကယ်ရှိတာက ၁) မျိုးရိုးဗီဇဆိုင်ရာပစ္စည်း (Genetic material) ဖြစ်တဲ့ DNA (ဒီအောက်ဆီရိုင်ဘိုနယူးကလစ်အက်ဆစ်) သို့ RNA (ရိုင်ဘိုနယူးကလစ်အက်ဆစ်) နှစ်မျိုးထဲက တစ်မျိုးရယ် နောက် ၂) မျိုးရိုးဗီဇဆိုင်ရာပစ္စည်းကို ဖုံးကာထားတဲ့ အသားဓါတ်နဲ့ဖွဲ့စည်းထားတဲ့ အကာ (Protein Coat) ရယ် ရှိတယ် အပင် သတ္တဝါ ဘက်တီးရီးယား မည်သည့် သက်ရှိမဆို ဝင်ရောက်စွဲကပ်တတ်တယ် နောက်ဆုံး ဗိုင်းရပ်အချင်းချင်းတောင်မှ ဝင်ရောက်စွဲကပ်နိုင်တဲ့ ဗိုင်းရပ် (Virophage) ဆိုတာရှိတယ်ဆိုပဲ (တကယ်တော့ Co-infection) ပါ)Image may contain: plant and outdoor
ဒါပေမယ့် Viroid ဆိုတဲ့အကောင်ကျတော့ သူ့မှာ RNA ပဲရှိတယ် ပရိုတိန်းအခွံအကာ မရှိဘူး အပင်တွေကိုသာ ဝင်ရောက်စွဲကပ်တယ် ဒီကောင်တွေက သက်ရှိလောကမှာ Virus တွေနဲ့ အတူဆုံးပဲ မျိုးရိုးဗီဇဆိုင်ရာပစ္စည်း တစ်မျိုးသာ ပါရှိတာ (သတ္တဝါ အပင် ဘက်တီးရီးယား အားလုံးမှာ မျိုးရိုးဗီဇဆိုင်ရာပစ္စည်း DNA ရော RNA ရော နှစ်မျိုးစလုံးပါရှိပါတယ်) အခြားသက်ရှိဆဲလ်ထဲကိုဝင်ရောက်ပြီးမှ ပွားများနိုင်တာ (ဆိုလိုတာက ကိုယ်တိုင် မျိုးပွားနိုင်စွမ်းမရှိတာပါ) အဲဒီ နှစ်ချက်က Virus တွေနဲ့ တူပါတယ် ဒါကြောင့် သူတို့ကို နာမည်ပေးတဲ့အခါမှာ ဗိုင်းရပ်စ်များနှင့်ဆင်သော (ဗိုင်းရပ်စ်တူ လို့ပြောပြော ဗိုင်းရပ်စ်ယောင် လို့ ပြောပြော ဗိုင်းရပ်စ်တု လို့ပြောပြောပေါ့ဗျာ) လို့ အဓိပ္ပါယ်ရတဲ့ Viroid လို့ နာမည်ပေးတာဖြစ်ပါတယ်
အခု Parasitoid ကလဲ Parasite နဲ့ ဆင်တူတဲ့ အချက်တွေရှိသလို အဓိက ကွာခြားချက်တွေလဲ ရှိပါတယ် Parasite ဆိုတာက အခြားသက်ရှိကို ပြင်ပမှဖြစ်စေ ကိုယ်တွင်းမှဖြစ်စေ အစားအစာ နေထိုင်စရာ တစ်ခုခုအတွက် မှီခိုနေရတဲ့ သက်ရှိမျိုးကို ဆိုလိုပါတယ် Parasite က လက်ခံကောင်ကို သေစေတာမျိုးရှိနိုင်ပေမယ့် များသောအားဖြင့်တော့ အသက်မသေစေပဲ မှီခိုနေတာ ဖြစ်ပါတယ်No automatic alt text available.
များသောအားဖြင့်တော့ Parasite နဲ့ Parasitoid ကို ခွဲခြားရာမှာ လက်ခံကောင်ကို အသေ သတ် မသတ် ဆိုတာနဲ့ ခွဲပါတယ် ဒါပေမယ့် လုံးဝ တရားသေ ပြောလို့ မှန်တာတော့ မဟုတ်ပါဘူး Parasite မှာလဲ လက်ခံကောင်ကို သေစေတဲ့ parasite တွေ ရှိပါတယ်
အဲဒီတော့ Parasitoid ဆိုတာကို အဓိပ္ပါယ်သတ်မှတ်ရာမှာ
၁) အင်းဆက်အမျိုးအနွယ်ဖြစ်ရမည်
၂) ဥ သို့မဟုတ် သားလောင်းဘဝတွင် အခြားသက်ရှိကို မှီခိုပြီး လွတ်လပ်သောသက်ကြီးကောင်ဘဝ (free living adult) ရှိသည်
၃) မှီခိုနေသော သက်ရှိကို နောက်ဆုံးတွင် သေစေသည်
ဆိုတာတွေနဲ့ သတ်မှတ်ပါတယ် အင်းဆက်မျိုးစိတ်ပေါင်း ဘယ်လောက်ရှိတယ်ဆိုတာကို အတိအကျပြောဖို့ခက်ပါတယ် ခန့်မှန်းကြတာကတော့ 2.6 သန်း ကနေ 7.8 သန်းလောက်ရှိနိုင်တယ်လို့ ဆိုပါတယ် အဲဒီထဲမှာမှ 7% လောက်က Parasitoid တွေဖြစ်တယ်လို့ ဆိုပါတယ် Parasitoid သက်ကြီးကောင်တွေက ဝတ်ရည် သို့မဟုတ် ပျတွေကထုတ်ပေးတဲ့ အချိုရည်ကို စားသုံးကြပါတယ် တစ်ချို့တွေကတော့ တစ်ခြားအကောင်တွေကို ဖမ်းစားတဲ့ Predators တွေ ဖြစ်ကြပါတယ်
အဲဒီ Parasitoids တွေထဲကမှ 76% လောက်က Hymenoptera (ပျား နကျယ် ပုရွက်ဆိတ် အုပ်စုများ) 22% လောက်က Diptera (ယင်ကောင်များ ခြင်များ) နဲ့ ကျန်တဲ့ 2% လောက်ကတော့ Coleoptera (အခွံမာကောင်တွေ Beetle နဲ့ Weevil ) ပါ ဒီ Parasitoid တွေက များသောအားဖြင့် အခြား အင်းဆက်တွေကို လက်ခံကောင်အဖြစ် အသုံးပြုကြပါတယ် ပင့်ကူ ခရုပက်ကျိ အစရှိတဲ့ အကောင်တွေကို စွဲကပ်တတ်တဲ့ ကပ်ပါးယောင်တွေလဲ အနည်းငယ် ရှိသလို မြွေဥ ကို လက်ခံကောင်အဖြစ်သုံးတဲ့ အကောင်တွေလဲ ရှားရှားပါးပါး ရှိတယ်လို့ ဆိုပါတယ် Hymenoptera မျိုးစိတ်ပေါင်း 320000 လောက်ရှိတဲ့အထဲက 75% လောက်ဖြစ်တဲ့ မျိုးစိတ်ပေါင်း 240000 လောက်က ကပ်ပါးယောင်တွေပါ ဒီ အချက်အလက်တွေက အမျိုးမျိုးတွေ့ပါတယ် တစ်ချို့စာတွေမှာ မျိုးစိတ်ပေါင်း 600000 လောက်ထဲက 80% လောက်က ကပ်ပါးယောင်တွေလို့ ဆိုထားတာလဲ ရှိပါတယ် ဘာပြောပြော ဒီ နကျယ် ပျားအုပ်စုဝင်တွေထဲမှာ ကပ်ပါးယောင်တွေကို အများဆုံးတွေ့နိုင်တယ်ဆိုတာတော့ မမှားနိုင်ပါဘူးImage may contain: food
ဒါဆိုရင်တော့ Parasitoid ဆိုတာကို သဘောလောက်တော့ သိသွားပြီလို့ ထင်ပါတယ် အဲဒီ Parasitoid တွေကို စိုက်ပျိုးရေးမှာ အရေးပါတဲ့ ဖျက်ပိုးတွေကို နှိမ်နှင်းဖို့ အသုံးပြုနိုင်ပါတယ်
********* ********* *********
ကျွန်တော်တို့နဲ့ အနီးစပ်ဆုံး အတွေ့ရအများဆုံး Parasitoid ကို ပြောပါဆိုရင် နကျယ်ကောင်ကို ပြောရမယ် ထင်ပါတယ် နကျယ်ကောင်က ဘောက်ဖတ် ကို ဖမ်းယူပြီး နကျယ်အိမ်ထဲကို ထိုးထည့်တာ မြင်ဖူးကောင်း မြင်ဖူးကြမှာပါ နောက် နကျယ်အိမ်ကို အလုံပိတ်ထားတယ် အချိန်တန်တော့ အထဲက နကျယ်ကောင်လေးတွေ ရွှံ့နဲ့လုပ်ထားတဲ့ အိမ်ကို ဖောက်ပြီး ထွက်လာတယ် လူကြီးတွေပြောကြတာကတော့ နကျယ်ကောင်က သူ့သားသမီးတွေစားဖို့ ဘောက်ဖတ်ကို ဖမ်းထည့်ပေးတယ် တဲ့ မှန်တော့ မှန်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ မမြင်ရတာတွေ အများကြီး ရှိပါသေးတယ်
ဒီလို ကပ်ပါးယောာင်တွေကို အမျိုးအစားခွဲကြည့်ကြရအောင်ပါ ဒါမှ တကယ်လက်တွေ့သုံးတဲ့အခါ ဘယ်အကောင်ကို ရွေးချယ်သင့်တယ်ဆိုတာ သိရှိဖို့ အထောက်အပံ့ဖြစ်နိုင်ပါမယ်No automatic alt text available.
#အမျိုးအစားခွဲခြားခြင်း
၁) လက်ခံကောင်အပေါ်စွဲကပ်သည့်နေရာအပေါ်မူတည်ပြီး အမျိုးအစားခွဲခြင်း
ဒီ ကပ်ပါးယောင် ကောင်တွေက စောစောက ပြောပြီးဖြစ်တဲ့အတိုင်း ဥ သို့ သားလောင်း ဘဝမှာ ကပ်ပါးအဖြစ်နေတာပါ ဒီအခါမှာ အခြား ကပ်ပါးတွေလိုပဲ အပြင်ကပ်ပါး သို့ အပြင်ကပ်ပါးယောင် (Ectoparasitism သို့ Ectoparasitoidism) အတွင်းကပ်ပါး သို့ အတွင်းကပ်ပါးယောင် (Endoparasitism သို့ Endoparasitoidism) လို့ ရှိပါတယ် ဒါက လက်ခံကောင်ကို စွဲကပ်တဲ့ နေရာအပေါ်မူတည်ပြီး အမျိုးခွဲတာပါ
၂) လက်ခံကောင်၏ဘဝစက်ဝန်းအပေါ်မူတည်ပြီး အမျိုးအစားခွဲခြင်း
လက်ခံကောင်ရဲ့ ဘဝစက်ဝန်းအပေါ်မှာ မူတည်ပြီး အမျိုးအစားခွဲရင်တော့ ဥ ဘဝမှာ ကပ်ပါးဖြစ်တဲ့ ကပ်ပါးယောင် အကောင်မျိုး (Egg Parasitoid) သားလောင်းဘဝမှာ ကပ်ပါးဖြစ်တဲ့ ကပ်ပါးယောင် အကောင်မျိုး (larval Parasitoid) ပိုးရုပ်ဖုံးဘဝမှာ ကပ်ပါးဖြစ်တဲ့ ကပ်ပါးယောင် အကောင်မျိုး (Pupal Parasitoid) သက်ကြီးကောင်လက်ခံကောင်ကို စွဲကပ်ပြီး ကပ်ပါးဖြစ်တဲ့ ကပ်ပါးယောင် (Adult Parasitoid) ဆိုပြီး ရှိပါတယ် တစ်ချို့လဲ လက်ခံကောင်ရဲ့ ဘဝစက်ဝန်းမှာ အဆင့်တစ်ဆင့်မက ရှိနေတာမျိုး တွေ့ရပါတယ် ဥပမာ သားလောင်းဘဝမှာ စတင်ကပ်ပါးဖြစ်ပြီး ပိုးရုပ်ဖုံးဘဝမှာကျမှ စွန့်ခွာသွားတဲ့ ကပ်ပါးယောင် အကောင်မျိုးတွေလဲ ရှိပါတယ် (Larval-Pupal Parasitoid) လို့ ခေါ်ပါတယ် Egg-Larval Parasitoid ဆိုတာလဲ ရှိပါတယ်Image may contain: food
၃) လက်ခံကောင်တစ်ကောင်တွင် စွဲကပ်သောအရေအတွက်အပေါ်မူတည်ပြီး အမျိုးအစားခွဲခြင်း
လက်ခံကောင် တစ်ကောင်မှာ ကပ်ပါးယောင် အရေအတွက် တစ်ကောင်သာ စွဲကပ်သော အမျိုးအစား (Solitary Parasitoid) နဲ့ လက်ခံကောင်တစ်ကောင်မှာ ကပ်ပါးယောင် အကောင်အရေအတွက် အမြောက်အမြား စွဲကပ်သော အမျိုး (Gregarious Parasitoid) ဆိုပြီး နှစ်မျိုးခွဲပါတယ်
၎) စွဲကပ်ချိန်တွင် လက်ခံကောင်အပေါ်အကျိုးသက်ရောက်မှုအပေါ်မူတည်ပြီး ခွဲခြားခြင်း
လက်ခံကောင်ကို ကပ်ပါးယောင်ကစွဲကပ်တဲ့အခါမှာ နကျယ်ကောင်လို အကောင်မျိုးတွေက လက်ခံကောင်ကို အဆိပ်ဆူးနဲ့ ထိုးလေ့ရှိပါတယ် အဲဒီအခါမှာ လက်ခံကောင်သည် သေသွားတာမျိုးရှိသလို မသေပေမယ့် ဆက်လက်မကြီးထွားနိုင်တာမျိုးဖြစ်နိုင်ပါတယ် ဒါမျိုးကိုတော့ Idiobiont Parasitoid လို့ခေါ်ပါတယ် ယင်ကောင်မျိုးစိတ်တွေကတော့ လက်ခံကောင်ကို စွဲကပ်ချိန်မှာ ထူးထူးခြားခြား ချက်ခြင်း အန္တရာယ်မပေးပါဘူး လက်ခံကောင်က ဆက်ပြီး ရှင်သန်ကြီးထွားနေပါတယ် ဒါမျိုးကိုတော့ Koinobiont Parasitoid လို့ ပြောပါတယ်Image may contain: flower, plant and nature
၅) အခြား ကပ်ပါးယောင်များနှင့် ဆက်စပ်မှုအပေါ်မူတည်ပြီး အမျိုးအစားခွဲခြင်း
လက်ခံကောင်တစ်ကောင်ကို ကပ်ပါးယောင် တစ်မျိုးထဲ တစ်ကြိမ်ထဲ စွဲကပ်ခြင်းကို မူလကပ်ပါးယောင်စွဲကပ်ခြင်း Primary Parasitoidism လို့ ခေါ်ပါတယ် မူလကပ်ပါးယောင်ကိုမှ လက်ခံကောင်အဖြစ် အသုံးပြုတဲ့ဆင့်ပွားကပ်ပါးယောင် ကိုတော့ တစ်ဆင့်ခံကပ်ပါးယောင် Secondary Parasitoid လို့ပြောတယ် နောက်တစ်ဆင့် Secondary Parasitoid ကို နောက်ကပ်ပါးယောင်တစ်မျိုးက စွဲကပ်တယ်ဆိုရင်တော့ နှစ်ဆင့်ခံကပ်ပါးယောင် Tertiary Parasitoid လို့ ခေါ်ပါတယ် တစ်ဆင့်ခံနဲ့ နှစ်ဆင့်ခံ ဆင့်ပွား ကပ်ပါးယောင်စွဲကပ်ခြင်းတွေကို Hyperparasitoidism လို့ အမည်ပေးပါတယ် ဒီနေရာမှာ Hyperparasitoidism အစစ်မဟုတ်တဲ့ နောက်တစ်မျိုးရှိပါသေးတယ် ကပ်ပါးယောင်တစ်မျိုးစွဲကပ်နေတဲ့ လက်ခံကောင်ကို နောက်တစ်မျိုးက ထပ်မံစွဲကပ်ပြီး ပထမကပ်ပါးယောင်နဲ့ အစားအစာ နေစရာတွေကို ယှဉ်ပြိုင်အသုံးပြုခြင်းကိုတော့ Cleptoparasitism လို့ ခေါ်ပါတယ် များသောအားဖြင့် ဒုတိယကပ်ပါးယောင် (Cleptoparasite) က နိုင်ပါတယ် တဲ့ အမယ်လေး သပွတ်အူတောင် သူ့လောက် ရှုပ်ပါ့မလားမသိဘူးနော်
Hyperparasitoid တွေက Biological Control မှာ အနှောင့်အယှက်ဖြစ်စေပါတယ် သူတို့က ကပ်ပါးယောင်အစစ်တွေရဲ့ အရေအတွက်နဲ့ လုပ်ဆောင်နိုင်စွမ်း အကျိုးသက်ရောက်မှုတွေကို ကျဆင်းစေနိုင်ပါတယ်
၆) မျိုးစိတ်တူ မျိုးစိတ်ကွဲ ထပ်မံစွဲကပ်ခြင်းအပေါ်မူတည်ခွဲခြားခြင်း
လက်ခံကောင်တစ်ကောင်ကို ကပ်ပါးယောင်တစ်ကောင်က စွဲကပ်ပြီးတဲ့နောက်မှာ နောက် တစ်ခြားကပ်ပါးယောင်တစ်ကောင်က ထပ်မံစွဲကပ်တဲ့အခါမှာ မျိုးစိတ်တူကပ်ပါးယောင်က စွဲကပ်တာဆိုရင် Superparasitism လို့ခေါ်ပြီး မျိုးစိတ်ကွဲရင်တော့ Multiple Parasitism လို့ခေါ်ပါတယ် Superparasitism မှာ များသောအားဖြင့် ကပ်ပါးယောာင်သားလောင်းတွေဟာ လိုအပ်တဲ့ အာဟာရကို အပြည့်အဝမရတဲ့အတွက် အရွယ်အစားသေးငယ် သန်စွမ်းကြီးထွားမှုလျော့နည်းပြီး မျိုးပွားနိုင်စွမ်းလဲ နည်းတယ်လို့ ဆိုပါတယ် Multiple Parasitism မှာတော့ တစ်မျိုးမျိုးက ယှဉ်ပြိုင် အနိုင်ရသွားမယ်လို့ ထင်ပါတယ်
********* ********* *********
#နကျယ်မျိုးနွယ်ဝင်ကပ်ပါးယောင်များImage may contain: text
ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ ကပ်ပါးယောင်အင်းဆက်တွေက ပျား နကျယ် ပုရွက်ဆိတ် တွေပါဝင်တဲ့ မျိုးရင်းဖြစ်တဲ့ မျိုးရင်း Hymenoptera ထဲမှာ အများဆုံးပါပါတယ် အပူပိုင်းဒေသထက် သမပိုင်းဒေသမှာ ပိုပြီးများများတွေ့ရတယ်လို့ ဆိုပါတယ် ဒါပေမယ့် အပူပိုင်းဒေသမှာတွေ့ရတဲ့ ကပ်ပါးယောင်တွေအကြောင်းကို သေချာမသိရသေးတာလဲ ဖြစ်နိုင်ပါတယ် တကယ်လို့ အားလုံးကိုသာ သိနိုင်မယ်ဆိုရင် သမပိုင်းဒေသမှာထက် မနည်းနိုင်ဘူး လို့လဲ ဆိုထားပါတယ် သူတို့ထဲကမှ Biological Control မှာ အလားအလာရှိတဲ့ ကပ်ပါးယောင်နကျယ်တွေကို ဆက်လေ့လာကြည့်ကြရအောင်ပါ
#ဘရာကိုးနစ်နကျယ်များ (#Braconid_Wasps)
အမျိုးအမည်သိပြီးဖြစ်တဲ့ ဘရာကိုးနစ်နကျယ်မျိုးစိတ်ပေါင်း 17000 လောက်ရှိပါတယ် စုစုပေါင်း 40000 ကျော် ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ် သူတို့ ပါဝင်တဲ့ မျိုးရင်းကိုတော့ Family Braconidae လို့ သတ်မှတ်ထားပါတယ် အနက်ရောင်ဘက်ကိုလုတဲ့အညိုရင့်ရင့်အရောင်ရှိပြီး ကိုယ်ပေါ်မှာ အနီရောင် အမှတ်အသားတွေ ရှိပါတယ် အာရုံခံအမျှင်က အဆစ် (၁၆) ဆစ် ရှိပါတယ် အမတွေမှာ ရှည်လျားတဲ့ ဥပြွန်ရှိတတ်ပါတယ် ဒါက သူတို့ရဲ့ လက်ခံကောင် ကို အသုံးပြုနိုင်ဖို့အတွက် ထူးကဲထားတာလို့ ဆိုနိုင်ပါတယ် ပင်စည်ထဲကို ထိုးဖောက်ဝင်ရောက်နေတဲ့ လက်ခံကောင်အနားကို ဥချနိုင်ဖို့ ဒါမှမဟုတ် ရှည်လျားတဲ့ အမွှေးတွေကို ကျော်လွှားနိုင်ဖို့ အစရှိသဖြင့် လိုအပ်ချက်တွေအတွက် ဥပြွန်က ရှည်နေတာဖြစ်ပါတယ် အများစုက မူလကပ်ပါးယောင် (Primary Parasitoids) တွေဖြစ်ပြီး Biological Control မှာ အသုံးများတဲ့ အမျိုးအစားဖြစ်ပါတယ် အခွံမာကောင်များ (Coleoptera) ခြင် ယင် များ (Diptera) နဲ့ လိပ်ပြာ ဖလံကောင်များ (Lepidoptera) တွေရဲ့ သားလောင်းတွေကို လက်ခံကောင်အဖြစ်အသုံးပြုပါတယ် ပျ ကိုလဲ စွဲကပ်တတ်ပါတယ် ရှောက်သံပုရာလိမ္မော် ကြံ ပြောင်း အစရှိတဲ့ သီးနှံများကို ဖျက်ဆီးတတ်တဲ့ ပျ သစ်သီးယင် ပင်စည်ထိုးပိုး အစရှိတာတွေကို နှိမ်နှင်းရာမှာ အောင်မြင်စွာ အသုံးပြုနိုင်တဲ့ ကပ်ပါးယောင်မျိုးတွေ ဖြစ်ပါတယ်
#အစ်ခ်ျနျူမိုနစ်နကျယ်များ (#Ichneumonid_Wasps)
ဒီအကောင်တွေက အပေါ်က ပြောခဲ့တဲ့ ဘရာကိုးနစ်နကျယ်တွေနဲ့ နီးစပ်တဲ့ အမျိုးအနွယ်ဖြစ်ပါတယ် အစ်ခ်ျနျူမွန်များ (Ichneumons) လို့လဲ ခေါ်ပါတယ် Hymenoptera တွေထဲမှာ မျိုးစိတ် အများဆုံးကို ပိုင်ဆိုင်ထားပါတယ် ဘရာကိုးနစ်နကျယ်တွေနဲ့ အဓိက ကွာခြားချက်က အတောင်ပံမှာ အကြောတွေ ယှက်ဖြာနေပုံကွာခြားတာဖြစ်ပါတယ် မီလီမီတာအနည်းငယ်ထိ သေးငယ်တဲ့ အရွယ်ကနေ စင်တီမီတာတော်တော်များများထိ ကြီးမားတဲ့အကောင်တွေ ရှိနိုင်ပါတယ် ဘရာကိုးနစ်နကျယ်တွေလိုပဲ အာရုံခံအမျှင်မှာ အဆစ် (၁၆) ဆစ် ဒါမှမဟုတ် ပိုများနိုင်ပါတယ် သူတို့မဟုတ်တဲ့ တစ်ခြားနကျယ် ပျား စတဲ့အမျိုးအနွယ်တွေမှာ အဆစ် (၁၃) ဆစ် သို့ ပိုနည်းနိုင်ပါတယ် သူတို့မှာ ဥပြွန်နဲ့ အဆိပ်ဆူးက တစ်ခုထဲဖြစ်ပြီး သားကောင်ကို အဆိပ်ဆူးနဲ့ ထိုးတဲ့အခါမှာ အဆိပ်ရော ဥ တွေကိုရော ထုတ်ပေးတတ်ပါတယ် ဒါကလဲ တစ်ခြားနကျယ်တွေနဲ့ ကွာခြားချက်ပါ တစ်ခြားနကျယ်တွေက အဆိပ်ဆူးကနေ အဆိပ်ပဲ ထုတ်ပေးပါတယ် ဒါပေမယ့် နကျယ်အထီးတွေကတော့ ဘယ်အမျိုးမှာမှ အဆိပ်ဆူး သို့ ဥပြွန်မရှိပါ သူတို့ရဲ့ အဓိက သားကောင်တွေကတော့ အခြား နကျယ်မျိုးနွယ်ဝင်များ အခွံမာကောင်များ လိပ်ပြာ ဖလံများ ရဲ့ သားလောင်းတွေနဲ့ ပိုးရုပ်ဖုံးအဆင့်တွေ ဖြစ်ပါတယ်
#ချယ်လဆစ်နကျယ်များ (#Chalcid_Wasps)
ဒီကောင်တွေက နကျယ်အကောင်သေးမျိုးတွေဖြစ်ပါတယ် ကပ်ပါးယောင် တစ်ဆင့်ခံကပ်ပါးယောင်များ နဲ့ အပင်စားအကောင်တွေ ဖြစ်နိုင်ပါတယ် Biological Control အတွက် အရေးပါနိုင်တဲ့ မျိုးရင်းတွေက အေဖီလီဒေး (Aphelidae) ယူလိုဖီဒေး (Eulophidae) အဲန်ခရစ်တီဒေး (Encrytidae) တာရိုမယ်လီဒေး (Pteromalidae) နဲ့ ထရိုင်ကိုဂရာမက်တီဒေး (Trichogrammatidae) တို့ဖြစ်ပါတယ် အင်းဆက်များအပြင် ပင့်ကူနဲ့ နီမတုတ်တစ်မျိုးကို စွဲကပ်နိုင်တဲ့ ကပ်ပါးယောင်မျိုးစိတ်တွေ ပါရှိပါတယ် တောက်ပတဲ့ ကြေးနီရောင် သို့ ကြေးညှိစိမ်းရောင် ရှိပါတယ်
မျိုးစု အေဖိုက်တစ် (Genus Aphytis) မှာ ပါဝင်တဲ့ အေဖီးလစ်နကျယ်တစ်ချို့ဟာ ရှောက် သံပုရာ လိမ္မော် ပင်တွေမှာ ကျရောက်တတ်တဲ့ အကြေးအင်းဆက် Scales တွေကို နှိမ်နှင်းရာမှာ အရေးပါတဲ့ အကောင်တွေဖြစ်ပါတယ် တစ်ခြား ပျ ယင်ဖြူကောင်တွေမှာလဲ ကပ်ပါးယောင်တွေအနေနဲ့ တွေ့ရပါတယ် မျိုးစု အဲန်ကားရှား (Genus Encarsia) ထဲက မျိုးစိတ်များကလဲ ဖန်လုံအိမ်တွေမှာစိုက်ပျိုးထားတဲ့ အပင်တွေကို ယင်ဖြူကောင်တွေရဲ့ရန်က ကာကွယ်ရာမှာ အများကြီး အသုံးဝင်ပါတယ် ယူလိုဖစ် (Genus Eulophidae) မျိုးစိတ်ထဲက နကျယ်မျိုးတွေကတော့ သစ်သီးယင်ကောင်တွေအပြင် ကော်ဖီ အာလူး ရှောက်လိမ္မော် အစရှိတဲ့အပင်တွေမှာ ကျရောက်တတ်တဲ့ အရွက်ထွင်းပိုးတွေကို ကပ်ပါးအနေနဲ့ စွဲကပ်တတ်တဲ့ ကပ်ပါးယောင်တွေ ဖြစ်ပါတယ် အဲန်ခရစ်တစ်နကျယ်တွေကတော့ ကော်ဖီ ရှောက်လိမ္မော် နာနတ် ပီလောပီနံ စတဲ့အပင်တွေကို ဖျက်ဆီးတဲ့ အကြေးအင်းဆက်များ ဘဂ် (bugs) များကို နှိမ်နှင်းပေးနိုင်ပါတယ် တာရိုမယ်လစ်နကျယ်တွေက လိပ်ပြာဖလံများ ခွံမာကောင်များ ယင်ကောင်များရဲ့ ပိုးရုပ်ဖုံးအဆင့်မှာ တွယ်ကပ်တဲ့ အမျိုးတွေပါ အဲန်ခရစ်တစ် နဲ့ တာရိုမယ်လစ် နကျယ်တွေမှာ ကပ်ပါးယောင်ကို ထပ်မံကပ်ပါးလုပ်တဲ့ တစ်ဆင့်ခံ ကပ်ပါးမျိုးစိတ်တွေ ရှိပါတယ် ထရိုင်ကိုမက်တစ်နကျယ်တွေကိုတော့ ခရမ်းချဉ် ပြောင်း ဝါ ကြံ အစရှိတဲ့အပင်တွေမှာ ကျရောက်တဲ့ ဖျက်ပိုးတွေကို နှိမ်နှင်းဖို့ အဓိက အသုံးများတယ်လို့ ဆိုပါတယ်
ဒါတွေအပြင် ဖီဂျစ်တစ်နကျယ်တွေ (Family Figitidae) နဲ့ ဆယ်လီယိုးနစ် (Family Scelionidae) နကျယ်မျိုးတွေလဲရှိပါသေးတယ် ဒီကောင်တွေကလဲ သူ့အတိုင်းအတာနဲ့သူ Biocontrol မှာ အသုံးပြုနိုင်မယ့် အလားအလာတွေ ရှိတယ်လို့ ဆိုပါတယ်
********* ********* *********
#ယင်ကောင်မျိုးနွယ်ဝင်ကပ်ပါးယောင်များ
Order Diptera မျိုးရင်း ဒိုင်တယ်ရာ တွေထဲမှာ ယင်ကောင်တွေနဲ့ ခြင်တွေ ပါဝင်ပါတယ် ဒီမျိုးရင်းထဲမှာမှ Biological Control မှာ ချန်ထားလို့မရတာတွေက ဖိုးရစ်ယင်ကောင်များ (Family Phoridae) နဲ့ တက်ခီးနစ်ယင်ကောင်များ (Family Tachinidae) တို့ဖြစ်ပါတယ်
ဖိုးရစ်ယင်ကောင်တွေက ပုရွက်ဆိတ်မျိုးနွယ်တွေကို တိုက်ခိုက်တဲ့ ကပ်ပါးယောင်တွေဖြစ်ပြီး လက်တင်အမေရိကမှာ အရေးကြီးတဲ့ ဖျက်ပိုးတစ်မျိုးဖြစ်တဲ့ ရွက်ဖြတ်ပုရွက်ဆိတ် (Leaf cutting ant) တွေကို နှိမ်နှင်းရာမှာ အရေးပါတဲ့အကောင်တွေပါ အမေရိကမှာလဲ အဆိပ်ပြင်းတဲ့ မီးပုရွက်ဆိတ် (Fire ants) တွေကို နှိမ်နှင်းရာမှာ သူတို့ကို အသုံးပြုပါတယ် လူတွေကို အန္တရာယ်ပြုတတ်တဲ့ ပုရွက်ဆိတ်တွေပါ
တက်ခီးနစ်ယင်ကောင်တွေကတော့ မျိုးစိတ်အားလုံးက ကပ်ပါးယောင်တွေဖြစ်ပါတယ် သူတို့ကို Biological Control အတွက် သုံးနေကြပေမယ့် တကယ်လုပ်ဆောင်နိုင်တဲ့အတိုင်းအတာ အပြည့်အဝမသုံးနိုင်သေးဘူး လို့ ဆိုပါတယ် ဒီကောင်တွေက အားလုံးက ကပ်ပါးယောင်တွေ ဖြစ်တာနဲ့အညီ သူတို့ ဝင်ရောက်စွဲကပ်နိုင်တဲ့ လက်ခံကောင်အတိုင်းအတာကလဲ ကျယ်ပြန့်ပါတယ် အင်းဆက်တွေသာမက ခရုပက်ကျိတွေမှာပါ ဝင်ရောက်စွဲကပ်နိုင်ပါတယ် အပူပိုင်းဒေသမှာ ပဲပိစပ်ပင်တွေမှာ ကျရောက်တတ်တဲ့ ဘဂ်ပိုး (bugs) အစိမ်းကောင်တွေကို ဝင်ရောက်စွဲကပ်မှု အတိုင်းအတာ မြင့်မားပြီး ဖျက်ပိုးအရေအတွက်ကို သိသိသာသာ လျော့ကျစေနိုင်ပါတယ် အပူပိုင်းဒေသ Biological Control အတွက် ဒီအကောင်တွေကို ပိုပြီး အလေးထားသင့်တယ်လို့ ဆိုပါတယ်
********* ********* *********
အကြမ်းအားဖြင့်ပြောရရင်တော့ ကပ်ပါးယောင် သက်ကြီးကောင်အမက လက်ခံကောင်ရဲ့ ဘဝစက်ဝန်း အဆင့်တစ်ခုခုမှာ (ဥ သို့ သားလောင်း သို့ ပိုးရုပ်ဖုံး သို့ သက်ကြီးကောင် သတ်မှတ်ထားတဲ့ တစ်ခုခုမှာ) လက်ခံကောင်ရဲ့ ကိုယ်ထဲကို ဖြစ်စေ ကိုယ်ပေါ်ကိုဖြစ်စေ အနီးအနားမှာ ဖြစ်စေ လက်ခံကောင် လာနိုင်တဲ့ နေရာတစ်ခုခုမှာဖြစ်စေ ဥတွေကို အုချပါတယ် ဒီ ကပ်ပါးယောင်တွေက လက်ခံကောင်ကို ရှာဖွေရာမှာ အလွန် အစွမ်းထက်တဲ့အမျိုးတွေ ဖြစ်ပါတယ် သစ်ပင်မှာ တွင်းဖောက်ပြီး အုထားတဲ့ ဥ ကြီးထွားနေတဲ့သားလောင်း ပဲ အစရှိတဲ့ အစေ့အဆန်တွေထဲမှာ ဝင်ရောက်ကြီးထွားနေတဲ့အကောင်ဖြစ်စေ ရှာဖွေနိုင်ပါတယ် ဒီဥတွေက သားလောင်းတွေ ပေါက်လာတဲ့အခါမှာ လက်ခံကောင်ရဲ့ တစ်သျှူးတွေကို စားသုံးပြီးကြီးထွားပါတယ် ဒီကောင်တွေ သတ်မှတ်ထားတဲ့ အဆင့်တစ်ခုမှာ လက်ခံကောင်ကို စွန့်ခွာပြီဆိုရင်တော့ ဒီအကောင်က ဆက်လက်ရှင်သန်နိုင်စွမ်းလုံးဝမရှိတော့ပါဘူး တစ်ခါတစ်လေမှာ ဥ အုချချိန် သို့ ဥ အုချကာနီးမှာ ကပ်ပါးယောင်က လက်ခံကောင်ကို အဆိပ်ဆူးနဲ့ထိုးပြီး သေအောင် သို့ အကြောသေအောင် လုပ်တာမျိုးလဲ ရှိပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ကပ်ပါးယောင်သားလောင်းတွေ လက်ခံကောင်ကို ထားခဲ့ချိန်မှာတော့ သေတာ သေချာပါတယ်
(ဆက်ပါအုံးမည်)
written by; wai aung chang myo

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...