Thursday, January 18, 2018

ပရိသတ်တွေကြား ရေပန်းစားသွားတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကဖြစ်ရပ်တစ်ခုအန်ဂျလီနာဂျိုလီ၊ ဂျနီဖာအန်နစ္စတန်နဲ့ ဒက်ကိုတာဂျွန်ဆင်တို့ရဲ့ဖြစ်ရပ်လေးပါ။ JOLEI...

အန်ဂျလီနာဂျိုလီ၊ ဂျနီဖာအန်နစ္စတန်နဲ့ ဒက်ကိုတာဂျွန်ဆင်တို့ရဲ့ဖြစ်ရပ်လေးပါ။အနုပညာထူးချွန်ဆုပေးပွဲတွေမှာ ဆုပေးပွဲထက် ဖက်ရှင်ဒီဇိုင်းတွေနဲ့ ပွဲမှာ ဖြစ်တဲ့ အခြား ပုဂ္ဂိုလ်ရေး ဖြစ်ရပ်တွေကို ပရိသတ်က ပိုပြီး စိတ်ဝင်စားလေ့ရှိပါတယ်။ ဒီနှစ် ရွှေကမ္ဘာလုံးဆုပေးပွဲမှာ နာမည်ကြီးသွားတဲ့ ဖြစ်ရပ်တစ်ခုကတော့ ထိပ်တန်းမင်းသမီး ၃ လက် ပါဝင်နေပါတယ်။ဘရက်ပစ်ရဲ့ ဇနီးဟောင်းတွေဖြစ်တဲ့ အန်ဂျလီနာဂျိုလီနဲ့ ဂျနီဖာအန်နစ္စတန်တို့ဟာ ၂၀၁၈ ဇန်နဝါရီလ ၇ ရက်ညက အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပတဲ့ ရွှေကမ္ဘာလုံးဆုပေးပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးကို ၂၀၁၅  ခုနှစ် Critics Choice ဆုပေးပွဲပြီးနောက် တစ်မိုးအောက်ထဲမှာ ပထမဆုံး အတူမြင်တွေ့ရတာလည်း ဖြစ်ပါတယ်။ဘရက်ပစ်နဲ့ ဂျနီဖာအန်နစ္စတန်ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်ကတည်းက ကွာရှင်းခဲ့တာ ဖြစ်ပေမဲ့လည်း လူတွေက သူတို့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု ပြင်းထန်နေတုန်းဖြစ်ပြီး အဲဒီထဲမှာ Fity Shades မင်းသမီး ဒက်ကိုတာဂျွန်ဆင်လည်း ပါဝင်နေခဲ့ပါတယ်။အဲဒီညက ဂျနီဖာက စင်ပေါ်တက်ပြီး နာမည်ကျော် ဟာသသရုပ်ဆောင် Carol Brunett ကို ဆုပေးစဉ်မှာ ဒက်ကိုတာဂျွန်ဆင်က အန်ဂျလီနာဂျိုလီရဲ့ တုံ့ပြန်မှုကို စိတ်ဝင်တစားကြည့်နေတာကို ရုပ်မြင်သံကြားကြည့် ပရိသတ်များက သတိထားမိခဲ့ကြပါတယ်။ဒက်ကိုတာက လည်လိမ်ပြီး မကြည့်မိအောင် သတိထားပြီး စားပွဲရဲ့တစ်ဖက်ထိပ်မှာ ထိုင်နေတဲ့ ဂျိုလီကို မျက်လုံးလေးစွေပြီး ကြည့်နေခဲ့တာပါ။ အမေရိကန်မင်းသား Armie Hammer ရဲ့ ဇနီး Elizabeth Chambrs ကလည်း ဂျိုလီ့ကို တည့်တည့်ကြီးကို ကြည့်နေတာပါ။ဒီမြင်ကွင်းက တွစ်တာမှာ ပြောစမတ်ပြုစရာတစ်ခုလို ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ ဆယ်လီတွေဆိုပေမဲ့လည်း သာမန်လူတွေလို စပ်စုချင်စိတ်လေးကတော့ ရှိနေတာကို ပရိသတ်တွေက သဘောတကျ ဖြစ်နေကြတာပါ။မနှစ်က ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ခေတ်စားသွားတဲ့အကြောင်းအရာလေးကတော့ လေဒီဂါဂါက ဆုယူဖို့ ထွက်လာချိန်မှာ လီယိုနာဒိုရဲ့တံတောင်ဆစ်ကို တိုက်မိသွားလို့ လီယိုနာဒိုက လေဒီဂါဂါကို ကြည့်လိုက်တဲ့ အကြည့်ဖြစ်ပါတယ်။အဲဒီတုန်းက လေဒီဂါဂါက သွေးစုပ်ဖုတ်ကောင်ဇာတ်ရုပ်နဲ့ ရွှေကမ္ဘာလုံးဆုရခဲ့တာဖြစ်လို့ သူမကို လီယိုနာဒိုတောင် လန့်သွားတယ်လို့ လူတွေက ဟာသလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။“ကျွန်တော့်ကို ဘာက တိုက်သွားမှန်းမသိလို့ အဲဒီလိုဖြစ်သွားတာပါ” လို့ လီယိုနာဒိုက သူ့ရဲ့ထိပ်လန့်သလို အကြည့်နဲ့ ပတ်သက်ပြီး ပြန်ဖြေရှင်းခဲ့ဖူးပါတယ်။

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...