Thursday, January 18, 2018

မင်းသမီးဖြစ်ရတဲ့ ဒုက္ခတွေကို ပြောပြီး ငိုကြွေးခဲ့တဲ့ မွန်ဂန်ယောင်းတခြားသူကို မုန်းလို့မရတော့ ကိုယ့်ကိုယ်ကိုပဲ မုန်းခဲ့တယ်တဲ့။STRESS OF ACTOR...

တောင်ကိုရီးယားမင်းသမီး မွန်ဂန်ယောင်း (Moon Geun Young) က မင်းသမီးတစ်ယောက်ရဲ့ဘဝနဲ့ လူတွေက သူမကို ဘယ်လိုတွေ ဝေဖန်တယ်ဆိုတာကို ပြောရင်း မျက်ရည်တွေ စီးကျလာခဲ့တာ ဖြစ်ပါတယ်။မွန်ဂန်ယောင်းဟာ EBS Knowledge Channel e မှာ မင်းသမီးတစ်ယောက်ရဲ့ အခက်အခဲတွေနဲ့ အတွေ့အကြုံတွေကို ဝေမျှခဲ့တာပါ။သူမ သရုပ်ဆောင်စလုပ်တော့ အသက် ၁၂ နှစ်သာ ရှိသေးပြီး အခုဆိုရင် မွန်ဂိုယောင်းရဲ့ အနုပညာသက်တမ်းက အနှစ် ၂၀ ခန့်တောင် ရှိနေပါပြီ။ တခြားသူတွေရဲ့ဝေဖန်ပြောဆိုမှုတွေအောက်မှာ ကြီးပြင်းလာရတဲ့ဘဝက ဘယ်လိုလဲလို့ အင်တာဗျူးမှာ သူမကို မေးမြန်းခဲ့ပါတယ်။"ကျွန်မ အကြောက်ဆုံးကတော့ လူတွေနဲ့ တွေ့တဲ့အချိန်မှာ ကျွန်မက သူတို့ကို ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်ပေမဲ့ သူတို့က ကျွန်မကို သူတို့နဲ့သိတယ်လို့ ထင်တယ်။ ကျွန်မက သူတို့ထင်ထားတာနဲ့ ဘယ်လိုမတူဘူးဆိုတာကို အလွယ်တကူပြောကြတယ်။ သူတို့က ကျွန်မနဲ့ မသိပေမဲ့ ကျွန်မက ဘယ်လိုလူမျိုး ဖြစ်ရမယ်ဆိုတဲ့ သူတို့အထင်အပေါ်အခြေခံပြီး ကျွန်မကို အကဲဖြတ် ဝေဖန်ကြတယ်" လို့ မွန်ဂန်ယောင်းက ပြောပါတယ်။အဲဒီဝေဖန်ပြစ်တင်မှုတွေကနေ သူမကိုယ်သူမ ဘယ်လိုကာကွယ်ခဲ့တယ်ဆိုတာကိုလည်း မွန်ဂန်ယောင်းက ပြောပြခဲ့ပါတယ်။"သူများတွေ ကျွန်မကို ပြောဆိုလာရင် နာကျင်မှုမရှိစေဖို့ လူတွေက ဒီလိုပါပဲလို့ ကျွန်မ တွေးလိုက်တယ်။ လူတွေက ဘာကြောင့် အလျင်အမြန်သုံးသပ်ပြောဆိုကြတာလဲလို့ ကျွန်မတွေးမိတယ်။  သူတို့အလုပ်များလို့ပဲဖြစ်မယ်လို့ ထင်တယ်။ တခြားသူတွေကို နားလည်ပေးဖို့အတွက် သူတို့မှာ အချိန်မရှိဘူးလို့ ကျွန်မထင်တယ်လေ" လို့ မွန်ဂန်ယောင်းက ပြောပြခဲ့ပါတယ်။အဲဒီနောက် ဘယ်သူ့ကို မုန်းဖူးလဲလို့ မေးခံရချိန်မှာတော့ မွန်ဂန်ယောင်းက သူမကိုယ်သူမ မုန်းခဲ့ဖူးကြောင်း ပြောပါတယ်။ သူမကိုယ်သူမ မုန်းခဲ့တဲ့အချိန်အကြောင်း ပြောချိန်မှာတော့ သူမ မျက်ရည်တွေ ကျလာတာ ဖြစ်ပါတယ်။"အခု ကျွန်မကိုယ်ကျွန်မ မမုန်းတော့ပါဘူး။ ကျွန်မဘဝမှာ အခြားသူတွေ အများကြီးရှိတယ်။ အဲဒီသူတွေက ကျွန်ဘဝကို အများကြီးလွှမ်းမိုးနေတယ်။ သူတို့ကို မုန်းလိုက်မယ်ဆိုရင် ပိုလွယ်တာပေါ့။ ဒါပေမဲ့ ကျွန်မမမုန်းနိုင်ဘူး။ အဲဒါကြောင့် ကျွန်မကိုယ်ကျွန်မ မုန်းပစ်လိုက်တယ်။ ဒါပေမဲ့ အခုတော့ အရာရာက ပြောင်းလဲသွားပါပြီ။ အခု ကျွန်မ စိတ်ထားတတ်နေပြီ" လို့ မွန်ဂန်ယောင်းက ရင်ဖွင့်ခဲ့ပါတယ်။အသက် ၃၀ အရွယ် မင်းသမီး မွန်ဂန်ယောင်းဟာ အခုဆိုရင်တော့ အစစအရာရာရင့်ကျက်နေပြီဖြစ်ပါတယ်။"အခုကစပြီး ကျွန်မအကြောင်း လူတွေပြောဆိုတဲ့စကားနဲ့ လွှမ်းမိုးမခံတော့ဘဲ ကျွန်မကိုယ်ပိုင် အတွေး၊ ခံစားချက်နဲ့ ကျွန်မဘဝလေးကို ရှင်သန်ချင်တယ်" လို့ သူမက ဆိုခဲ့ပါတယ်။

No comments:

Post a Comment

ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )

ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...