ထောက်ကြံ့လမ်းဆုံမှာ ယာဉ်မောင်းတစ်ဦးကို လူအုပ်စုတစ်စုက ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့ပြီး အခုအခါ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူတွေကို ဖမ်းဆီးရမိထားပြီးလို့ သိရပါတယ်။ယနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က ဦးစိုးသန်းမြင့်ဟာ ထောက်ကြန့်၊ စစ်သင်္ချိုင်းရှေ့အရောက်မှာ ယာဉ်ကြောပိတ်နေခဲ့ပြီး ကားထွက်လိုက်ချိန်မှာ ဘရိတ်အုတ်လိုက်စဉ် ဆိုင်ကယ်သမားမှလည်းမောင်းရန်ပြင်ပြီးမှ ဘရိတ်အုပ်သဖြင့် လန့်သွားပြီး ဆိုင်ကယ်သမားများမှ ဆဲဆိုခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ထောက်ကြန့်လမ်းဆုံနားအရောက်မှာ ဆိုင်ကယ်သုံးစီးဟာ သူ့ရဲ့ကားရှေ့မှ ပိတ်ရက်ပြီး လူငါးဦးက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဝိုင်းဝန်းထိုးကြိတ်ခံရမှုကြောင့် ဦးစိုးသန်းမြင့်ဟာ ဖူးယောင်ဒဏ်ရာတွေ ရခဲ့ပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးမှ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ နှင့် ထောက်ကြန့်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းခဲ့ရာမှတဆင့် ပြစ်မှုကျူးလွန်သူ အမျိုးသားငါးဦးကို သုံးနာရီအတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူတွေစီးနင်းတဲ့ ဆိုင်ကယ်တွေဟာ လိုင်စင်မဲ့ ဆိုင်ကယ်တွေ ဖြစ်နေတဲ့အတွက် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့လည်း ဆက်လက်အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment