Saturday, March 3, 2018
uruht
Organic သမားဖြစ်လို့ ဒီနည်းပဲပြောမယ်။
ကျနော်တို့ နည်းက ပိုးတွေကို မသတ်ဘူး။ ပြေးအောင်လုပ်တယ်။ အနံ့နဲ့ မလာအောင် လုပ်တယ်။
ကိုယ်စိုက်တဲ့အပင်ကို ပိုးကျမယ့်အစား တခြားအပင်တပင်ကို ပြောင်းပီး အစားထိုး ကျစေတယ်။ ပြီးတော့ ပိုးတွေ မျက်စိလည်အောင်လုပ်တယ်။ တခြားတနေရာကနေ စွဲဆောင်တယ်။ ပြီး ဖျက်ပိုးတွေကို နှိမ်နင်းပေးမယ့် သားရဲ အင်းဆက်ပိုးတွေ များပြားလာအောင် စွဲဆောင်တယ်။ Biodiversities လို့ခေါ်တဲ့ မျိုးဗီဇမတူကွဲပြားများပြာစေခြင်းဖြင့် ပတ်ဝန်းကျင်ဂေဟစနစ်ကို ဟန်ချက်ညီညီ ထိန်းညှိစေတယ်။
ပြန်ရှင်းမယ်နော်။ ပြေးအောင်လုပ်တယ်ဆိုတဲ့နေရာမှာ အနံ့အနေနံ့ ဖျက်ပိုးတွေ မခံနိုင်အောင် ဖြန်းပေးတယ်။ ဥပမာ- တမာပိုးသတ်ဆေး၊ ငါးအမိုင်နိုအက်စစ်၊ သစ်ဗီနီဂါ (၀ါးပေါင်းခံရည်) ပြုလုပ်နည်းတွေကို ကျနော့်ဆောင်းပါးတွေမှာ ရှာဖတ်ကြည့်နိုင်တယ်။ လုပ်ရခက်ခဲမယ်ဆိုရင် တမာကို စိုက်ပျိုးရေးကထုတ်တယ်။ အဆီလာတယ်။ အရည်လာတယ်။ အဆီက ဈေးပိုများပြီး ပိုကောင်းတယ်။ ဖြန်းနည်းတော့ အဲ့ဒီမှာပဲ ကြည့်တော့။ သစ်ဗီနီဂါကို ရှမ်းမောမြေက ရွက်စိမ်းဆိုပြီး ထုတ်တယ်။ မာလာမြိုင်က Black Jade ဆိုပြီး (၀ါးပေါင်းခံရည်) ဂျပန်နည်းပညာဆိုပြီး တင်သွင်းတယ်။ မာလာမြိုင်က ဈေးပိုပေမယ့် နဲနဲ quality ကောင်းတယ်။ ငါးအမိုင်နိုကတော့ လုပ်ရတာလွယ်တယ်။ စာသာဖတ်ကြည့်တော့ဗျာ။
နောက်တနည်းက အသံနံ့ပြေးအောင်လုပ်တယ်။ မနက်ခင်းမှာ ငှက်အော်သံလေးတွေကို အပင်တွေကြားမှာ အသံလွှင့်ပေးနိုင်ရင် ဒီသာယာတဲ့ ငှက်သံကြောင့် အပင်တွေ လန်းစန်းပြီး stomata အပေါက်လေးတွေ ပွင့်ပြီး ရွက်ဖြန်းဆေး ဖြန်းပေးရင် အပင်တွေ ပိုပြီး စုပ်ယူနိုင်စွမ်း ပိုများတဲ့အပြင် ဒီငှက်သံကြောင့်ပဲ ဖျက်ပိုးတွေ ကြောက်လန့်ပြီး ပြေးကုန်တယ်။
နောက်ပြီး ညံပင်၊ ပဲတီစိမ်း၊ ပဲပုပ် စတဲ့ အပင်တွေက ပိုးကြိုက်တယ်။ နောက် အညာက ခေါ်တဲ့ ၀ါးလုံးခေါင်းရွက် (ဟင်းနုနယ်အရိုင်း) ပင်ကလဲ ပိုးကြိုက်တယ်ဗျ။ အဲ့လို အပင်တွေကို ကိုယ်အဓိကစိုက်မယ့် အပင်နဲ့ သိပ်မဝေးမနီး ရွက်အုပ်လွတ်ရုံစိုက်ပေးခြင်းဖြင့် ကိုယ့်အပင်ကို စားမယ့် အစား သူ့ကို စားစေတယ်။
နောက်ထပ် အရေးကြီးတာက အပင်တွေကို စိုက်ပျိုးရာမှာ ကိုယ်အဓိကထား စိုက်ပျိုးတဲ့ အပင်တမျိုးထဲ မစိုက်ဘဲ ရာသီအလိုက် သူ့ဒေသအလိုက် ဘေးက ကြားညှပ်ပြီး စိုက်သင့်တယ်။ ပဲအမျိုးမျိုးကို စိုက်ဖို့ အကြံပြုတယ်။
ပဲအမျိုးမျိုးက သူတို့အတွက် လိုအပ်တဲ့ နိုက်ထရိုဂျင်ဓာတ်ကို အမြစ်ဖုတွေကတဆင့် ထုတ်လုပ်နိုင်သလို ပိုလျှံတဲ့ဓာတ်တွေကိုလဲ မြေကြီးအတွင်း ကြွယ်ဝစေလို့ ကိုယ်စိုက်မယ့် အပင်အတွက် အကျိုးရှိစေတယ်။ သစ်မွှေးက ပင်ပိုင်းကြီးထွားမှု လိုအပ်တဲ့ အပင်မို့ နိုက်ထရိုဂျင်ဓာတ် အဓိကလိုပါတယ်။ ဒါ့အပြင် ပိုးတွေကိုလဲ အစားခံအပင်အဖြစ် သုံးနိုင်တယ်။ အရေးကြီးဆုံးက အပင်မျိုးစုံ စိုက်ခြင်းဖြင့် အပင်မျိုး စုံလေလေ၊ ဖျက်ပိုးတွေရဲ့ တိုက်ခိုက်တဲ့ နည်းဗျူဟာ စွမ်းအား လျော့နည်းလေလေပါပဲ။ ပြီးတော့ အရည်အတွက်ပါ နည်းလာပါတယ်။ အပင်တွေကိုလဲ ဒီနှစ်၊ နောက်နှစ် မတူစေဘဲ မရိုးအောင် စိုက်ပေးခြင်းပါ။ မြေအောင်းဖျက်ပိုးတွေ ရဲ့ ရန်အပြင် မှိုတွေရဲ့ ရန်ပါ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
နောက်တခုက ဂန္ဓမာ၊ မေမြို့ စတဲ့ ပန်းမျိုးစုံကို ခြံပတ်လည်မှာ စုံအောင် စိုက်ပေးခြင်းဖြင့် ဖျက်ပိုးကို နှိမ်နင်းပေးမယ့် သားရဲ အင်းဆက်( နဂျီ၊ ပုဇဉ်း၊ ပိတုန်း၊ ဓါးခုတ်ကောင်၊ ရှိခိုးကောင် စတဲ့) တွေ များပြားလာစေပါတယ်။
အခုပြောမယ့်နည်းကတော့ နောက်ဆုံးနည်းပါ။ ညဘက်မှာ မီးအိမ်တွေကို ခြံထောင့်တွေမှာ ချိတ်ဆွဲခြင်းအားဖြင့် ဖျက်ပိုးအမတွေ မီးတိုးသေဆုံးပြီး အကောင်ပေါက်ဖွားမှုနည်းစေပါတယ်။ နောက်ပြီး အမဟော်မုန်းတွေ ထုတ်လွှတ်ပေးတဲ့ sticker ပြားလေးတွေကို ခြံရဲ့နေရာအနှံ့ထားပေးခြင်းဖြင့် အဖိုကောင်တွေကို ကပ်ပြီး သေစေပါတယ်။
တကယ်တော့ အပင်မျိုးစုံလေ၊ ဇီဝဂေဟစနစ်စုံလင်ပြီး သားမျိုးစုံ ဖြစ်လာကာ ခြံအတွင်း သြဂဲနစ်လဲ သုံးမယ်ဆိုရင်ပေါ့လေ။ တီကောင်၊ anthropods၊ သားရဲအင်းဆက်၊ ကျေးငှက်တွေ အလိုလို ပေါကြွယ်လာပါလိမ့်မယ်။ ဒါဆို ကိုယ်လုပ်မယ့်အစား သဘာဝတရားကပဲ ချိန်ခွင်လျှာညှိသွားမယ်ဆိုတဲ့အကြောင်း ပြောကြားရင်း သတ္တ၀ါတွေ သတ်ဖြတ်ခြင်းက ကင်းဝေးနိုင်ကြပါစေ။ ။
စေတနာများစွာဖြင့်
ကိုဝေအောင်
စိမ်းလန်းသစ်မွှေး ရောင်းဝယ်ရေး
Subscribe to:
Post Comments (Atom)
ရဲဆိုး ဇာတ်သိမ်းပိုင်း( ပန်းရိုင်းwrite: )
ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...
-
အခန်း၁။ ဇာတ်ကောင်များနှင့်မိတ်ဆက်ပေးခြင်း။ ကိုရင်ဦးမောင် အိမ်ထောင်ပြုတော့ အသက်က ၂၇ ရှိပြီ။ ဘာဖြစ်လို့ အဲလောက်တောင် အချိန်ဆွဲနေခဲ့မိလဲ ဆိုေ...
-
ကုတင်စောင်းမှာ ဖင်ပူးတောင်း ထောင်ပေးထားတဲ့ စနေမကို ကုတင်အောက် ကြမ်းပြင်မှာ မတ်တပ်ရက်ပြီး ဆောင့်ထည့်နေတဲ့ စိုးရအောင်သည် ဆက်တိုက် အကြိမ် တရာကေ...
-
ရဲဆိုး part 2..( ပန်းရိုင်း ) ရဲမှူး ဟန်သာကျော်သည် သူ ရိုက်ထားတဲ့ စနေမ ရဲ့ ဓါတ်ပုံတွေကို သူ့ဖုန်းထဲမှာ ကြည့်နေသည် ။ ကုတင်ပေါ်မှာ ပက်လက် လွဲေ...
No comments:
Post a Comment