EM5 ပြုလုပ်ဖို့ EM အီးအမ်ပြုလုပ်ပြီးသား ရှိရပါမယ်။ အဲ့ဒီအကြောင်းကိုတော့ သတ္တလောကအကျိုးပြု အီးအမ်ဆောင်းပါးမှာ လေ့လာပါ။
လိုအပ်ပစ္စည်းများ
၁။ ထန်းလျက်ရည်၊ သကာရည် သကြားရည် ၁၀၀ စီစီ
၂။ ရှာလကာရည် ၁၀၀ စီစီ
၃။ ခေါင်ရည်၊ ဘီယာ၊ အရက်ဆီ ၁၀၀ စီစီ
၎။ ပြုလုပ်မည့် အပင် ၁ကီလိုခန့် ၆၂ကျပ်ခွဲသား
ကျနော့်သဘောအရ ကြက်သွန်ဖြူနဲ့ ဂျင်းအရောကို သုံးသင့်ပါတယ်။ စွယ်စုံသုံးအတွက်ပါ။
၅။ ရေ ၆၀၀ မှ ၁၀၀၀ စီစီ
၂။ ရှာလကာရည် ၁၀၀ စီစီ
၃။ ခေါင်ရည်၊ ဘီယာ၊ အရက်ဆီ ၁၀၀ စီစီ
၎။ ပြုလုပ်မည့် အပင် ၁ကီလိုခန့် ၆၂ကျပ်ခွဲသား
ကျနော့်သဘောအရ ကြက်သွန်ဖြူနဲ့ ဂျင်းအရောကို သုံးသင့်ပါတယ်။ စွယ်စုံသုံးအတွက်ပါ။
၅။ ရေ ၆၀၀ မှ ၁၀၀၀ စီစီ
ပြုလုပ်နည်း
ထန်းလျက်ခဲကို ပြုလုပ်ပါက မပြစ်မကျဲ ကျိုပါ။
ရေတလီတာဖြင့် ထန်းလျက် ၁၀၀ ဂရမ် ၆ကျပ်သားခွဲကို ကျိုပါက ရေသုံးခွက် ၂ခွက်ကျန်သည်အထိ ကျိုပါ။
ကျိုးပြီး ကြက်သီးနွေးအပူချိန်ရောက်ပါက ရှာလကာရည် အရက်ဆီတို့ထည့်ပြီး သမအောင်မွှေပါ။ ပြီးလျှင် ကြက်သွန်ဖြူ ၃၀ သား ဂျင်း ၃၀ ကျပ်သားကို နုတ်နုတ်စင်းပြီး ထည့်ပါ။
ထည့်မည့်စဥ့်အိုး ၄ပုံ ၁ပုံ ၅ပုံ ၁ပုံခန့်သာ လေဟာနယ် ထားပြီး ၁ရက်ခန့်စိမ်ပါ။

နောက်ရက်တွင် အီးအမ် ၁၀၀ စီစီ ထည့်မွှေပါ။
၁ရက်၁ခါ ဖွင့်ပြီး လေထုတ်ပေးပြီး မွှေပေးပါ။ နေပူမှာ မထားရပါ။ ပလက်စတစ်အမဲ ဖြင့် လုံအောင်စည်းပါ။
ပျော်ရည်က pH 4 လောက် ရပြီဆိုရင် အီးအမ် ၅ ရပါပြီ။ ပုံမှန်အားဖြင့် ၃ပတ် ၄ပတ်ဆို ရပါပြီ။
ရေအဆ ၃၀၀ မှ ၅၀၀ ရောဖြန်းနိုင်ပါတယ်။ ဘယ်သီနှ့မဆို မှိုသတ် ပိုးသတ်အာနိသင်အတွက် သုံးနိုင်ပါတယ်။
ခင်မင်တဲ့
ကိုဝေအောင်
စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး
၁၇ ဇန်နဝါရီ ၂၀၁၆
ကိုဝေအောင်
စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး
၁၇ ဇန်နဝါရီ ၂၀၁၆
No comments:
Post a Comment