Sunday, March 4, 2018
ဖြစ်ရလေ မြန်မာပြည် မြန်မာပြည်mr…
ရောင်ပြန်ဟပ်တဲ့ ကျောက်တုံးကို နေရောင်ထိုးတော့
ချက်ချင်းပြေးပြီး ဦးချတယ် ။
ထင်းခုတ်ရင်း ပင်စည်ကသူ့သဘာဝနဲ့သူ
အကွက်ပေါ်လာတာကိုလဲ အိမ်ထိယူသွားပြီးဦးချတယ်။
လွင့်ချင်ရာလွင့်တဲ့တိမ်က
ကြည့်တဲ့သူအမြင်မှာ ပေါ်ချင်တဲ့ပုံပေါ်တာကိုလဲ
မော့ကြည့်ပြီးလက်အုပ်ချီတယ်။
တောင်တစ်လုံးတွေ့ရင်လည်း
အပြေးလေးတက်ပြီး ဘုရားတည်လိုက်ရမှ။
တစ်နှစ်ပတ်လုံး အမြတ်ကြီးစား မတန်တဆစီးပွားရေးလုပ်
ရှိတဲ့ဝန်ထမ်းတွေကို နွားလိုခိုင်းသန့်ရှင်းတဲ့ဝင်ငွေလား ဘာလား
ပြန်ပြီးတော့သုံးသပ်မကြည့်ဘူး။
တစ်နှစ် ဝင်သမျှ င်ငွေရဲ့ဆယ်ပုံတစ်ပုံလောက်သုံးပြီး
စတုဒီသာကျွေးသလိုလို အလှူလုပ်သလိုလို
လုပ်လိုက်တာနဲ့သူတော်ကောင်းဖြစ်သွားပြီတဲ့။
အမျိုးတစ်ယောက် ဆေးကုဖို့ ငွေကြေး၁၀၀၀၀လောက်ထောက်ပံ့မယ့်အစား
တစ်သိန်းလောက် ဘုရားမှာသွားလှူပြီး နေကောင်းပါစေလို့
ဆုတောင်းပေးနေချင်တဲ့သူက တပုံကြီး။
(ဘုရားကဘယ်အချိန်ကယ်မလဲမသိ။
လောလောဆယ်တော့ ဟိုကလူကဆေးဖိုးမတတ်နိုင်လို့
ဆေးတောင်မသောက်နိုင်
ဘုရားဆင်းတုနားမှာ အေးပြီးခြောက်သွေ့လို့မြွေတွေဘာတွေများဝင်ခွေမိရင်
အဲ့မြွေက Auto နတ်မြွေသူတော်ကောင်းမြွေ ဖြစ်ပြီ။
သူတော်ကောင်းမြွေဖြစ်လို့ အဲ့မြွေကံကောင်းပြီမထင်နဲ့
အတင်းပါးစပ်ဆွဲဖြဲပြီး နွားနို့တွေ လောင်းထည့်
ပြီးရင်အလှူခံပါပြီဘုရားစောင့်မြွေအတွက် ကျွေးမွေးစရိတ် ဘာညာအနေအထား။
( မယုံမရှိနဲ့ ဘုန်းကြီးကျောင်းတွေကိုစည်းရုံး
မြွေအကောင် ၅၀ ကျော်မွေးထားတဲ့ သူကကောက်လို့ ရတဲ့ အလှူငွေအပေါ်မှာ
ရှယ်ယာ တစ်ယောက် တစ်ဝက်စား စနစ်နဲ့မြွေဘုရားတွေ မြန်မာပြည်မှာအများကြီး . . .)
(မြွေကတနေ့ ဘာမီတွန် ၃ လုံးလောက် ပုံမှန်ကျွေးထားလိုက်ရင်
ဘယ်ကိုမှ ထွက်မပြေးတော့ဘူး တဲ့ . . .ဘိန်းမှိန်းသလို ငြိမ်နေတာ
သေသွားလည်း လုံးပတ်တူအရွယ်တူ အရောင်တူကအဆင်သင့်
ချက်ချင်းလဲ ပေးသတဲ့)
မနက်ဖြန်အလှူရှိရင်ဒီနေ့ကတည်းကချက်ရင်းပြုတ်ရင်း
တစ်ရပ်ကွက်လုံးကြားအောင် မနောနဲ့PSY တွေအပီဖွင့် ။
(အလဲ့ … စဖွင့်တုန်းကတော့ နမော … နမော … နမော နမော …တဲ့…… ကြာလာတော့နမောကနေ မနောဖြစ်သွားရော)
ဘယ်လောက်လှူလှူ ၂၀၀ လှူလဲ “အလှူ့ဒါယကာကြီး ဘလာဘလာမှ
အလှူငွေ ၂၀၀ကျပ်ကို စေတနာသဒ္ဒါတရားထက်သန်စွာဖြင့်”
ဆိုပြီးမိုက်ကြီးနဲ့ကျုံးအော်ပတ်ဝန်းကျင်မှာ
နေမကောင်းတဲ့ သက်ကြီးရွယ်အိုတွေရှိတာမသိ။
အမျိုးဘာသာသာသနာအတွက်အထူးဟောမယ့်တရားပွဲကြီး။
ဖြစ်မြောက်ရေး တာဝန်ခံကိုတင်မောင်။
ဆရာတော်ရောက်လာတော့သွားပင့်ကြတာက
Barcelona အသင်းဖလားရလို့ အောင်ပွဲခံလာသလားထင်ရတယ်။တဝူးဝူးတဝေးဝေးနဲ့။
တကယ်လဲတရားပွဲစရောစင်အောက်မှာ
အမျိုးသမီးနဲ့ကလေးတွေကငုတ်တုတ်လေးတွေလက်အုပ်ချီရင်းငိုက။
အမျိုးကောင်းသားများကတော့ အော်တိုမက်တစ် Security တွေ Guard တွေဖြစ်။
ဆေးလိပ်လေးတွေတဖွာဖွာ၊ကွမ်းလေးတပြစ်ပြစ်။
အိမ်မှာရှိတဲ့ဘုရားစင်ကဆင်းတုတော်ထက်
မန္တလေးပုဂံညောင်ဦးကျိုက်ထီးရိုးကဘုရားဆင်းတုတွေက
ပိုပြီးတန်ခိုးကြီးပြီးဆုတောင်းပြည့်တယ်တဲ့။
ဟုတ်ပါပြီဘယ်နားမှာဘုရားတွေ့တွေ့ ပြေးပြီဦးချ ပြီးလဲပြီးရော …
ကျွန်တော့်ခရပ်ရှ်ကအဖြေအမြန်ပြန်ပေးပါစေဘုရား…တဲ့
ကောင်းမှုကဖြင့် လုပ်ရသေးဘူး
ဘုရားကိုလူမှုရေးအကျိုးတော်ဆောင်များမှတ်နေသလားမသိ
ကျွန်တော်မျိုးဘာလိုချင်ပါသည်ဆိုတာကအရင်။
ဘုရားလောင်းမျောက်မင်းဘဝက
ဘုရားလောင်းဆင်မင်းဘဝကဘလာဘလာ. . .
Free style ရွတ်လဲဟုတ်မဟုတ်မသိ
ဘယ်ကျမ်း ဘယ်စာမှာ ပါမပါမသိ
ဘုရားလို့သာဟြေလိုက် အကုန်ယုံပြီ။
အသံမစဲပဋ္ဌာန်းပွဲတဲ့
ဘေးနားမှာ အိပ်ယာထဲလဲ နေတဲ့လူမမာကိုမှမညှာ
အဲ့ဒီအချိန်ရောက်ပြီဆိုအနားရှိတဲ့အိမ် ၇ ရက်လုံးလုံးအိပ်ရေးပျက်ပြီ။
နောက်ပြီး ဘုရားတရားကိစ္စနဲ့ပက်သက်ပြီးမရှင်းတာမေးမေး
ဝေဖန်တာဟြေဟြေ. . . .
ဘုရားတရားနဲ့ပတ်သက်ပြီးမကောင်းတာတခုခု ဟြေမိရင်
ကိုယ့်ဖက်ကပညာပါပါနဲ့ ဖြေရှင်းမယ့်သူကိုမမျှော်နဲ့ . .
ယောကျာ်းဆိုဖာခေါင်း
မိန်းမဆိုဖာသည် Auto အပြောခံရပြီ။
(ဓမ္မန္တရာယ် လို့ ချက်ချင်း နာမည်တပ်ပြီ)
ကိုယ်တကယ်သိစေချင်တာက ဘယ်ဘာသာဖြစ်ဖြစ် ဘုရားတရားကိုစိတ်ထဲကနေ
တကယ်လေးလေးစားစား ကြည်ကြည်ညိုညို ယုံကြည်ကိုးကွယ်။
အပေါ်ယံ အလှူဘာညာသာရကာတွေနဲ့ “ဟန်” မလုပ်နဲ့။
ဖိုးသူတော်
Subscribe to:
Post Comments (Atom)
ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )
ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...
-
အခန်း၁။ ဇာတ်ကောင်များနှင့်မိတ်ဆက်ပေးခြင်း။ ကိုရင်ဦးမောင် အိမ်ထောင်ပြုတော့ အသက်က ၂၇ ရှိပြီ။ ဘာဖြစ်လို့ အဲလောက်တောင် အချိန်ဆွဲနေခဲ့မိလဲ ဆိုေ...
-
ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...
-
ရဲဆိုး part 2..( ပန်းရိုင်း ) ရဲမှူး ဟန်သာကျော်သည် သူ ရိုက်ထားတဲ့ စနေမ ရဲ့ ဓါတ်ပုံတွေကို သူ့ဖုန်းထဲမှာ ကြည့်နေသည် ။ ကုတင်ပေါ်မှာ ပက်လက် လွဲေ...
No comments:
Post a Comment